အပိုင်း ( ၄ )

9.4K 803 2
                                    

မြတ်နိုးရပါသော " ငယ် "

"ဈာန် ငါတို့အခန်းထဲ အသစ်ပြောင်းလာတဲ့ ကောင်မလေးက ချောတယ်ကွ "

အတန်းထဲမှာ ဆရာမ မဝင်သေးခင် သူငယ်ချင်းဖြစ်သူ သက်တံ့မောင် က ဖောက်သည်လာချနေသည်။

"ဘယ်သူလဲကွ သက်တံ့ရ "

"ဟာ မင်းကလည်း မသိဘူးလား…?? မှုံနံ့သာခင် လေကွာ … "

"သြော် သိတယ်… သူ့အကြောင်းငါ့ကို ဘာလို့လာပြောနေတာလဲ ?"

"ငါကသူချောကြောင်းပြောပြနေတာပါကွာ…ငါ့သူငယ်ချင်း မင်းကို စွံစေချင်လို့ …"

"နေစမ်းပါ သက်တံ့ရာ …ခုမှ အလယ်တန်းတောင်မပြီးသေးဘူးကို…ပြီးတော့ ငါ ရည်းစားထားရင် ကိုဇွဲ ဆူလိမ့်မယ်ထင်တယိ "

"နားထားစမ်းပါ ဈာန်ရာ မင်းရဲ့ ကိုဇွဲကြီးကို …ညီအစ်ကိုအရင်းတွေလည်းမဟုတ်ပဲနဲ့ ချစ်ပြနေလိုက်တာ သည်းသည်းလှုပ်"

"ကိုဇွဲကို မပြောနဲ့…ကိုဇွဲက ငါ့အတွက်အစ်ကိုရင်းတစ်ယောက်ပိုတယိ…သူကငါ့ကို ဂရုစိုက်ပေးလွန်းတယ်ကွ ဒါတွေပြောလည်းမင်းတို့မသိပါဘူး …"

"ဒါဆိုလည်းမပြောတော့ဘူးသိလား…မင်းလည်း အသက်ကြီးလာရင် မိန်းမ မယူနဲ့တော့ မင်းကိုဇွဲနဲ့ပဲယူတော့"

"ဟာ …ဟေ့ကောင် !"
သက်တံ့စကားကြောင့် ငယ်လေး စိတ်ထဲတစ်မျိုးဖြစ်သွားရသည်။
ရှက်ခြင်းလား ?? ဒေါသဖြစ်ခြင်းလား ?? ကိုယ်တိုင်တောင် ရေရေရာရာမသိခဲ့ပါချေ…။

      •°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°

"ငယ်လေး …"

အိမ်အပြင်ဘက်ကနေ ကိုဇွဲရဲ့ လှမ်းခေါ်သံကြောင့် ငယ်လေး အိမ်ရှေ့ဘက်ကိုပြေးထွက်လာမိ၏။

"ကိုဇွဲ  "

"ဘာလုပ်နေတာလဲ ငယ်လေး "

"အမ် ဟို စာ …စာလုပ်နေတာ ကိုဇွဲ "

"ဟုတ်လို့လား ငယ်လေးရယ်…ကိုယ့်ကိုမညာနဲ့နော် …ငယ်လေးအကြောင်းတွေအကုန် ကိုယ်သိပြီးသား "

"ဟီး Game ဆော့နေတာ "

"စာမလုပ်ဘူးလား ငယ်လေးရဲ့ "

မြတ်နိုးရပါသော..."ငယ်"Where stories live. Discover now