(အခန်း ၂)
မဲ့ပြုံးစရှိတဲ့မျက်နှာလေးက ကျွန်တော့်အားစိန်ခေါ်နေသလိုပင်။ ကျွန်တော်အဖြေမရှာတတ်သည့် သူ့မျက်ဝန်းအစုံကို ငေးကြည့်နေမိသည်။သူ့အကြည့်တွေက ကျွန်တော့်ကိုစကားပြောနေသည့်နှယ်။ ရွှန်းရွှန်းလဲ့လဲ့ဖြင့် ကြည့်နေ၏။
ရုတ်တရက်..သူ့လက်ထဲမှဖန်ကွဲစသည် သူ့လည်ပင်းကိုထိုးစိုက်ရန်ရည်ရွယ်နေလေတော့ ။
What!
သူ အခု...ကိုယ့်ကိုကိုယ် suicide...
ကျွန်တော့်စိတ်မှာ ခြောက်ခြားတုန်လှုပ်ရသလို ကျွန်တော့်လက်တွေလည်း တုန်ယင်နေခဲ့သည်။အမှန်သာ မရှက်တမ်းဝန်ခံရလျှင်..ကျွန်တော်ကြောက်နေခဲ့သည်။
ဟင့်အင်း မဖြစ်ရဘူး။ သူ့ကိုရအောင်တားရမည်ဟု စိတ်ရဲ့အနက်ဆုံးထောင့်မှ အသံကုန်ဟစ်အော်လိုက်မိသည်။
"လွှတ် !! "
နားထဲသို့ဆောင့်ဝင်သွားသောအသံငယ်ကြောင့် မျက်နှာကိုရှုံမဲ့လိုက်ရသည်။ ပြင်းသောကိုက်ခဲမှုက လက်မောင်းရင်းကိုစူးနစ်ဝင်စေ၏။ လက်ဖဝါးသည်လည်း တဆစ်ဆစ်ဖြင့်နာကျင်ရသည်။
"ဘာလို့ ဆွဲထားတာလဲ ။ လွှတ်လို့.."
"ဟမ်..''
ကျွန်တော်ကြောင်ငေးနေမိသည်။ အသံငယ်ကိုထပ်ကြားလိုက်ရတော့မှ ကျွန်တော့်မှာသတိကပ်၏ ။ ကျွန်တော် ထိုကောင်လေးကို အသက်အန္တရာယ်မှတားဆီးနိုင်ခဲ့ပါသည် ။
သို့သော်.. ယခုအနေအထားသည် ဖန်ကွဲစကို နှစ်ယောက်ပြိုင်လုနေကြသလိုပင်။ ကိုယ့်လက်မှာလည်း သွေးများစီးလို့ ၊ သူလက်လေးမှာလည်း သွေးစများနှင့်။
ကောင်လေးက ဖန်ကွဲစကိုလုနေရင်းမှ...စိတ်တိုလာသောအခါ ကျွန်တော့်လက်မောင်ရင်းကို ဖိကိုက်လိုက်ခြင်းဖြစ်သည်။မရ မရှိစေရ...ပြန်လုရင်းမှစိတ်တိုလာသောကြောင့် အော်ဟစ်နေသံများကဆူညံပွက်လို့။ အခန်းထဲမှာလည်း ရုန်းရင်းဆန်ခတ်တွေဖြစ်ရသည်။
ကောင်လေးသည် ထိန်းမရအောင်သောင်းကျန်းနေရာမှ...ရုတ်တရက် ပျော့ခွေသွားသည်မို့ အရိုးသာသာရှိသောခန္ဓာကိုယ်လေးကို လှမ်းပွေ့လိုက်ရသည်။
"ကျွန်တော် သေမှ.."
ပါးစပ်လှုပ်ရုံသာပြောသော ကောင်လေးရဲ့စကားမှာ တစ်ဝက်တစ်ပျက်၌ ရပ်တန့်သွားလေသည်။ ကောင်လေးကိုပွေ့ချီ၍ ခုတင်ပေါ် တင်ပေးရသည်။ သူနာပြုအမျိုးသမီးက စိတ်ငြိမ်ဆေးထိုးပေးတာကြောင့် သူငြိမ်ကျသွားခြင်းဖြစ်သည်။
"အဲ့ဒါပဲ မောင်ထူးခြား။ ကောင်လေးက သူ့ကိုယ်သူသတ်သေတာမျိုးတွေလုပ်နေတာ။ဆေးလည်းမသောက် အစားလည်းမစားချင်...အနေတော့အေးပါတယ်။ခက်တာက သေမယ်ဆိုတာချည်းပဲ။သူသေရင် ပျော်ရမယ့်လူတွေရှိတယ်တဲ့။ အဲ့ဒါပဲပြောနေတာ။ဆရာကတော့ အဲ့ဒီကောင်လေးကို ပုံမှန်ပြန်ဖြစ်စေချင်တယ်။"
ဆရာကြီးပြောပြသည့် ကောင်လေးရဲ့အကျိုးအကြောင်းများကိုနားထောင်ပြီးနောက်..ကျွန်တော့်ဘက်မှ မေးခွန်းတချို့ကိုဖွင့်ဟမိသည်။
"သူ့မိသားစုကရော ဆရာ။ သူကဒီကိုရောက်တာကြာပြီလား..."
"ပြောရမယ်ဆိုရှည်တယ်။ ဖြည်းဖြည်းချင်း နောက်မှပြောကြမယ်ကွာ။ အခုတော့ .. မင်းလက်ကိုဆေးထည့်ရမယ်...လာ။"
"ဟုတ်ကဲ့ ဆရာ..''
ဆရာကြီးသတိပေးမှ ဒဏ်ရာကိုသတိရတော့သည်။ အခန်းထဲမှမထွက်ခွာခင် ကောင်လေးကိုပြန်လှည့်ကြည့်တော့ သူသည်ကုတင်ပေါ်တွင်ငြိမ်သက်စွာလဲလျောင်းနေ၏။
"သက်မာ...ကလေးကို ဆေးထည့်ပေးလိုက်ဦး ။ သေချာလည်းဂရုစိုက်ပြီးကြည့်နေနော်.."
ဆရာက ကောင်လေးကိုစိတ်မချခြင်းဖြင့် ဂရုစိုက်ပေးရန် သူနာပြုကိုအထပ်ထပ်အခါခါမှာနေတော့သည်။ သူနာပြုကလည်း...ဆရာကြီး လာကြည့်ပေးတာကိုပဲ ကျေနပ်ပြီး ခေါင်းတညိတ်ညိတ်နာခံလျက်ရှိ၏။
"စိတ်ချပါ ဆရာရယ် ။ သမီး သူလေးကိုဂရုစိုက်ပါ့မယ်"ဟု သူနာပြုကပြောသည်။ ကျွန်တော့်မှာတော့..သူ့ကိုပြန်ကြည်မိတိုင်း စိတ်ထဲ၌လစ်ဟာနေသလိုလိုခံစားရသည်။ ငေးမော၍ကြည့်မိပါက ရင်ဘတ်ထဲမှာပင် စူးအောင့်လာမိသည်။
"မင်းက..ဘယ်လိုကြောင့်လဲ ဖန်..''
ဟုတ်တယ်..ကောင်လေးနာမည်က ဖန် ။
ကျွန်တော်နှင့်ရင်းနှီးနွေးထွေးဖူးသော အခေါ်အဝေါ်တစ်ခု။
ဒိတ်...
ရုတ်ချည်းထခုန်သွားသောရင်ခုန်သံတစ်ချက်။
'ဖန်'လို့..စိတ်ထဲမှရေရွတ်လိုက်ရုံနှင့် ကျွန်တော့်ကိုပျော်ရွှင်ကြည်နူးမှုများလွှမ်းခြုံပါလျှင်...အသံထွက်၍ခေါ်ရမည်ဆိုပါက အတိုင်းအဆမဲ့ပျော်ရွင်သွားရလေမလားဟု ..ကြောင်တိကြောင်တောင်အတွေးများဝင်လာသဖြင့် ဦးခေါင်းကိုရမ်းပစ်လိုက်ရတော့သည်။
![](https://img.wattpad.com/cover/117998709-288-k179608.jpg)
YOU ARE READING
Romanceအချစ်နဲ့ မာနကြား စည်းတစ်ခုပဲခြားတယ်ဆိုရင်... အဲ့ဒီစည်းဟာ တွေဝေခြင်းပေါ့။ ဒါဆို တွေဝေခြင်းပေါ် ခြေစုံရပ်နေမိတာ ကျွန်တော်။ အကယ်၍များ ချစ်ခရီးလမ်းပေါ် ကျွန်တော် မာနဆမ်းခဲ့မိပါလျှင်... တလွဲမာနတွေ ရေစုန်မြောဖို့... ချစ်၊မိုးရေ စွေလိုက်ပါတော့လား။.... ...