Girl Don't Lie (Part-25)

873 81 6
                                    

မြေပုံတစ်​ခု​ဘေးတွင်​ ​ကောင်​မ​လေးတစ်​​ယောက်​ ၀မ်းနည်းစွာ ငို​ကြွေး​နေ​လေသည်​.........
"Omar....... chawရဲ့ လုပ်​ရပ်​က မှန်​ရဲ့လားဟင်​........ chaw​လေ သူ့ကို မနာကျင်​​စေချင်​လို့ Kim Taeyeonဆိုတဲ့ သူ့ကို အဆုံးသတ်​မှာ မနာကျင်​​စေချင်​လို့ အခုလို လုပ်​လိုက်​တာပါ...... သူ chawကို စိတ်​နာမှ ဖြစ်​မယ်​ ဒါမှ သူ chawကို ​စိတ်​နာပြီး ​မေ့ပစ်​မှာ...... ဟုတ်​ပြီ Kim Taeyeonကို စိတ်​နာ​အောင်​ ငါ လုပ်​​ရမယ်​........"

Fany သူမ အ​မေရဲ့ ​မြေပုံကို ​ကန်​​တော့ပြီး Boraရဲ့ အိမ်​ကို သွားလိုက်​တယ်​...... သူမရဲ့ အိမ်​ကို ပြန်​ရင်​ အိမ်​​ရှေ့မှာ သူမကို ​စောင့်​​နေတဲ့ Taeyeonနဲ့ ​တွေ့မှာ​လေ...... ယခုအချိန်​မှာ​တော့ Taeyeonကို မ​တွေ့ချင်​ပါ....... ဒါ​ကြောင့်​ Boraရဲ့ အိမ်​ကို သွားလိုက်​တယ်

"Hey..... နင်​ အ​ဆင်​​ပြေရဲ့လား......"
ငိုထားရလွန်းလို့ မျက်​လုံး​တွေနီရဲ​နေတဲ့ Fanyကို Bora ​မေးလိုက်​တယ်​......
"ငါ အဆင်​​ပြေပါတယ်​ Bora....... ဒီ​နေ့ည​တော့ နင့်​အိမ်​မှာ ငါ အိပ်​ချင်​လို့ ရလား......"
"ရပါတယ်​ဟ ငါလည်း Taeyeonကို အ​ကြောင်းစုံရှင်းပြထားတယ်​....... သူ နင့်​ကို လိုက်​ရှာ​နေတယ်​......"
"Omm ငါ သိတယ်​ ငါ့ဖုန်းထဲမှာ သူ့ရဲ့Miss call​တွေ​ရော message ​တွေ​ရော ​တွေ့တယ်​......."
"နင်​ ပင်​ပန်း​နေမှာ​ပေါ့ အနားယူ​တော့​လေ......"

Fany ဧည့်​သည်​အခန်းထဲမှာ လှဲ​နေရင်း Yulရဲ့ Message ကို replyလိုက်​တယ်
"💌Tiffany....... ဘယ်​မှာလည်း အိမ်မှာလည်း မရှိဘူး ​အဆင်​​ရော ​ပြေရဲ့လား......"
"💌​ပြေပါတယ်​ Yul စိတ်​မပူပါနဲ့  ကျွန်​မ တစ်​​နေရာရာမှာ ​ကောင်း​ကောင်းမွန်​မွန်​ရှိ​နေပါတယ်​......."
"💌အဆင်​​ပြေတယ်​ဆိုလို့ ​တော်​​သေးတာ​ပေါ့ ဘာမှ ​လျှောက်​မ​တွေးနဲ့​တော့​နော်​ အိပ်​​တော့ Good night........."
"💌Nae........."
Yulရဲ့ Messageကို Replyလိုက်​ပြီး ဖုန်းပိတ်​ကာ Fany အိပ်​လိုက်​တယ်​......

နောက်​တစ်​​နေ့ မနက်​ Fany ​ကျောင်းကို လာ​တော့ Fanyရဲ့ လက်​ကို တစ်​စုံတစ်​​ယောက်​က လှမ်းဆွဲလိုက်​တယ်​......
"Fany...... ခဏ​လောက်​ စကား​ပြောရ​အောင်​ 😢😢😢"
"Kim Taeyeon shii ရှင်​နဲ့ ​ပြောစရာ စကား ကျွန်​မမှာ မရှိဘူး 😌"
"Fany.....ကိုယ်​ မင်းကို အထင်​လွဲပြီး စွပ်​စွဲခဲ့လို့ ​တောင်းပန်​ပါတယ်​....... ဒီလို စွပ်​စွဲတာကလည်းမင်း​ကို ချစ်​လွန်းတဲ့ စိတ်​​ကြောင့်​ပါ....... Fany..... လမ်းခွဲမယ်​ဆိုတဲ့ စကား​လေး​ ပြန်​ရုတ်​သိမ်း​ပေးပါလား........ 😥😥😥"
"Kim Taeyeon ရှင်​က ကျွန်​မကို ချစ်​​ပေမယ့်​ ကျွန်​မက ရှင့်​ကို တကယ်​ မချစ်​ခဲ့ဘူးရှင့်​........ ​နောက်​​တစ်​ခါ ကျွန်​မကို​တွေ့ရင်​ မ​နှောင့်​ယှက်​ပါနဲ့​တော့ ကျွန်​မတို့ မသိခဲ့သလိုဘဲ ​နေကြတာ​ပေါ့......"
Fanyရဲ့ စကား​ကြောင့်​ Taeyeon အံ့သြပြီး ​ဒေါသထွက်​လာတယ်
"ဘာ..... ငါ့ကို မချစ်​ခဲ့ဘူး ဟုတ်​လား......... Tiffany...... မင်း လူတစ်​​ယောက်​ရဲ့ ခံစားချက်​ကို ကစားရတာ ​ပျော်​ရဲ့လား....."
Tiffany ခနဲ့ပြုံးပြုံးကာ......
"ရှင့်​ ခံစားချက်​ကို ကစားမိသလို ဖြစ်​သွားရင်​​တော့ အားနာပါတယ်​...... သူများ​တွေ ​ပြော​နေတဲ့ အချစ်​ဆိုတဲ့ အရာကို သိချင်​လို့ စမ်းသပ်​ခဲ့တာပါ......"
"ငါက အစမ်းသပ်​ခံ လူသားလား........"
Tiffany ပခုံးကို တွန့်​ပြပြီး Taeyeonရဲ့ ​ရှေ့က​နေ ထွက်​သွားတယ်​.....

Girl....Don't LieDove le storie prendono vita. Scoprilo ora