မြတ်နိုးရပါသော… "ငယ်"
"ငယ်လေး … ဗိုက်ဆာနေတယ်ဆိုလို့ ရော့ …!"
ဇွဲ ကားပေါ်၌ ငယ်လေးစားရန် Cake တစ်ခုကို ပေးလိုက်သည်။ ငယ်လေး လုံးဝ ဇွဲဘက်ကို လှည့်မကြည့်လာချေ။ ဆန့်ကျင်ဘက်အရပ်ကိုသာ လက်ကိုပိုက်လျက် ကြည့်နေလေသည်။
"ငယ်လေး …"
"………"
"ငယ်လေး ကိုယ့်ကိုစိတ်ဆိုးနေတာလား ?? "
"…………"
"ငယ်လေး ကိုယ်စိတ်မရှည်တော့ဘူးနော် .! ကိုယ်မေးတာဖြေလေ "
"………"
"ကျွတ် ဘုန်းထက်ဈာန် မင်းတကယ် ဆိုးတယ် "
ဇွဲ စိတ်တိုလာသည်မို့ ငယ်လေးနာမည်အရင်းကိုခေါ်ကာ လေသံမာမာနှင့်ပြောလိုက်တော့မှ
"က်ုဇွဲ … ဘာလို့ ငယ်လေးကို လာအော်နေတာလဲ ? ငယ်လေးမှ ကိုဇွဲကျွေးတာမစားချင်တာကို … ကိုဇွဲ တကယ်မကောင်းဘူး …"
"ဒါဆိုလည်း မင်း မစားဘူးဆို မစားဘူးလို့ပြန်ပြောလေ … ပါးစပ်ကိုဘာလို့ပိတ်ထားရတာလဲ …"
"ကိုဇွဲ ငယ်လေးကိုဘယ်လိုခေါ်လိုက်တယ် ?? မင်း ဟုတ်လား … တော်ပြီ ကိုဇွဲ … ကိုဇွဲ ကို မခေါ်ဘူး … ငယ်လေးကိုလည်းလာမခေါ်နဲ့ "
"အေး … ပြီးတာပဲ နောက်မှ ကိုဇွဲ ဆိုပြီး ငါ့ဆီပြန်မလာနဲ့ "
ဇွဲ စိတ်ပေါက်ပေါက်နှင့်သာပြောချလိုက်သည်။ ဇွဲ လည်း ဒီထပ်ပိုပြီးစိတ်မရှည်နိုင်ပါ ။ငယ်လေးကို လိုလ်ုက်လွန်းလို့ ဒီကလေး ဆိုးနေတာ … ဒီတခါတော့ မှတ်လောက်သားလောက်ဖြစ်အောင် လုပ်ပစ်ဦးမည်။
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
နေ့ခင်းဘက် နားချိန်ရောက်တော့ ဇွဲ ထိုကလေးကို စိတ်ပူလာသည်။ မနက်ကလည်း ကျောင်းရောက်တာနဲ့ ဇွဲကို မနှုတ်ဆက်ပဲ ကားပေါ်ကဆင်းသွားသည်။ မျက်နှာကလည်း ညှို့မှိုငိးလို့နေသည်။ ဘယ်လိုပဲ မခေါ်ဘူး ပြောပြော ငယ်လေးဆီကို တစ်ခါလောက်တော့သွားကြည့်လိုက်ဦးမည်။
ဇွဲ ငယ်လေးတို့အတန်းရှေ့ကနေ အတွင်းထဲကို ချောင်းကြည့်မိတော့ ငယ်လေး ထမင်းလည်းမစားပဲ စာရေးစားပွဲခုံပေါ်၌သာ လက်တင်ကာ အိပ်နေသည့်ဟနိ …
သို့သော်လည်း တချက်တချက် သေးငယ်လှတဲ့သူ့ခန္ဓာကိုယ်လေးက တုန်ခါသွားလျက်…။
ဒီလောက်ဆို ဇွဲ ရိပ်စားမိလိုက်ပြီ.…
ဇွဲ ငယ်လေးရှိရာအမြနိသွားလိုက်ပြီး …
