မြတ်နိုးရပါသော " ငယ် "
ကိုဇွဲနှုတ်ခမ်းဖျားထံမှ သူမကို သဘောကျတယ်ဟူ၍ ကျွန်တော့်ဆီဖွင့်ဟဝန်ခံလာသည့်အချိန်မှ ကိုဇွဲနဲ့ခပ်ကင်းကင်းနေဖြစ်ခဲ့သည်။
မေးထူးခေါ်ပြောအဆင့်လောက်သာ ရှိနေခဲ့သည်။
ကျွန်တော့်ဘက်ကစ ကိုဇွဲပေါ်အေးတိအေးစက်ဖြစ်သွားခဲ့သလို သူကိုယ်တိုင်ကလည်း ကျွန်တော့်ဖြစိတညိမှုကိုဂရုမမူခဲ့။အခုဆို ကိုဇွဲက မယ်မဒီလင်းဆိုသော သူမနှင့် ချစ်သူဖြစ်နေသည်မှာ တစ်နှစ်နီးပါးပင်ရှိတော့မည်။
ဆယ်တန်းကို ဂုဏ်ထူး ၅ဘာသာနှင့်အောင်သည့်အပြင် အမှတ်ကလည်း ၅၂၀ကျော်သည်မို့ ကိုဇွဲဟာအခုဆို ဆေးကျောင်းသားတစ်ယောက်တောင်ဖြစ်နေချေပြီ…။
အင်း …~ သူမကလည်း ၄ဘာသာ သာထွက်ပေမယ့်လို့ အမှတ်ကောင်းသည့်အတွက် ဆေးတက္ကသိုလ် ( ၂ ) မှာ ကိုဇွဲနှင့်အတူတူပင်…။
အနေနီးလို့ နီးစပ်တယ်ဟုပင်ဆိုရမလား ?
ခုတော့ … သူမနှင့်ကိုဇွဲဟာ ကျောင်းသွားလည်းအတူတူ ကျောင်းပြန်လည်းတူတူအမြဲတပူးတွဲတွဲ…။
အများအမြင်ရှေ့မှာ ဆေးကျောင်းရဲ့ King ဘွဲ့ရထားသူ ကိုဇွဲနဲ့ Princess ဘွဲ့ရထားသူ သူမတို့ဟာ နတ်ဖက်စုံတွဲတစ်တွဲလို…။
သြော် …~ အစစအရာရာပြညိ့စုံပြီး ကြင်ဖက်ပါရှိနေတဲ့ကိုဇွဲကို ကျွန်တော်ဘယ်လိုအင်အားမျိုးနဲ့ရင်ဆိုင်ရပါ့…။
နုနယ်လှတဲ့ ကျွန်တော့် နှလုံးသားကလည်း ခံနိုင်ရည်ရှိမယ်မထင်…။
ဒီလိုအကြောင်းတွေကြောင့် …~ ကိုဇွဲကို ရှောင်နေခဲ့ရတာပါ … ။•°•°°••°•°•°•°•°•°•°•°•••°•°°••
"ဘုန်းထက်ဈာန် !! မင်းငါတို့ကိုအရှက်ခွဲနေတာလားဟမ် … ဘယ့်နှယ့်ကွာ ၂ဘာသာကျရတယ်လို့ လူကြားလို့မှကောင်းရဲ့လား ?"
ကျောင်းကနေ အိမ်ကို ပြန်ရောက်တာနဲ့ ပါးက စဆူတော့သည်။"ကျွန်တော်လည်းရသလောက်ဖြေတာပဲကို ပြီးတော့ဒီလပတ်စာမေးပွဲကအရေးမကြီးပါဘူး ပါးရယ် "
"အေး လပတ်တောင် ၂ဘာသာကျနေတယ် ဆယ်တနိးစာမေးပွဲကြီးဆို မင်းဘာသာစုံကျမလားပဲ ! မင်းအခုတလော ဝေလေလေလုပ်နေတယ်နော် ဘုန်းထက်ဈာန် ! ငါ ဇွဲကိုအကူညီတောင်းပြီး မင်းကိုစာပြခိုင်းမှဖြစ်တော့မယ် "
![](https://img.wattpad.com/cover/104008015-288-k591162.jpg)