မြတ်နိုးရပါသော " ငယ် "
ဒီနေ့ ဆိုင်ပိတ်ရက်ဖြစ်သည့်အပြင် ကိုဇွဲနဲ့လည်း မတွေ့ဖြစ်တာ နှစ်ပတ်ကျော်ပြီမို့ မရောက်ဖြစ်တာကြာမြင့်ပြီဖြစ်သော သူ့နေအိမ်ဆီသို့ ကျွန်တော် ဦးတည်မိပြန်သည်…။
ပွင့်ဟနေသော ခြံတံခါးတလျှောက်ဝင်လာမိတော့ ခြံအတွင်းစီရရီရပ်ထားသော ကားပေါင်းများစွာ…။
ဘာရယ်မဟုတ် အမှုမဲ့အမှတ်မဲ့ပင်ထားလိုက်မိသည်။" ကို ဇွဲ ! ! ! "
ခေါ်သံနှင့်အတူ အိမ်ထဲဝင်လာမိတော့ မျက်လုံးထောင့်စွန်းမှ မြင်လိုက်ရသည်က ကျွန်တော့်ကိုစိုက်ကြည့်လာသော မျက်ဝန်းစုံတွေ…။
ဘေးဘက်ကိုအာရုံစိုက်မိတော့ လူကြီးတချို့ ထို့ပြင် ရှပ်အင်္ကျိလက်ရှည်နှင့် ပုဆိုးကိုသပ်ရပ်စွာဝတ်ဆင်ထားသော ကိုဇွဲ …။
ပြီး သူ့ဘေးက ပန်းနုရောင်ဝတ်စုံဖြင့် လှချင်တိုင်းလှပနေသော သူမ မယ်မဒီလင်း…။
ဘာတွေလဲ ?? ဘာအခြေအနေလဲ ??အိုး … ဘုရားရေ ကျွန်တော်တွေးနေသလိုမဖြစ်ပါစေနဲ့…။
" ဈာန် … လာလေ သားငယ် "
အန်တီမေ ခေါ်သံကြောင့် သူတို့နားသွားမိတော့ ကိုဇွဲက ကျွန်တော့်ကို ကြည့်မနေ …။
ဧည့်ခန်းထဲ ခင်းထားခဲ့သော နီညိုရောင်ကျောက်ပြားကိုသာ ခေါင်းငုံ၍သာ စိုက်ကြည့်နေ၏။မယောင်မလည် အန်တီမေ့ဘေးသွားထိုင်ကာ
" ဒါဘာလုပ်နေတာလဲ ? "အမှန်ဆို ဒီလိုအခြေအနေကို ကျွန်တော်ရိပ်စားမိဖို့ကောင်းသည်။
တကယ်လညိး ရိပ်စားမိပါသည်။ သို့ပေမယ့် … အတည်ပြုဖို့ မေးခွန်းတချို့နဲ့ ဖြေရှင်းချက်တချို့က အပြင်းထန် လိုအပ်နေသည်မဟုတ်လားလေ…။" သားဇွဲရဲ့ စေ့စပ်ပွဲ သားဈာန်ရဲ့ … သားဇွဲမပြောဘူးလား ဈာန် "
ကျွန်တော့်ဆုတောင်းကို မည်သူကမှ အသိအမှတ်မပြုခဲ့ဘူးထင်သည်…။
" ဟင့်အင်း ! ကျွန်တော် ဒီကိစ္စဘာမှကိုမသိတာ "
"ဟုတ်လား ? ဇွဲ မေ့သွားတာဖြစ်မယ် … အန်တီမေတို့လည်းလောလောနဲ့ စီစဉ်လိုက်ရတာဆိုတော့ "
![](https://img.wattpad.com/cover/104008015-288-k591162.jpg)