Fany ကျောင်းဆင်းတော့ ဆေးရုံကို ရောက်လာတယ်။ ကောင်တာက Nurseတွေကို Kwon Yuri နာမည်မေးလိုက်တော့ ဆေးရုံက ဆင်းသွားပြီလို့ ပြောလို့ Fany စိတ်ညစ်သွားတယ်....ထိုအချိန်မှာ Taeyeonဆီက ဖုန်းဝင်လာတော့
"Hello.... Tae Tae...."
"Fany.... ကိုယ် နေ့လည်က ဆေးရုံမှာ မနေချင်တော့လို့ ဆရာဝန်ဆီက ခွင့်ပြုချက်ယူပြီး ဆင်းလိုက်ပြီ ကိုယ်အခု Fany အိမ်ရှေ့မှာ စောင့်နေတယ်.... Fany ဆေးရုံကို သွားမှာဆိုးလို့ ph လှမ်းဆက်လိုက်တာ....."
"Fany ကဖြင့် ဆေးရုံကိုတောင် ရောက်နေပြီ...."
"ဟောဗျာ.....😢😢 ကိုယ် လာခေါ်မယ် ခဏစောင့်နေနော်...."
"Ok Yeobo....."
"Fany😳😳 ခုနက ကိုယ့်ကို ဘယ်လို ခေါ်လိုက်တာလည်းဟင်....."
" သိပု သိပု ဒါဘဲ....."
Tiffany ကတော့ ရှက်ပြီး ဖုန်းချလိုက်သည်။ Taeyeonကတော့ Tiffanyဆီ လာရင်း နားထဲ Yeobo ဆိုတဲ့ Fanyရဲ့ အသံလေးကို ပြန်ပြီး ကြားယောင်ရင်း ပျော်နေသည်။ ဆေးရုံရှေ့ကို ရောက်တော့
"တကယ်ဘဲ နေကောင်းသွားပြီလား Tae Tae.... ဆေးရုံထဲ ခဏလိုက်ခဲ့ပါ့လား...."
"ကိုယ် တကယ် သက်သာပါတယ် Fany.... မစိုးရိမ်ပါနဲ့ ကိုယ်က ကြံ့ခိုင်ပါတယ် ဒီမှာကြည့် "
Taeyeonလည်း သူ့ လက်မောင်းက ကြွက်သားတွေကို ပြလိုက်တော့ Taeyeonရဲ့ လက်မောင်းကို Fany ဆွဲညှစ်ပြီး ဆိုင်ကယ်ပေါ်ကို တက်လိုက်သည်။
"ကဲ....ကိုယ်တို့.. ...."
"အိမ်ကို ပြန်ကြမယ်.. .."
"Wae.... ?"
"Tae Taeကလည်း ခုမှ ဆေးရုံက ဆင်းခါစလေ ခဏလောက် အနားယူပါအုံး နောက်ရက်ကျမှ...."
"ဒါမယ့်....."
"Tae Taeကလည်း လိမ်မာပါတယ် ပြောစကားနားထောင်နော်...."
"ဒါဆို Yeoboလို့ ခေါ်😌😌"
"ဟင်...."
"ခုနတုန်းကလို Yeobo လို့ ခေါ်လို့....."
"ဟာကွာ ရှက်စရာကြီး.. .."
"မရှက်ပါနဲ့ ဆိုင်ကယ်ပေါ်မှာ ကိုယ်နဲ့ Fanyဘဲ ရှိတာကို ခေါ်ပါကွာ.... မခေါ်ရင် Tae အိမ်ကို မပြန်ဘူးနော်...."
" Aigoo အကြပ်ကလည်း ကိုင်လိုက်တာ Yeoboရယ်...."
Fany ရဲ့ Yeobo ကို ကြားတော့ Taeyeon ပျော်ပြီး ဆိုင်ကယ်မောင်းရင်း ထအော်တယ်.....
Taenyတို့ကတော့ ပျော်နေပေမယ့် Yuriကတော့ ဆေးရုံက ဆင်းပြီး အခန်းထဲမှာ လှဲအိပ်နေတယ်.....
"Aww...... ငါနဲ့ ချိန်းတဲ့နေ့က သူမလာနိုင်တာက Taeyeon ကြောင့်ကိုး 😅😅😅 အေ့လေ ငါဖွင့်ပြောလိုက်လည်း သူငယ်ချင်းလိုဘဲ ခင်ချင်တယ် ပြောမှာဘဲ Yoonaမွေးနေ့တုံးက ငါက သူ့အတွက် သူငယ်ချင်းကောင်းလို့ ပြောခဲ့တာ မမှတ်မိဘူးလား ငါနဲ့ ချိန်းထားတာတောင် ခဏလေးတောင် မလာနိုင်တာကို ကြည့်ကတည်းက အဖြေက ရှင်းနေပြီ 😅 Kim Taeyeon...... ဒီပွဲမှာ မင်းက မပြိုင်ခင်ကတည်းက အနိုင်ရသူပါ ငါက အရှုံးနဲ့လူပါ...... "
"Yul.... သားလေး ကြက်ပေါင်း စားလိုက်အုံး အားရှိအောင်လို့....."
သူ့အမေ အခန်းထဲ ၀င်လာတော့ Yuri သူရဲ့ မျက်ရည်တွေကို အမြန်သုတ်လိုက်တယ်....
"သား.... မင်းငိုနေတာလား..."
"မငိုပါဘူး Omar.... မျက်လုံးထဲ ဖုန်ဝင်သွားလို့ပါ...."
"Aww ရော့ ကြက်ပေါင်းလေး သောက်လိုက်အုံး.. ..."
သူ့အမေ ခွံ့ကျွေးတဲ့ ကြက်ပေါင်းလေး စားလိုက်ပြီး
"Wooo.... အရမ်းကောင်းတယ် Omar is the best😍😍"
နောက်တနေ့ မနက် ကျောင်းကို Yuriရောက်တော့ ကောင်မလေးတွေ တီးတိုးတီးတိုး ပြောသံကို ကြားရတယ်.....
"ဟဲ့.....Taeyeon oppa ကောင်မလေး ရသွားပြီ...."
"အေးဆို တယောက်ပြီး တယောက် ရည်းစားတွေထားနေကြတာ ပထမက Yuri oppa နောက်တော့ Maknae Yoona oppa ပြီးတော့ Second Maknae Sooyoung oppa.... ခု Teayeon oppa😭😭"
"Taeyeon oppaရဲ့ ကောင်မလေးက ဟို အတန်းက Eyesmile Queenဆို....."
"အင်း ဟုတ်တယ် သူတို့ နှစ်ယောက်က လိုက်ပါတယ်😅😅"
"ဒါပေမယ့် ငါ နှမြောလိုက်တာ..... "
"Yuri oppa ခုတလော ငြိမ်နေတယ်နော်....."
ကျောင်းသူတွေ ပြောတာ နားထောင်ပြီး Taeyeonတို့ အတွဲ ကျောင်းကို ရောက်နေပြီဆိုတာ Yuri သိလိုက်ပြီလေ..... ကန်တင်းကို သွားရမလား မသွားရမလား ဝေခွဲမရဖြစ်နေတယ်..... Taeyeonနဲ့ အတူရှိနေတဲ့ Tiffanyကို သူ မမြင်ချင်လို့......ဒါပေမယ့် နောက်ကျလည်း တွေ့ရမှာဘဲ ဆိုပြီး ကန်တင်းဘက်ကို သွားလိုက်တယ်...... ကန်တင်းကို ရောက်တော့ Taeyeonနဲ့ အတူ ထိုင်နေတဲ့ Tiffanyကို တွေ့ပြီး Yuri ရင်ဘတ်ထဲ အောင့်ခနဲ ဖြစ်သွားတယ်.....ဒါပေမယ့် ဘာမှမဖြစ် ဟန်ဆောင်ပြီး ထိုင်ခုံတစ်လုံးကို ယူလိုက်ပြီး Sooyoungဘေးနား ၀င်ထိုင်လိုက်တယ်...... Sooyoung မုန့်စားရင်း
"Yuri.... Taeyeon နဲ့ Tiffany တို့ ချစ်သူတွေ ဖြစ်သွားကြပြီတဲ့.... "
Sooyoungရဲ့ စကားကို Yuri fake smileနဲ့ ပြန်ဖြေလိုက်သည်။
"Aww ဟုတ်လား :-) congratulation Taeyeon....."
"မနေ့က မင်း ဘာလို့ ကျောင်းကို မလာတာလည်း......Taeyeonရောဘဲ ကျောင်းကို မလာဘူး သူကတော့ Accidentသေးသေးလေး ဖြစ်လို့တဲ့ မင်းကရော......"
"ငါလား..... နေနည်းနည်းမကောင်းလို့ပါ😅...."
Yuriကို Tiffany လှမ်းကြည့်နေပေမယ့် Yuriကတော့ သူ့ဘာသာသူ မုန့်စားနေတယ်....
Yuri ကို ဘယ်လို တောင်းပန်ရမလည်းဆိုတာ Tiffany တယောက် စဉ်းစားနေတယ်......
နေ့လည် ထမင်းစားပြီးနောက် ဥယျာဉ်ထဲ အတွဲကိုယ်စီနဲ့ သာယာနေတယ် Yuriတယောက်ဘဲ ဖုန်းတစ်လုံးနဲ့ FAဖြစ်နေတယ်..... Sunny ပေါင်ပေါ် လှဲအိပ်နေတဲ့ Sooyoung တယောက် Yuriကို လှမ်းစလိုက်တယ်
"Yuri..... မင်းတယောက်တည်း FA ဖြစ်နေတယ်ကွာ..... ရည်းစားမထားတော့ဘူးလား..... ကောင်မလေးတွေကို စိတ်ကုန်နေတာလား အခုတလော မင်း အရမ်းငြိမ်နေတယ်......"
"😄😄 အင်း ငါ ကောင်မလေး တယောက်ကို စိတ်ဝင်စားပြီးကတည်းက တခြား ကောင်မလေးတွေကို တွဲဖို့နေနေသာသာ စိတ်တောင် မ၀င်စားတော့ဘူး....."
"အပြုံး မင်းသမီးလေးလား....."
Sicaနဲ့ အတူ မြက်ခင်းပေါ်မှာ လှဲအိပ်နေတဲ့ Yoona လှမ်းမေးလိုက်သည်။ Yuri သက်ပြင်းချပြီး Taeyeonနဲ့ ကြည်နူးနေတဲ့ Fanyကို တစ်ချက်ကြည့်ပြီး
"အင်း ဟုတ်တယ် အဲ့အပြုံးမင်းသမီးလေးကို ချစ်မိကတည်းက ငါ....."
"ဖွင့်ပြောလိုက်လေကွာ....."
"သူ့မှာ ဆိုင်သူရှိသွားပြီ Yoona😔😔😔😔"
"ချစ်သူရှိတာများ ယောင်္ကျားရှိတာမှ မဟုတ်သေးတာ လိုက်လို့ရပါတယ်ကွာ..."
"Hyung Yoona လျှောက်ပြီး မြောက်ပေးမနေနဲ့....."
Sunnyပေါင်ပေါ်ကနေ ထပြီး Yoonaကို Sooyoung ငေါက်လိုက်သည်။
"Hyungတွေ ငါတို့ ညနေကျ KTVသွားရအောင်....."
Taeyeon စကားကို Yoonaတို့ အားရပါးရ ထောက်ခံလိုက်သည်။
"Yeah.....သွားကြမယ်....."
"ငါ မလိုက်တော့ဘူး Taeyeon....."
"မင်းမှာ အတွဲမရှိလို့လား Yuri....."
"အာညီး ငါနည်းနည်း နေမကောင်းသေးလို့....."
"မရဘူးကွာ လိုက်ခဲ့....."
Taeyeonက ဇွတ်ခေါ်နေတာလည်း Yuriလည်း KTVကို လိုက်ပါမယ်ဆိုပြီုးကတိပေးလိုက်တယ်..... Fany တယောက် Yuriကို တောင်းပန်ချင်ပေမယ့် သူမနဲ့ မျက်လုံးချင်းဆုံတိုင်း အကြည့်လွှဲပစ်လို့
"Yul..... ငါ့ကို စိတ်ဆိုးနေတာထင်တယ် စကားလည်း မပြောဘူး ကြည့်လည်း မကြည့်ဘူး ဘယ်လို တောင်းပန်ရမလည်း😦...."
~~~~~~~~~~
KTVကို ရောက်တော့ စုံတွဲတွေကတော့ အတွဲသီချင်းတွေ ဆိုကြပြီး ကကြ ပျော်နေကြပေမယ့် Yuriကတော့ အရက်ဘဲ ထိုင်သောက်နေတယ်.....တော်တော်လေး ရေချိန်ကိုက်နေချိန် Yuriကို Yoona မိုက်ထိုးပေးလိုက်တယ်....
"Yuri....hyung အရက်ချည်း သောက်မနေနဲ့ တစ်ပုဒ်လောက် ဟဲအုံး....."
Yuriလည်း Yoona ပေးတဲ့ မိုက်ကို ယူပြီး
"တိတ်တိတ်လေးပါဘဲ ငါကြေကွဲရသူ
တိုးတိုးလေးပါဘဲ ငါငိုကြွေးခဲ့
အလွမ်းနဲ့ အထီးကျန်ဆဲငါ
အချိန်တွေကုန်တယ် မင်းအကြောင်း
အမြဲဘဲတွေးတာ
မင်းနဲ့နီးဖို့ အစွမ်းကုန် ငါကြိုးစား
ပေးဆပ်မှုအတွက် အနည်းငယ် ပြန်ချစ်မလား
အခုတော့ ဝေးပြီကွယ်
ငါ အသည်းတွေကွဲ
နင်ဟာ ဆိုင်သူရှိနေတယ်
တချိန်ချိန်မှာ ပြန်ဆုံကြမယ်
နာကျင်စရာတွေ ရှိခဲ့ရင်လည်း
ပြန်လာခဲ့ နှလုံးသားက
မင်းအတွက်ဆို မျှော်နေအုံးမယ်....."
Yuri မျက်လုံးမှိတ်ပြီး သီချင်းဆိုနေရင်း မျက်ရည်တွေ ကျလာတယ်...... Sicaလည်း Yuriကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေတယ်....
"Yoongie.....yuri သနားပါတယ်နော်..... သီချင်းဆိုရင်း ငိုနေတယ်....."
"ဟုတ်တယ်😔😔 သူကြိုက်တဲ့ ကောင်မလေးက တခြားတယောက်နဲ့ တွဲနေလို့တဲ့...."
"အားလုံးနဲ့ လဲပြီး ငါချစ်ခဲ့ရသူပါကွာ....
တကောက်ကောက်နဲ့ စောင့်ရှောက်လို့
မင်းရဲ့အနား ငါ အရိပ်ကလေးပေါ့
ချစ်သူရာ...... မင်းရဲ့ဘေးနား
အချိန်တိုင်း အမြဲ ရှိချင်တာ....
ငါ တိတ်တိတ်လေးပါဘဲကွာ...."
Yuri သီချင်းဆိုရင်းနဲ့ စိတ်မထိန်းနိုင်လို့ Sooyoungတို့ကို ခွင့်တောင်းပြီး အခန်းအပြင်ဘက်ကို ပြေးထွက်သွားတယ်....ပြီးတော့ အိမ်သာထဲမှာ အော်ငိုရင်း အိမ်သာက မှန်ကို လက်သီးနဲ့ ပိတ်ထိုးလိုက်တယ်.....
"အား..........."
အခန်းထဲကို ပြန်မသွားဘဲ Yuri အိမ်ကို ပြန်သွားတယ်.....အိမ်ကိုရောက်တော့ သူ့ရဲ့ Diary စာအုပ်ထဲမှာ သူခံစားနေရတာတွေ ချရေးလိုက်တယ်.....
"အချစ်မှာ သုံးယောက် ဖြစ်နေရင် တယောက်က ဖယ်ပေးရစမြဲတဲ့ ငါနင့်ကို အရင်ချစ်ခဲ့တာဆိုပေမယ့် နင်ချစ်တာ ငါမဟုတ်ဘဲ သူ....ဆိုတော့..... ငါ ဘေးဖယ်ပေးလိုက်ပါမယ်....ဒါပေမယ့် ငါ နင့်ကို လက်မလွှတ်နိုင်ဘူး Tiffany......
မနေ့က ငါဘယ်လောက် ခံစားရလည်း နင်သိလား ငါကတော့ မိုးရေထဲမှာ အကြာကြီးစောင့်နေချိန် 😅😅 နင် မလာနိုင်ဘူးဆိုလည်း ငါ့ဆီ ဖုန်းဆက်လိုက်ပါ့လား အေ့လေ Taeyeonက အရေးကြီးနေတော့ နင်ငါ့ကို ဖုန်းဆက်ဖို့ ဘယ်သတိရမှာလည်း နင် အရမ်း ရက်စက်တယ် Tiffany....."
Yuriလည်း သူရေးချင်တာရေးပြီး သောက်ထားတဲ့ အရှိန်ကြောင့် အိပ်ပျော်သွားသည်၊