အပိုင်း ( ၂၃ )

18.9K 970 103
                                        

မြတ်နိုးရပါသော " ငယ် "

အေးစိမ့်စိမ့်လေပြေနုတို့က  ကျွန်တော့်မျက်နှာပြင်သို့  သက်ညင်းစွာ ပွတ်တိုက်နေ၏။

တဝုန်းဝုန်းနှင့် ပင်လယ်ရေလှိုင်းတို့ကလည်း ကမ်းခြေနှင့် အချိန်အဆမှန်စွာ ရိုက်ခတ်နေ၏။

မဟူရာ မိုးကောင်းကင်ကလည်း အဖော်ဖြစ်သူ လဝန်း, ကြယ်တာရာအစုံတို့နှင့်အတူ ည၏အလှကို အသက်ဝင်နေစေ၏။

ညည့်ငှက်တို့နှင့်အတူ ပုရစ် , ပုစဉ်းရင်ကွဲတို့၏ အော်မြည်သံတို့က ညကိုပိုမိုအသက်ဝင်စေသယောင်။

ဘယ်လောက်တောင် သာယာဖွယ်ကောင်းလိုက်တဲ့  ညဥ့်ဦးယံပါလိမ့် …။
သို့သော် …… အဘယ့်ကြောင့် ကျွန်တော်တစ်ယောက်တည်း အထီးကျန်စွာ တစုံတယောက်သောသူအား လွမ်းဆွတ်နေရပါသနည်း …။

…………………… ⭐⭐⭐  ……………………

သူ ကျွန်တော့်အရှေ့က ပျောက်ကွယ်ခဲ့သည်မှာ ယခုဆို ၂လတိတိပင် ကြာမြင့်နေလေပြီ။
ရန်ကုန်မှာပဲ မမဒီနဲ့ လက်ထပ်လိုက်ပြီလား ဆိုတဲ့အတွေးမျိုးက ကျွန်တော့်စိတ်ကို အချိန်တိုင်းသတ်တယ်။

မားကတော့ ကျွန်တော့်လုပ်ရပ်တွေကို အပြစ်မမြင်ပဲ အိမ်ပြန်လာဖို့ခေါ်ခဲ့ပေမယ့် ကျွန်တော့်ကို စိတ်အကြီးအကျယ်ဆိုးနေတဲ့ ပါးကြောင့် ရန်ကုန်မြေကို ခြေပင်မချခဲ့တော့…။

သူနဲ့ အမှတ်တရတွေများစွာရှိခဲ့တဲ့ ဒီကျွန်းပေါ်မှာပင် အခြေချဖို့ဆုံးဖြတ်လိုက်မိပြီ…။
ပြန်လာခဲ့ပါမယ် ဆိုတဲ့ စက္ကူထက်မှ စာသားတချို့တွေက ဒီနေရာမှာပင်  ကျွန်တော့်ကိုရှိနေစေဖို့ တွန်းအားတစ်ခုဖြစ်ခဲ့တာလည်းပါမည်။

' ကျွန်တော် ခင်ဗျားကိုစောင့်နေတာ … ၂လတိတိ ရှိနေပြီ ကိုဇွဲ …။သေချာပေါက်  ကျွန်တော့်ဆီ လာပေးမယ်မဟုတ်လား …။ '

ဖြူစွတ်စွတ် အနွေးထည်ပါးပါးတစ်ထည်ဝတ်ပြီး ကမ်းစပ်နားမှာ ဆောင့်ကြောင့်ထိုင်မိ၏။
ပင်လယ်ထဲမှ မီးရောင်မှိန်ပြပြ  လှေငယ်လေးတွေများ မြင်မိလျှင် သူများပါလာလေမလား အထင်ဖြင့် တမျှော်မျှော်ဖြင့် စိတ်လှုပ်ရှားနေမိခဲ့၏။
နေ့အလင်းရောင်ရှိသော နေ့လယ်ဘက်ကျပြန်တော့လည်း … အလားတူပင်။
စောင့်မျှော်ခြင်းဆိုသော အတတ်ပညာကို သူထွက်ပြီးကတည်းက ကျွန်တော် ကျွမ်းကျင်ခဲ့ပါပြီ……။

You've reached the end of published parts.

⏰ Last updated: Nov 16, 2017 ⏰

Add this story to your Library to get notified about new parts!

မြတ်နိုးရပါသော..."ငယ်"Where stories live. Discover now