မြတ်နိုးရပါသော… " ငယ် "
ဇွဲပြည့်စုံခေတ်
ဘုန်းထက်ဈာန်မနက်အာရုဏ်တက် မျက်လုံးနှစ်လုံးပွင့်သည်နှင့် ဇွဲ တစ်ယောက်အလုပ်ရှုပ်ရချေပြီ။မနက်တိုင်းစောစောထရသည်မှာလည်း ထိုအနှီကောင်လေးတို့ ဇွဲတို့အိမ်ဘေးကိုပြောင်းလာပြီးကတည်းက…။
ဇွဲ အိပ်ချင်နေစိတ်တို့ကို ဘေးချိတ်ကာ မျက်နှာအမြန်သစ် ပြင်ဆင်ပြီးကာ အိမ်အောက်ထပ်သို့ဆင်းလာခဲ့သည်။
"သား … ဇွဲ မနက်စာလာစားချေ "
အောက်သို့ရောက်သည်နှင့် အမေကဆိုလာသည်။
"အမေ… ဇွဲ မစားတော့ဘူး ဟိုဘက်ခြံသွားဦးမယ် ခုလောက်ဆို ငယ်လေး လည်း ဇွဲကို မျှော်နေလောက်ပြီ … အမေ သိတဲ့အတိုင်း ငယ်လေးက သားကျွေးမှမနက်စာစားတာမလား …"
"ဟုတ်ပါပြီ … သားဇွဲရယ် သွား သွား "
ဇွဲအမေ ဖြစ်သူကတော့ ဇွဲကို အပြစ်တင်စကားတော့မဆိုခဲ့ပါချေ။
ဇွဲအကြောင်းလည်း အမေသိတဲ့အတိုင်း ဇွဲက
ညီလေး ညီမလေးတွေသိပ်လိုချင်မိတာ…
ဒါ့ကြောင့် အိမ်ဘေးက "ဘုန်းထက်ဈာန် " ကျွန်တော့်အခေါ် "ငယ်လေး" သူ့ကိုတအားခင်တွယ်တာ အပြစ်မတင်ခဲ့ခြင်းပင်…။"ငယ်လေးရေ …!"
ဇွဲ အသံပေးလိုက်သည်နှင့် အိမ်ထဲမှ ငယ်လေးအမေဖြစ်သူ ဒေါ်ဖြူပွင့်ဦးက
"သား ဇွဲ လာလေ … ဈာန်က ထမင်းစားခန်းထဲစောင့်နေတယ် "
"ဟုတ် အန်တီ"
ထမင်းစားခန်းထဲရောက်တော့ ထမင်းပန်းကန်ကို ရှေ့ချကာ ဟိုကြည့်ဒီကြည့်လုပ်နေတဲ့ ငယ်လေး …
"ငယ်လေး … ကိုယ်လာပြီ … မနက်စာစားရအောင် "
"ကိုဇွဲ ငယ်လေးက ဗိုက်ဆာနေပြီ ကိုဇွဲကိုစောင့်နေတာ "
"ဟုတ်ပါပြီကွာ … ကိုယ် ခွံ့ကျွေးမယ် "
ဇွဲ ငယ်လေးကို ထမင်းခွံ့ကျွေးနေရင်း ပါးစပ်ထဲ ထမင်းလုတ်ရောက်သွားသည့်အခါတိုင်း ဖောင်းဖောင်းလာသော သူ့ပါးလေးတွေကို ဇွဲအသည်းယားမိ၏။
ထို့ကြောင့် သူ့ပါးလေးကို ဖွဖွလေးဆွဲလိုက်၏