မြတ်နိုးရပါသော " ငယ် "
ပြက္ခဒိန်ပေါ်က နေ့စွဲတစ်ခု " ၆.၆.၂၀၁၅ "
ဒီနေ့က ကိုဇွဲစာမေးပွဲအောင်စာရင်းထွက်မယ့်နေ့…။
ကာယကံရှင် ကိုဇွဲကတော့ မသိ။ ကျွန်တော်တော့တော်တော်ကြီးကိုစိတ်လှုပ်ရှားနေမိ
သည်။
ကျွန်တော် ကိုဇွဲတို့အိမ်ဘက် ကူးသွားကာ Result နဲ့ပတ်သတ်ပြီးစိတ်မပူရန်နှစ်သိမ့်ပေးရဦးမည်။
ကိုဇွဲက Exam Result နဲ့ပတ်သက်ရင်သိပ်ကိုစိတ်လှုပ်ရှားတတ်တာ ဟိုးအရင်ကတည်းက…။
Result ထွက်ခါနီးဆို စိတ်လှုပ်ရှားလို့ပါဆိုတဲ့ ဆင်ခြေတစ်ခုကို လက်ကိုင်ထားပြီး ဘာမှမစားမသောက်တော့တာမျိုး…။
အငိး…~ အခုလည်းအဲ့လိုဖြစ်နေဦးမှာသေချာတယ်…။
"ကိုဇွဲ … ထမင်းလေးဘာလေးစားပါဦးလား အိပ်ရာထဲမှာပဲခွေခေါက်မနေနဲ့လေ "
ကျွန်တော့်ကိုမြင်တော့ ဒုက္ခရောက်နေတဲ့သူ ကယ်တင်ရှင်တစ်ယောက်ကိုတွေ့သလို အားကိုးတကြီးဖြင့်
"ငါစိတ်လှုပ်ရှားနေတယ် ဈာန်… ညညဆိုလည်းအိပ်မပျော်ဘူး Result ကကောင်းပါ့မလား စိတ်ပူတယ်ဆိုကွာ "
"ဟာ ကိုဇွဲကလည်း … ကိုဇွဲ ဂုဏ်ထူးအများကြီးပါမှာ ကျွန်တော်ယုံတယ် ကျွန်တော့်ကိုဇွဲက စာတော်တာပဲဟာ… ထမင်းလေးဘာလေးစားနော် ကိုဇွဲ "
"မစားနိုင်ဘူး … ဒီချိန် ဘယ်လိုလုပ်စားနိုင်မှာလဲကွာ "
"ကိုဇွဲ အဲ့လို တဖက်စွန်းမရောက်လွန်းနဲ့…စားစရာရှိတာစားပေါ့ ကိုယ်ဖြေထားခဲ့တာ ကိုယ်မယုံကြည်ဘူးလား? ဒီည အောင်စာရင်းကပ်ရင်ကျွန်တော်နဲ့တူတူ သွားကြည့်မယ်ဟုတ်ပြီလား?"
"ရပါတယ်ကွာ မင်းအိပ်ရေးပျက်ဦးမယ် မနက်ဖြန်လည်းကျောင်းသွားရဦးမယ့်ဟာ "
"မနက်ဖြန် ကျောင်းပိတ်တယ်လေ ကိုဇွဲရယ် … ကဲ ထမင်းသွားစားတော့…"
"ဟုတ်ပါပြီကွာ ငါ့ကိုလိုက်စိတ်ပူနေတော့တာပဲ ငါကမင်းထက်အကြီးပါကွာ "
"စိတ်ပူတယ်ဆိုတာ ကိုဇွဲကို *ချစ်…-- *"
အဆုံးသတ်နားကစကားလုံးကို တိုးလျစွာ ပြောလိုက်မိသည်။
