Yoonaလည်း သူနဲ့ Sicaရဲ့ အကြောင်းကို ပြောပြလို့လည်း ပြီးရော...
"တော်သေးတာပေါ့ ဒီတခေါက် မင်းကို Sicaက ပါးမရိုက်လိုက်လို့😂😂"
Fanyလည်း Sooyoung စကားကြောင့်
"ဟင် ဒါဆို အရင်တုံးက ရိုက်ဖူးတယ်ပေါ့....."
Sooyoungလည်း Fanyကို Coffeeဆိုင်က အကြောင်းတွေ ပြန်ရှင်းပြတော့ Fanyက ရယ်လိုက်ပြီး
"ဖြစ်ရမယ်....."
Sicaလည်း သွားလေးစိပြပြီး
"😁 ဟီး အဲ့ဒီတုံးက စိတ်ကရောထွေးသွားလို့ ရိုက်မိတာပါ... Tiffany shii... .."
"Fanyလို့ဘဲ ပေါ့ပေါ့ပါးပါး ခေါ်ပါ ငါလည်း Sicaလို့ဘဲ ခေါ်မယ်လေ ရလား...."
"ရပါတယ်.. ..."
"ရှင်တို့နဲ့ ခင်ရတာ တကယ်ပျော်ဖို့ ကောင်းတယ်..... ရှင်တို့က မင်းသားတွေဆိုပြီး နာမည်ကြီးပေမယ့် ရုပ်ရှင်ထဲကလို မဟုတ်ဘူးနော်...."
"ရုပ်ရှင်ထဲကလိုကြီး မနေချင်ပါဘူးဗျာ ကျွန်တော်တို့ဆို အမြဲ ပျော်ပျော်နေကြတာ တဖွဲ့လုံးက ငပေါတွေချည်းဘဲ...... ဒါပေမယ့် တဖွဲ့လုံးမှာ Sooyoung အပေါဆုံး....😜😝"
"Yrr Im Yoona......"
"ဘာတုံး မှန်တာပြောတာဘဲကို😢"
Sooyoung အာပြဲသံကြောင့် ကိုယ်စီ အတွေးလွန်နေကြတဲ့ YulTae နှစ်ယောက် သတိပြန်ဝင်လာတယ်..... Sooyoung, Yoonaတို့နဲ့ အတူ ရယ်မောနေတဲ့ Fanyကို ကြည့်ပြီး နှစ်ယောက်လုံး J၀င်နေကြတယ်....
"Fanyက Taeတို့နဲ့ ဘယ်လို သိတာလည်း...."
အူတူတူ Im Yoonaတယောက် Fanyကို မေးလိုက်တယ်.... Sooyoung ကတော့ မမေးတော့ဘူးလေ... Fanyတယောက် သူ့ကိုယ်သူ Tiffany Hwang လို့ မိတ်ဆက်ကတည်းက coffeeဆိုင်မှာ Taeyeon ပြောတဲ့ ကောင်မလေးဆိုတာ သိနေပြီလေ..... Yoonaကတော့ Sicaကြောင့် ပျော်နေတာနဲ့ဘဲ Taeပြောတာတွေတောင် သတိရပုံမပေါ်...
Fanyလည်း ပြန်ရှင်းပြပြီးနောက်
"မင်းနဲ့ Yuriတောင် မေးကြသေးတယ်လေ ငါက ရှင်းပြတော့ Second Yoonaလို့တောင် Yuriက စလိုက်သေးတယ်လေ....ဟုတ်တယ်နော့် Yuri....."
"ဟင်...... Aww.... omm..... ဟုတ်တယ်.... Yoona...."
"Aww အဲ့ကောင်မလေးက Fany လား....."
"Omm... ဟုတ်တယ်...."
"Yuriနဲ့ကျ ဘယ်လိုသိတာလည်း..."
ဒီတခါ မေးလိုက်သူက Sooyoung.. .....Fany ကဖြေမယ်အလုပ်
"ဟာ...... ကျောင်းတက်တော့မယ်ဟ ငါးမိနစ်ဘဲ လိုတော့တယ်...... "
နာရီကို ကြည့်ပြီး Yuri တစ်ယောက် အလောတကြီး ပြောလိုက်သည်။ Yuri စကားကြောင့် Yoonaလည်း နာရီကို ကြည့်လိုက်တော့ ဟုတ်ပါသည်။ Yuriပြောသလိုဘဲ ကျောင်းတက်ဖို့ ငါးမိနစ်လောက်သာ လိုတော့တယ်....
"စကားတွေကောင်းနေတာနဲ့ အချိန်ကိုတောင် မေ့သွားတယ်ဟီး နောက်မှ ဆက်ပြောကြတာပေါ့ အခုတော့ အတန်းသွားတက်ရအောင် ကျောင်းတက်တော့မယ်လေ......"
"Onn ဟုတ်တယ် သွားကြရအောင် Tiffanyလည်း ငါတို့ကြောင့် အတန်းနောက်ကျတော့မယ်..."
"ရပါတယ်...."
Yuriပြောတဲ့စကားကို နားထောင်ပြီး
"Tiffany.... အဲ့နာမည်ကို ငါ...ကြားဖူးသလိုဘဲ.... အာ...သိပြီ.... Yuriမလာတဲ့နေ့က....."
စကားတောင်မဆုံးသေး Yoonaရဲ့ ပါးစပ်ထဲ ပေါင်မုန့်ကြီး ထိုးသွင်းခံလိုက်ရတယ်..... ထိုးသွင်းသူကတော့ Sooyoung.. .. သူ့ကျောပိုးအိတ်ထဲက ပေါင်မုန့်ကို ထုတ်ပြီး Yoonaရဲ့ ပါးစပ်ထဲ ထည့်လိုက်တာ... ထည့်ရတဲ့ အကြောင်းအရင်းက Fanyကို Taeyeon စိတ်ဝင်စားနေတာ သူများပြောမှ Fany သိသွားတာမျိုးမဖြစ်စေချင်.....Taeyeonကိုယ်တိုင် ဖွင့်ပြောလို့ သိသွားတာမျိုးသာ Sooyoung ဖြစ်စေချင်လို့ Yoonaရဲ့ ပါးစပ်ကို ပိတ်လိုက်ခြင်းသာ ဖြစ်သည်။ ပေါင်မုန့်ကြောင့် အသံ ဗလုံးဗထွေး ပြောနေတဲ့ Yoonaကို ကြည့်ပြီး
"ကဲ သွားကြစို့ နောက်ကျနေလိမ့်မယ်...."
Sicaရဲ့ လက်ကို Yoona တွဲပီး လျှောက်တော့ ကျောင်းတခုလုံး ပွတ်လောရိုက်ကုန်တယ်....
"Maknae လေးက ရည်းစားရသွားပြီဟ "
"နှမြောလိုက်တာဟာ.... ကောင်မလေးက သူတို့အတန်းက ထင်တယ်...."
YoonSic တို့အတွဲကြောင့်တင်သာမက ဘယ်ဘက်က Yuri... ညာဘက်က Taeyeonနဲ့ အတူ လမ်းလျှောက်လာတဲ့ အလယ်က Fanyကိုလည်း အထူးအဆန်း အနေနဲ့ ကြည့်နေကြတယ်.....
"ဟဲ့ အလယ်က ကောင်မလေးက ဘယ်သူ့ရည်းစားလည်းမသိဘူး Yuri oppaလား... Taeyeon oppaလား...."
ထိုကောင်မလေး စကားတောင် မဆုံးသေး ခွပ်ခနဲ ခေါင်းခေါက်ခံလိုက်ရတယ်.. ..
"Yrrr Nayeon...."
"Tae Tae Oppaက သူ့ရဲ့ ချစ်သူမဟုတ်ဘူး.... Oppaကလေ ဘယ်မိန်းကလေးကိုမှ စိတ်မ၀င်စားဘူး သိလား....."
"မသိဘူးဟေ့ နင့် oppaဘဲ ထိုင်မွှန်နေတော့ ငါ အတန်းထဲသွားပြီ...."
Yuriတို့လည်း Fanyကို အတန်းထဲ လိုက်ပို့ကာ နှုတ်ဆက်ပြီး ထွက်လာကြတယ် Fany အတန်းက မိန်းကလေးတွေ အားလုံး အံ့သြနေကြပြီး သူတို့ရဲ့ မင်းသားလေးပါးလုံးက Fanyနဲ့ခင်နေလို့ မနာလိုသူကလို အားကျသူက အားကျကြနဲ့.... Fanyလည်း သူ့ခုံမှာ ထိုင်တော့ Boraတယောက် Fanyကို ရိုက်လိုက်တယ်....
"Wae.... ဘာလို့ ငါ့ကို ရိုက်တာလည်း....."
"မိန်းမ သူတို့နဲ့ ဘယ်ကပြန်လာတာလည်း"
"ကန်တင်းမှာ ထိုင်ကြတာလေ..."
"ငါ့ကျ မခေါ်ဘူး လူဆိုးမ...."
"ငါတောင် ကျောင်းပေါက်ဝမှာ တွေ့ပြီး သူတို့က ဇွတ်ခေါ်လို့ ငါ အားနာပြီး လိုက်သွားတာ..."
"အဲ့တာဆို နင်က သူတို့ လေးယောက်နဲ့ ရင်းနှီးသွားပြီပေါ့..."
"အင်းပေါ့...."
"Yrrr လူဆိုးမ ငါလည်း ရင်းနှီးချင်တယ် သူတို့နဲ့ မိတ်ဆက်ပေး...."
"အေးပါ အခွင့်ကြုံရင် မိတ်ဆက်ပေးပါမယ်....."
Yuriတို့ အတန်းထဲရောက်တော့ လက်ချင်းတွဲပီး ၀င်လာတဲ့ YoonSicတို့ကို ကြည့်ပြီး Tyler Kwon အံ့သြသွားတယ်...... Yoonaကတော့ အောင်နိုင်သူအပြုံးနဲ့ Tyler Kwonကို ပြုံးပြပြီး သူ့နေရာသူ သွားထိုင်လိုက်တယ်..... Sunnyလည်း Sicaတို့ကိုကြည့်ပီး
"ကဲ Sicaရေ အလင်းပြပါအုံး....."
"ဘာကိုလည်း.. ... ဒီလောက်လင်းနေတာကို ဘာလို့အလင်းပြခိုင်းနေတာလည်း"
"အူတူတူလာမလုပ်နဲ့ ငါထုလိုက်လို့ ငါ့လိုပုသွားမယ်😒😒 နင်နဲ့ Yoonaအကြောင်းကို မေးတာ ပြောပြခိုင်းတာ...."
"Aww😁😁😁"
Sicaလည်း သူနဲ့ Yoonaအကြောင်းကို ရှင်းပြလိုက်တော့.....
"ဘုရားရေ😱😱😱ငါတို့ maknaeလေး ဘယ်လိုကြောင့် ဒီလောက် သွက်သွားရတာပါလိမ့်....."
"Tyler Kwonကြောင့်နေမယ်......"
" ဖြစ်နိုင်တယ် 😂😂"
✂✂✂✂✂✂
ထမင်းစားချိန်ရောက်တော့ Sunnyလည်း တယောက်တည်းဖြစ်နေလို့ Sicaက သူတို့ အဖွဲ့ထဲ ခေါ်လိုက်တယ်... Soo Young ဘေးနား ၀င်ထိုင်ပြီး နေ့လည်စာစားကြတာပေါ့...... Sunny ရေဘူးယူချိန်နဲ့ Sooyoungရေဘူးယူချိန်ုက တိုက်နေတော့.... Sunnyရဲ့ လက်ကို Sooyoung ကိုင်မိသွားတယ်..... Sunnyမှာ သူ့လက်ကို Sooyoungလာကိုင်လို့ ရင်တွေအရမ်းခုန်ပြီး လက်ကို ပြန်ရုတ်လိုက်တယ်.... Sooyoungလည်း ရှက်ပြီး လက်ကို ဖယ်ပီး ခေါင်းကိုကုတ်တာလိုလို လည်ပင်းကို ကုတ်တာလိုလိုနဲ့ ဟန်ဆောင်နေတယ်.... YoonSicနဲ့ Taeကတော့ Sooyoungကို ကြည့်ပြီး ရယ်နေတယ်....မရယ်နိုင်သူကတော့ Yuriပေါ့.... ကန်တင်းမှာ သွားခါနီး Yoonaပြောတဲ့ စကားကို Yuriလည်း ကြားတယ်လေ..... အဲ့စကားကို ပြန်တွေးနေပြီး...
"ငါ coffeeဆိုင်ကို မလာတဲ့နေ့က ဘာတွေဖြစ်ခဲ့တာလည်း 💭💭💭💭"
"ကဲ Maknae Im Yoonaအတွက် Cheer....."
Taeyeonစကားကြောင့် Yuriလည်း သူ့ရှေ့က အအေးဗူးကို ကိုင်ပြီး အားလုံးနဲ့အတူ Yoonaကို ဂုဏ်ပြုလိုက်တယ်..... ထမင်းစားပြီးနောက် ထုံးစံအတိုင်း ပန်းခြံထဲ ၀င်နေကြတယ်...Sunnyကတော့ စာကြည့်စရာရှိလို့ဆိုပြီး စာကြည့်တိုက်ကို သွားတယ်.....
မြက်ခင်းစိမ်းပေါ်မှာ Yulလှဲအိပ်ရင်း
"ဒီနေ့တော့ Yoongရဲ့ တတောင်တောင် တဒင်ဒင် ဂစ်တာတီးသံကို ကြားရမှမဟုတ်ဘူးဟေ့....."
Taeyeonလည်း Yulဘေးနား ၀င်လှဲပြီး
"ဟုတ်ပါ့ကွာ..... ဒီနေ့တော့ နားအေးပြီဟေ့...."
Taeနဲ့ Yulကို မျက်စောင်းထိုးပြီး
"Sicaရှိနေလို့ပေါ့ကွာ မဟုတ်ရင် မင်းတို့ နှစ်ကောင် အလုပ်ခံရမယ်မှတ်....."
Yoonaလည်း မြက်ခင်းစိမ်းပေါ်လှဲအိပ်လိုက်တယ်....Sicaလည်း Yoonaရဲ့ လက်မောင်းပေါ် အိပ်ပြီး နှစ်ယောက်သား ကောင်းကင်ကြီးကို ကြည့်ပြီး Heart signတွေလုပ်နေကြတယ်... Sooyoung တယောက် သူတို့နှစ်ယောက်ကို ကြည့်ပြီး
"မင်းတို့ကို ကြည့်ပြီး ဗိုက်ဆာလိုက်တာကွာ.... ငါမုန့်သွားဝယ်အုံးမယ်...."
"မင်းကတော့ Everဆာနေတာဘဲ...."
Sooyoung ပန်းခြံကနေ ကန်တင်းဘက်ကို ထွက်လာလိုက်တယ်....
"Choi Sooyoung....."
ဆရာတယောက်ရဲ့ အသံကြောင့် Sooyoung လှည့်ကြည့်လိုက်တော့ English ဆရာကြီးဖြစ်နေတယ်...
"Teacherကို တခုကူညီကွာ...."
"Nae sir...."
"ဒီစာအုပ်လေး စာကြည့်တိုက်ကို သွားထားပေးပါ့လား"
Sooyoungလည်း ဆရာရဲ့လက်ထဲက စာအုပ်ကို ယူလိုက်ပြီး စာကြည့်တိုက်ကို သွားလိုက်တယ်.. ...စာအုပ်ထားပြီး ပြန်အလှည့် စာကြည့်စားပွဲမှာ ထိုင်ပီး စာအုပ်တွေနဲ့ အလုပ်ရှုပ်နေတဲ့ Sunnyကို တွေ့တော့ Sooyoung နှုတ်ဆက်လိုက်သည်။
"Hi Sunny...."
"အာညောင် Sooyoung oppa...."
Sooyoungလည်း Sunnyဘေးနား ၀င်ထိုင်ပြီး
"ဘာတွေ ရှုပ်နေတာလည်း....."
"Phy လေ အိမ်စာပေးလိုက်တဲ့ တပုဒ်က နည်းနည်းရှုပ်နေလို့ Formula များ မှားနေတာလားလို့ လာကြည့်နေတာ"
"ပြကြည့်ပါ့လား...."
Sooyoungလည်း Sunny စာအုပ်ကို ယူကြည့်ပီး
"Aww.... ဟုတ်တယ် Sunny နည်းနည်းမှားနေတာ ကျွန်တော်ရှင်းပြမယ်...."
Sunnyနားတိုးပြီး Sooyoung စာကို ဂရုတစိုက် ရှင်းပြနေပေမယ့် Sunnyကတော့ စာထဲ အာရုံမရောက် Sooyoungရဲ့ မျက်နှာလေးကြည့်ပီး တွေးနေတယ်
"Sooyoung oppaရယ် ရှင်က အရပ်ရှည်ရှည် ဥာဏ်ကလည်းကောင်း..စိတ်ထားလေးကလည်း နူးညံ့တာ ပီးတော့ မိန်းကလေးတွေကိုလည်း စိတ်မ၀င်စားဘူး ရှင်က ကျွန်မရဲ့ ideal typeဘဲ.....💭💭💭💭💭"
စာရှင်းပြပြီး Sunnyဘက်ကို လှည့်တော့ နှစ်ယောက်စလုံးရဲ့ မျက်နှာက အရမ်းကို နီးကပ်နေတယ်.......တယောက် ရှူထုတ်လိုက်တဲ့လေကို တယောက် နှာခေါင်းမှာ ခံစားလို့ရနေပြီ......
ပန်းခြံမှာလည်း Taeတယောက် Yuriဘေးမှာ လှဲနေပီး
"Yuri....."
"Omm....."
"မင်းက အချစ်ဆရာကြီးဆိုတော့ ငါတခုတိုင်ပင်စရာလေးရှိလို့......"
"အင်း ပြောလေ.... မင်း မိန်းကလေးတယောက်ကို စိတ်ဝင်စားနေတာလား...."
"အင်း ဟုတ်တယ်.... သူက...."
Yuriရဲ့ ဖုန်းသံကြောင့် Taeစကားပြတ်သွားတယ်.... Yuriလည်း ဖုန်းကို ကိုင်လိုက်ပီး
"Taeyeon... ခဏနော်....."ဆိုပြီး Taeyeonနဲ့ မလှမ်းမကမ်းမှာ သွားပြောလိုက်တယ်
" အေးပြော ချီးထုပ်မ...."
သူ့ဆီဖုန်းခေါ်သူက သူ့ညီမ Vivianဖြစ်နေသည်။
"Yrr... ဘာချီးထုပ်တုံး.... နင့်ကို သတင်းကောင်းပြောမလို့....."
"ဟီး စတာ....ပြော ညလေး.... ဘာသတင်းလည်း...."
"အခုကျ လေသံကပြောင်းသွားပီ😏😏...."
"ငါက စတာပါ.... ပြောပါ ဘာလည်း...."
"ဒီအတိုင်းတော့ မပြောဘူး အပေးအယူတခုလုပ်ရမယ်....."
"ဟာ.....အပေးအယူတွေ ဘာတွေနဲ့ ရှုပ်နေတာဘဲ...."
"ဒါဆိုလည်း နေပေါ့ Fany အကြောင်း မပြောတော့ဘူး...."
"Fany?... ဘာတဲ့လည်း သူကငါ့ကို ပြန်ကြိုက်တယ်တဲ့လား နင်ကအောင်သွယ်ပေးတာလား...."
"ဘာတွေကြောင်နေတာတုံး သူက ဘာကိစ္စနဲ့ နင့်ကို ကြိုက်ရမှာလည်း "
"အဲ့တာဆို ဘာတုံးဟ မြန်မြန်ပြော..."
"အပေးအယူပါဆို...."
"ကဲကဲ ဘာအပေးအယူလည်းပြော....."
"ဒီလို..... ငါဒီနေ့ည ငါ့သူငယ်ချင်းရဲ့ birthday partyကို သွားရမှာဟာ.... ဒါပေမယ့် ငါ Chemistry တစ်ဘာသာထိထားတယ် အဲ့တာ အဖေက စိတ်ဆိုးနေတယ်..... "
"အဲ့တော့...."
"နင်ကတော်တယ်လေဟာ ငါနဲ့ chemistry piratical လုပ်စရာရှိတယ်ဆိုပီး အိမ်က ထုတ်ပေး ပြီးရင် ငါက နင့်အိမ်ကနေ ငါ့သူငယ်ချင်းကို လာခေါ်ခိုင်းလိုက်မယ်လေ...."
"အပြန်ကျတော့ရော...."
"ရတယ် အဲ့တာ ငါ့ဘာသာငါဖြေရှင်းလိုက်မယ်...."
"Ok ok ငါလက်ခံတယ် ကဲပြော..."
"Fanyနဲ့ Boraပြောတာကို ငါကြားခဲ့တယ်.... Fanyက Beauty and the beast ကြည့်ချင်လို့တဲ့ Boraကလည်း သင်တန်းကြောင့် လိုက်မကြည့်နိုင်ဘူး နင်ကသာ လိုက်ပြလိုက်ရင်...."
"Yeah...ဟုတ်သားဘဲ သူကို ငါနဲ့အတူ ရုပ်ရှင်ကြည့်ဖို့ ကမ်းလှမ်းထားတာ ငါ့ညီမလေး oppaလေ တကယ်ကျေးဇူးတင်တယ်သိလား..."
"အပိုတွေပြောမနေနဲ့ ညနေကျ လာခေါ်...ဒါဘဲ...."
Yuriလည်း ဖုန်းကို ချပြီး ပြုံးပြုံးကြီး Taeyeonဆီကို ပြန်လာတယ်....
"ဘာတွေပျော်စရာရှိလို့လည်း ဒီလောက်ပြုံးနေတာ ဧကန္တ ကောင်မလေးက ဖုန်းဆက်လို့လား...."
"မဟုတ်ပါဘူးကွာ ငါ့ညီမလေးဆက်တာပါ.....ဒါနဲ့ မင်းတိုင်ပင်စရာရှိတယ်ဆိုတာ ဘာလည်း...."
" ကျောင်းတက်တော့မှာကွ နောက်မှ အေးဆေးပြောတော့မယ် ဟိုအတွဲ.... ပန်းခြံထဲ မင်းတို့နှစ်ယောက်ထဲ တစ်ကမ္ဘာလုပ်မနေနဲ့ ပြန်မယ် ကျောင်းတက်တော့မယ်.. .."
Taeyeonစကားကြောင့် Yoonaတို့လည်း ပတ်ဝန်းကျင်ကို သတိရလာပီး
"Sooyoungရော...."
"မသိဘူး မုန့်သွားဝယ်မယ်ဆိုပြီး ခုထိပြန်မလာသေးဘူး ကြည့်ရတာ သူစားမယ့်မုန့်ု နိုင်ငံခြားမှာ ထင်တယ် နိုင်ငံခြားထိ သွားဝယ်နေလားမသိ....."
Taeyeonတို့ အတန်းထဲရောက်တော့ Sooyoungရှိမနေချေ....
"Sunnyလည်း စာကြည့်တိုက်မှာ စာဖတ်ရင်း စာထဲ ဈာန်ဝင်နေတာထင်တယ် ပြန်မလာသေးဘူး....."
Sicaစကားတောင် မဆုံးသေး ခရမ်းချဉ်သီးလို နီရဲနေတဲ့ မျက်နှာနဲ့ Sunnyတယောက် အတန်းထဲ ပြေးဝင်လာတယ်.... ခဏအကြာ ရုပ်တည်ကြီးနဲ့ Sooyoung ၀င်လာတယ်.... သူတို့နှစ်ယောက်ကို ကြည့်ပြီး Sicaလည်း Yoonaကို မျက်စပစ်ပြလိုက်တယ်...... အတန်းထဲမှာ ဆရာစာသင်နေပေမယ့် Sunnyတယောက် စာထဲစိတ်မ၀င်စား....စာကြည့်တိုက်တုံးက အဖြစ်အပျက်ကိုသာ မျက်လုံးထဲမြင်ယောင်နေတယ်.....
စာကြည့်တိုက်မှာ သူတို့နှစ်ယောက် တယောက်မျက်နှာ တယောက်ကြည့်နေရင်း Sunnyရဲ့ နှုတ်ခမ်းကို Sooyoung နမ်းလိုက်တယ်လေ..... ဘယ်လောက်ထိကြာလည်းဆိုတော့ ကျောင်းတက်ခေါင်းလောင်းသံကြားမှ Sooyoungသတိဝင်လာတယ် sunnyလည်း Sooyoungကိုတွန်းဖို့ သတိမေ့နေတယ်လေ.....စာကြည့်တိုက်မှာ လူသိပ်မရှိလို့ သူတို့နှစ်ယောက် အဖြစ်အပျက်ကို သူတို့ နှစ်ယောက်က လွဲပီး ဘယ်သူမှမသိချေ....Sunnyကတော့ Sooyoungသူ့ကို နမ်းတာပြန်မြင်ယောင်ပီး ခေါင်းတွေတခါခါနဲ့ သူ့မျက်နှာသူ ပြန်ရိုက်နေတယ်လေ....