<15>

3.3K 344 24
                                    

နာကျင်ခြင်းဟူသည် သူနှင့်မသက်ဆိုင်သည့် အရာပါလေ။ ကျွန်တော် အရာအားလုံးကို စွန့်လွှတ်ပေးလိုက်သည်။ သူလည်း လွတ်မြောက်ပါစေ......

ဝင်ခွင့်မရှိသည့် သူ့ကမ္ဘာသည် လင်းသည်၊ မှောင်သည် မသိသော်လည်း.....

သူ ခဏတာ အလည်လာသော ကျွန်တော့် ကမ္ဘာတွင်တော့ သူ စိတ်ချမ်းသာစေရန် သူ ပျော်ရွှင်စေရန် ကျွန်တော် ဖန်တီးနိုင်သင့်ပါသည်။

သူ ခေတ္တ ငဲ့ကြည့်ချိန် ကျွန်တော် ပြုံးနေဖို့က ဘယ်လောက်များ ပင်ပန်းမှာမို့လဲ။

ငါ ပျော်နေပါတယ် NiNi
ငါ အဆင်ပြေနေပါတယ်......

ပြောင်းပြန်စီးဆင်းသော နေ့ရက်များတွင် ကျွန်တော်သည် ပျော်ပျော်နေတတ်သော အပေါင်းအသင်းပေါသော ကျောင်းသား တယောက်ဖြစ်လာသည်။ အကြောင်းပြချက်မရှိ အတန်းတွေ ပျက်ကွက်လာသည်။ ဆေးရုံတစ်ခွင် ခြေရာချင်းထပ်အောင် လှည့်ပတ်တတ်လာသည်။

သိပ်မရီရသော ဟာသတွေကို ရီပေးတတ်လာပြီး...ပထမအချိန်အမြဲမမှီသည့် နောက်ဆုံးတန်းမှ ကျောင်းသားဖြစ်လာသည်။

chanyeol နှင့် wu yifan တို့ တွဲပြီးနောက်ပိုင်း ကျွန်တော့် အတန်းတွင် သိပ်တွယ်တာစရာ မရှိပါချေ။ ထိုအချိန်တွင်တော့ ကျွန်တော်ချစ်ရသူသည် သိပ်ချစ်ရသည့်သူ့ချစ်သူဖြင့် လိမ္မာစွာ အများအားကျစရာ အလိုက်ဖက်ဆုံးစုံတွဲအနေဖြင့် ရှေ့ဆုံးတန်းတွင် ထိုင်နေတတ်ပါသည်။

မာစတာ ဘွဲ့ရနေသော ကျွန်တော့် အပြုံးများတွင် သူစိတ်ချမ်းသာစွာ ရှိနေပါသည်ဆိုလျှင် ကျွန်တော်လည်း ပျော်ရပါသည်။ တခြားအတန်းများတွင်သာ ချာလည်နေပြီး ကိုယ့်အတန်းကို မပြန်ဖြစ်သည်မှာ သူ့တို့ကို မမြင်လို၍ဟု သူသိလျှင် ကျွန်တော့်ကို နားလည်ပေးဦးမည်လားမသိ။ သူသိမည်ဟု ကျွန်တော် ထင်ပါသည်။

ဤသို့နှယ် ကိုယ့်ကမ္ဘာတွင်ကိုယ် သာယာနေသော ကျွန်တော့ဆီ yeon soohee ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါသေးသည်။
kim jongin စာမေးပွဲကျရခြင်းသည် ကျွန်တော့်ကြောင့်ပါတဲ့... ။

"သူ စာမကြည့်ဘူးဆိုလည်း နင်ကပြောလေဟာ...အခုတော့ ငါက နင့်ကိုယုံလို့ လွှတ်ပေးတာကို"

It Isn't Fairy TaleWhere stories live. Discover now