Girl...Don't Lie(Part-16)

903 92 21
                                    

Taeyeonဆီက ချစ်​တယ်​ဆိုတဲ့ စကားကို ရုတ်​တရက်​ ကြားလိုက်​​တော့
"ဟင်​.....Tae Tae ဘာ​ပြောတာလည်းဟင်​......"
"Fanyကို ကျွန်​​တော်​ ချစ်​တယ်​လို့...... Fany.... ကျွန်​​တော့်​ကို ဘယ်​လို သ​ဘောထားလည်း ဟင်​...."
Fanyလည်း ​​ဘေးနားက ​ရေခွက်​ကို ​မော့လိုက်​ပြီး သက်​ပြင်း တစ်​ချက်​ ချလိုက်​​တော့ Taeyeonလည်း ထိုင်​​နေရာက​နေ ထပြီး
"ဘာမှမဟုတ်​​တော့ဘူး အခု ​ပြောခဲ့တာ​တွေကို မကြားသလိုဘဲ ဟန်​​ဆောင်​​ပေးပါ....."
"Tae Tae...."
Fanyကို ​ပြောချင်​တာ ​ပြောခဲ့ပြီး Taeyeon တစ်​​ယောက်​ ဆိုင်​အပြင်​ကို ​ပြေးထွက်​လိုက်​သည်​။ ထိုအချိန်​တွင်​ ကားတစ်​စီးက Taeyeonကို ၀င်​တိုက်​ပြီး ထွက်​​ပြေးသွားသည်​။
Fanyလည်း ဆိုင်​အပြင်​ဘက်​ကို ​ပြေးလိုက်​လာ​တော့ လမ်းမ​ပေါ် လဲကျ​နေတဲ့ Taeyeonကို ​တွေ့​တော့ ​Taeyeonဆီ ​ပြေးသွားလိုက်​သည်​။
"Tae Tae... Tae Tae....."
Fany​ခေါ်တာကို Taeyeon မကြားနိုင်​​ပေ....
Taeyeonကို Fany ဖက်​လိုက်​ပြီး ငို​လေသည်​...
"Please ​ဆေးရုံကား ​ခေါ်​ပေးပါ...... ​ကျေးဇူးပြု၍.. ...."
Taeyeon ​ဆေးရုံကို ​ရောက်​သွား​တော့ ဆရာဝန်​က စမ်းသပ်​လေသည်​။ ပြီး​နောက်​ အရမ်းစိုးရိမ်​​နေတဲ့ Fanyကို ကြည့်​ပြီး
"ဒီက ညီမက လူနာရှင်​လား...."
"Nae သူ့ရဲ့ သူငယ်​ချင်းပါ Doctor.. ... သူ့အ​ခြေအ​နေက ဘယ်​လိုလည်းဟင်​....."
"ဘာမှ ထိခိုက်​ထားတာမရှိပါဘူး ပွန်းရာပဲ့ရာဘဲ ရှိတယ်​ ​ဆေး​သေချာထည့်​​ပေးထားပါတယ်​.... လူနာက လန့်​ပြီး ​မေ့လဲသွားတာပါ မစိုးရိမ်​ပါနဲ့.. .... မနက်​​လောက်​ဆို ပြန်​ သတိရလာမှာပါ...."
Taeyeonကို အခန်းတစ်​ခန်းထဲမှာ ​ရွေ့ထားလိုက်​သည်​။ Fanyက​တော့ Taeyeonကို ​စောင့်​​ပေးမယ့်​ သူမရှိတာနဲ့ ကုတင်​​ဘေးနားမှာ ထိုင်​ပြီး ​စောင့်​​ပေး​နေသည်​။ ခဏကြာ​တော့ မိုး​တွေရွာလာသည်​။
"ဟင်​ မိုး​တွေရွာလာပါလား ဟာ.... ငါ Yulနဲ့ ချိန်းထားတာကို ​မေ့​နေတယ်​ ​သေစမ်း ဘယ်​အချိန်​ရှိပြီလည်း......"
Fany ပြာပြာသလဲနဲ့ နာရီကို ကြည့်​လိုက်​​တော့ ၈နာရီ ထိုး​နေပြီ....
"ဟာ....၈နာရီ​တောင်​ ထိုး​သွားပြီ.....😢😢 Yul ပြန်​သွား​လောက်​မှာပါ မိုး​တွေလည်း ရွာ​နေ​တော့.....​ မနက်​ကျမှဘဲ ငါအကျိုးအ​ကြောင်း ရှင်းပြပြီး ​တောင်းပန်​ရမယ်​😔😔"
Yuriက​တော့ Fanyထင်​သလို မိုးရွာလို့ဆိုပြီး အိမ်​ကို မပြန်​​ချေ။ Fanyရဲ့ အိမ်​​ရှေ့မှာ ငုတ်​တုတ်​​လေးထိုင်​ပြီး ​သော့ခတ်​ထားတဲ့ Fanyရဲ့ အိမ်​တံခါးကို ကြည့်​​နေ​လေသည်​။
" မိုး​တွေ ဒီ​လောက်​ရွာ​နေတာကို ပြန်​မလာ​​သေးဘဲ ဘယ်​​တွေသွား​နေတာလည်း Tiffanyရယ်​.... ကိုယ်​ စိတ်​ပူလိုက်​တာ....😔😔😔😔"
ည ၁၁နာရီတွင် ​Vivian တ​ယောက်​ သူ့သူငယ်​ချင်း​တွေနဲ့ club က ပြန်​လာရင်း Tiffany ရဲ့ အိမ်​​ရှေ့ကို ဖြတ်​အသွား Yuriရဲ့ ပြိုင်​ကားကို ​တွေ့တာနဲ့ လှမ်းကြည့်​​တော့ ကား​ရှေ့မှာ ​ခွေ​ခွေ​လေးလဲ​နေတဲ့ သူ့အကိုကို ​တွေ့တာနဲ့ Vivianတ​ယောက်​ ကား​ပေါ်က​နေဆင်း​ပြေးပြီး
"Oppa...... Oppa..... Oppa......."
Yuri နိုးလာ​တော့ သူ့အခန်းထဲ​ရောက်​​နေတာ မဟုတ်​ဘဲ ​ဆေးရုံက အခန်းတစ်​ခန်းထဲမှာ ​ရောက်​​နေတာ သိပြီး လန့်​သွားတယ်​..... ခဏ​နေ​တော့ သူ့အခန်းထဲကို သူ့Omar ၀င်​လာပြီး
"သတိရလာပြီလား သား​လေး....."
"Omar.... ကျွန်​​တော်​ ဒီအခန်းထဲကို ဘယ်​လိုလုပ်​​ရောက်​လာတာလည်း.....ဒါ​ဆေးရုံ မဟုတ်​လား....."
"မင်း မိုး​ရေထဲမှာ လဲကျ​နေတာကို Vivian​လေး ​တွေ့လို့ ​Omarတို့ကို ဖုန်းဆက်​ပြီး ​ဆေးရုံကို ​ခေါ်လာတာ......"
"ဗျာ😱😱😱😱 ဒါနဲ့ မ​နေ့ညက မိုးက ဘယ်​အချိန်​ တိတ်​သွားတာလည်း Omar......"
"ဟမ်​.....မနက်​ ၁နာရီ​လောက်​ထင်​တယ်​..... Omarတို့ ​ဆေးရုံကို သတင်းကြားကြားချင်း လိုက်​လာတုံးက​တောင်​ မိုးရွာ​သေးတယ်​....."
သူ့အ​မေ​ပြောတာ နား​ထောင်​ပြီး သူ့ကိုယ်​သူ စိတ်​မပူ​သေးဘဲ Fanyကို စိတ်​ပူ​နေ​လေရဲ့.....
"ဒါဆို မ​နေ့ညက မိုး​တွေ ဒီ​လောက်​ရွာ​နေတာကို Tiffanyက ပြန်​မလာဘူးဆို​တော့.... တစ်​ခုခုများ ဖြစ်​​နေတာလား....💭💭...."
"Aww ဒါနဲ့ သား​လေး မင်းနဲ့ နှစ်​ခန်း​ကျော်​​လောက်​မှာ Taeyeonရှိတယ်​....."
"ဗျာ😱😱😱😱😱😱😱😱 Taeyeonက ဘယ်​လိုဖြစ်​တာလည်း....."
"Accident ဖြစ်​တာတဲ့ သူ့အခန်းထဲက ထွက်​လာတဲ့ သူနာပြုကို​ ​မေးကြည့်​​တော့...."
"ဟာ.... ကျွန်​​တော်​ သွားကြည့်​လိုက်​အုံးမယ်​....."
"​နေပါအုံး သားရယ်​ မင်းအခုမှ သတိရလာတာ​လေ...."
"ကျွန်​​တော်​က ဘာမှမဖြစ်​ပါဘူး Taeyeon. အဲ့​ကောင်​ကို စိတ်ပူတယ်​....."
Yuriလည်း ကုတင်​​ပေါ်က ဆင်းပြီး Taeyeonရဲ့ အခန်းဘက်​ကို သွားလိုက်​သည်​။ အခန်းတံခါးကို ဖွင့်​လိုက်​​တော့ Taeyeonရဲ့ လက်​ကို ကိုင်​ပြီး ငို​နေတဲ့ Tiffanyကို ​တွေ့တာနဲ့ Yuri တံခါးကို အမြန်​ပိတ်​လိုက်​သည်​။ ပြီး​နောက်​ တံခါး​ပေါက်​က​နေ Tiffany​ပြောတာ​တွေကို ရပ်​ပြီး နား​ထောင်​​နေတယ်​....
"Tae Tae...... သတိရလာပါ​တော့ဟာ..... ဆရာဝန်​​ပြော​တော့ မနက်​ဆို သတိရလာမယ်​ဆို........သူများ​ သားသမီးကို ချစ်​တယ်​လို့​ပြောထားပြီး တာဝန်​မယူဘဲ ပစ်​ထား​တော့မှာလား....."
Tiffanyရဲ့ စကားကို အခန်းအပြင်​က Yuriကြားသွား​တော့
"ဘာ😨😷 Taeyeonက Tiffanyကို ရည်းစားစကား​တောင်​ ​ပြောပြီးသွားပြီ💭"
"ဒီက သူ့ကို အ​ဖြေ​ပေးမလို့ ​ရေ​သောက်​​နေတာကို​တောင်​ ဘာ​တွေ​ကြောက်​ပြီး ထွက်​​ပြေးသွားတာလည်း မသိဘူး....."
Fanyရဲ့ စကားကို ကြား​တော့ Taeyeon ​ငေါက်​ခနဲ ထထိုင်​ပြီး
"Fany.... ကိုယ့်​ကို အ​ဖြေ​ပေးမယ်​ဆိုတာ တကယ်​လား..."
"ဟင်​ သတိ​မေ့​နေတာ မဟုတ်​ဘူးလား....."
"Tae Tae သတိရလာပါ​တော့ဟာ..... အာ့ကတည်းက ကိုယ်​ သတိရ​နေတာ......"
Taeyeonရဲ့ စကား​ကြောင့်​ Tiffanyလည်း ရှက်​ပြီး Taeyeonရဲ့ လက်​​မောင်းကို အ​သေထု​လေသည်​။ Taeyeonလည်း Fanyရဲ့ လက်​ကို ချူပ်​ထားပီး
"နာတယ်​....😢😢 မ​နေ့ညက ဒဏ်​​ကြောင့်​....."
"ဟင်​ ဘယ်​နား​လေး နာသွားတာလည်း😨"
Taeyeon သူ့ရင်​ဘတ်​ကို ပုတ်​ပြပြီး
"ဒီနား​လေး......"
"😒😒..."
"သက်​သာသွား​အောင်​ ချစ်​တယ်​ဆိုတဲ့ အ​ဖြေ​လေး ​ပေးလိုက်​ပါ့လား...."
"😒😒"
"Fany...... ​အ​ဖြေ​ပေးမယ်​ဆို ​ပေး​တော့​လေ ချစ်​လားလို့....."
"Omm....."
"Ommmကို မလိုချင်​ဘူး Fanyရဲ့ ချစ်​တယ်​ဆိုတဲ့ စကား​လေးကြားချင်​တာ....."
"ချစ်​တယ်​ရှင့်​ ကဲရပြီလား...."
Fanyကို Taeyeon ဖက်​လိုက်​ပြီး
"ရပြီ ရပြီ ​ပျော်​လိုက်​တာကွာ ကမ္ဘာကြီးတစ်​ခုလုံးကို ပိုင်​ဆိုင်​လိုက်​ရသလိုဘဲ...."
"အပို​တွေ​ပြောပြီ...."
"တကယ်​ပါကွာ....."
Taenyတို့က​တော့ ​ပျော်​​နေ​ပေမယ့်​.....Yuriက​တော့ Taeyeonရဲ့ အခန်း​ရှေ့မှာ ထိုင်​ချလိုက်​ပြီး ပါးစပ်​ပိတ်​ကာ အသံမထွက်​​အောင်​ ငို​နေသည်​။ ဖြတ်​သွားဖြတ်​လာ လူ​နာ​တွေ ဧည့်​သည်​​တွေ ဆရာဝန်​ သူနာပြု​တွေက ၀ိုင်းကြည့်​​နေကြလို့ Yuri အများသုံး အိမ်​သာထဲ ​ပြေးဝင်​သွား​လေသည်​။ ပြီး​နောက်​ မျက်​နှာသစ်​လိုက်​ပြီး
"ငါ့အိမ်​မက်​​တွေအားလုံး😭 ငါ့​မျှော်​လင့်​ချက်​​တွေအားလုံး😭 အကုန်​ ပျက်​စီးသွားပြီ😞 ငါရှုံးပါတယ်​ Taeyeon.......မင်းနိုင်​ပါတယ်​...... ဒါ​ပေမယ့်​ Tiffany..... မင်း Taeyeonနဲ့ ချစ်​သူဖြစ်​ရုံမကလို့ လက်​ထပ်​သွားလည်း ငါမင်းကို ချစ်​​နေရင်း  မင်းရဲ့ ​ဘေးနား အမြဲ မင်း​ပြောသလိုဘဲ အ​ကောင်းဆုံး best friend အဖြစ်​နဲ့ ရှိ​နေမှာပါ......"
Fany အိမ်​ကိုပြန်​ပြီး ​ရေချိုးပြီး​နောက်​ ​ကျောင်းကို လာ​လေသည်​။ ​ကျောင်းတက်​တဲ့အထိ Taeyeonနဲ့ Yuri မလာ​သေး​တော့ Yoonaတို့ စိတ်​ပူ​နေတယ်​.. .. Yoonaအနား Sooyoung ကပ်​ပြီး
"Yoong.... ဟိုတ​နေ့က ကိစ္စ​ကြောင့်​ သူတို့ မ​ကျေနပ်​​သေးဘဲ ချိန်းပြီးချကြတာလား မသိဘူး....."
"ဟာ..မဖြစ်​နိုင်​တာ....သူတို့က အချစ်​​ကြောင့်​ သူငယ်​ချင်းသံ​ယောဇဉ်​ အပျက်​ခံမယ့်​သူ​တွေမှ မဟုတ်​တာ........"
တဖက်​မှာလည်း Fany စာ​ဖတ်​​နေတုံး
"Hello အန်​တီ​လေး.... Oppa သတိရလာပြီလား...."
Vivianရဲ့ စကား​ကြောင့်​ Fany စာဖတ်​တာ ရပ်​လိုက်​ပြီး
"Oppa သက်​သာသွားပြီလားဆို​တော့.....မဟုတ်​မှလွဲလို့ 😱 Yulတစ်​ခုခုဖြစ်​တာများလား ငါ​မေးကြည့်​အုံးမှ💭"
Vivianလည်း ဖုန်းချလိုက်​​သောအခါ
"Vivian.. ... Yul ဘာဖြစ်​တာလည်းဟင်​...."
"မ​နေ့ညက မိုး​ရေထဲမှာ ​မေ့လဲ​နေတာ​လေ....."
"ဟာ😱😱😱😱😱😱 ဘယ်​နားမှာလည်း...."
Vivianလည်း သူ့အကိုကို​တွေ့ခဲ့တဲ့ ​နေရာကို ​ပြော​တော့ Fanyတ​ယောက်​ သူ့အိမ်​​ရှေ့မှာ လဲတာဆိုတာ သိပီး Yulကို အရမ်းအားနာသွားတယ်​......ဒါနဲ့ ည​နေကျ ​Yulကို သွား​မေးရမယ်​ဆိုပြီး Yulတက်​တဲ့ ​ဆေးရုံကို ​မေး​တော့ Taeyeonတက်​တဲ့​ ​ဆေးရုံနဲ့ တူ​နေတာကို သိလိုက်​ရသည်​။ည​နေကျရင်​​တော့ Yulအတွက်​ အားရှိ​စေမယ့်​ အစားအစာ​လေး​တွေ ၀ယ်​သွားပီး ​တောင်းပန်​စကား​ပြောရမယ်​လို့ Fany ဆုံးဖြတ်​လိုက်​သည်​။

Girl....Don't LieUnde poveștirile trăiesc. Descoperă acum