မြတ်နိုးရပါသော " ငယ် "
၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်မှာ ဇွဲ ဒဿမတန်းကျောင်းသားဖြစ်ခဲ့ချေပြီ။
အင်း ... ငယ်လေးကတော့ ၇တန်းကျောင်းသားလေးပေါ့...
ဇွဲရဲ့အမေကတော့ ဆယ်တန်းမို့အရေးကြီးတယ်ဆိုပြီး Border ထားမယ်ဆိုပြီးစီစဉ်ခဲ့တယ် ။
ဇွဲကလည်း လက်ခံဖြစ်ခဲ့ပါတယ်!။
ဒါပေမယ့် အဆင်မပြေတာငယ်လေး...
"ကိုဇွဲနဲ့မခွဲနိုင်လို့ Border မတက်ပါနဲ့ "ဆိုပြီးငိုယိုပြီးပြောလာလေရဲ့...။
ဇွဲလည်း ငယ်လေးငိုနေတာမြင်တော့ စိတ်မကောင်းတာအမှန် ...
နောက်ဆုံး အမေ့ကို လက်ရှိကျောင်းမှာတက်ပြီး Guide ခေါ်ပေးဖို့ပဲပူဆာရပြန်တော့တယ်...။
ငယ်လေးဟာ ဇွဲရဲ့ပညာရေးမှာပါ ချုပ်ကိုင်ခြယ်လှယ်နိုင်သူတစ်ယောက်ပါလေ......။
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
"ကိုဇွဲ ပြီးပြီလား? သွားမယ်လေ "
ငယ်လေးက မနက်တိုင်း ကျောင်းသွားဖို့ ဇွဲအိမ်ကိုလာခေါ်မြဲ။
ငယ်ငယ်ကတော့ ဇွဲကပဲသူ့ကိုကျောင်းသွားဖို့ဆော်သြပေးနေရသည်လေ...။
ခုတော့လည်း အခြေအနေတွေက ဆန့်ကျင်ဘက်ကိုဖြစ်လို့...။
"ငယ်လေး ကိုယ်စာခဏလုပ်ဦးမယ် ခုမှ ၈နာရီ ၁၅ပဲရှိသေးတာ ... ခုံမှာခဏထိုင်နေဦး "
"ဟာ ကိုဇွဲရာ ...ငယ်လေး ကျောင်းမှာဘောလုံးကန်ဖို့ချိန်းထားတယ် စောစောသွားမှဖြစ်မှာ"
သြော် ... တချိန်ကသူ့ကို လူကောင်သေးကွေးလို့ ဇွဲ ကိုယ်တိုင် ဘောလုံးမကန်ဖို့ပိတ်ပင်ခဲ့တာလေးသတိရမိတယ်...။
ခုတော့လည်း ငယ်လေးဟာ လူကောင်ကတော့ထွားပါရဲ့ အရပ်တွေလညိးရှည်လာပါရဲ့ ဒါပေမယ့် ဇွဲထက်တော့ ၃လက်မလောက်ပုမည်ထင်သည်။
သူ့ကို ဇွဲမျက်လုံးထဲ ကလေးလို့ပဲမြင်ထားခဲ့ပေမယ့် ငယ်လေးကတော့ သိပ်ကိုလူပျိုဖြစ်ချင်လွန်းသည်။
အင်းပေါ့လေ ... ငယ်လေးလည်း အသက်အရွယ်နဲ့အမျှပြောင်းလဲတတ်တဲ့လူသားတစ်ယောက်ပဲလေ......။
တချိန်ကျရင် ငယ်လေးအရွယ်ရောက်လာလို့ ချစ်သူတွေဘာတွေများထားခဲ့ရင် သူ့ကို ကလေးလို့ပဲသတ်မှတ်နေတဲ့ဇွဲ ဘယ်လို ဖြေသိမ့်ရပါတော့မလဲ ......။
