Part 11(U+Z)
13.9K 1.2K 29
(အခန်း ၁၁)
ကျွီ..!
ကျယ်လောင်သည့်ကားရပ်သံကြောင့် ဒေါ်အေးငြိမ်းပိုင် မီးဖိုခန်းထဲမှအပြင်သို့
ပြေးထွက်လိုက်သည်။စိတ်ထဲတွင်လည်း ကားမောင်းကြမ်းသောနေသစ်ကို ဆူဖို့အဆင်သင့်ဖြစ်နေပြီ။အိမ်ရှေ့ရောက်မှ မထင်မှတ်ထားသောသူကိုတွေ့ရသဖြင့် အနည်းငယ်စိတ်ထဲလေးမိသည်။
"မမချယ်..."
သူမကပဲ ဦးစွာနှုတ်ဆက်လိုက်သည်။ကားပေါ်မှဆင်းလာသော ဒေါ်ချယ်ရီထူးကတော့ သူမကိုစူးစူးရဲရဲစိုက်ကြည့်နေသည်။
"နင်တို့ ဘာတွေပြောလိုက်တာလဲ ။နေထိ အခုအကုန်ပြန်မှတ်မိနေပြီ ၊ အဲ့ဒါ နင်တို့ကြောင့်ပဲ။"
ဒေါ်အေးငြိမ်းပိုင် ရှင်းပြရန်ကြိုးစားမိသည်။
"မဟုတ်ရပါဘူး..မချယ်။ပိုင်တို့မိသားစုက ဘာမှမပြောရပါဘူး၊ သားနေက လာလည်တာပါ။လာလည်ရင်းနဲ့ အကြောင်းတိုက်ဆိုင်ပြီးမှတ်မိသွားတာနေမှာ။ ပိုင်တို့ကိုလည်း ဘာမှမပြောခဲ့ဘဲပြေးထွက်သွားတာ။"
"ညည်း အခုမှရှင်းပြမနေနဲ့။အစကတည်းက ညည်းတို့မကောင်းလို့ အခုလိုတွေ ငါလုပ်နေရတာ။"
ဒီတစ်ခါတော့ ဒေါ်အေးငြိမ်းပိုင် အတော်လေးခံပြင်းမိသည်။နှစ်ကာလများစွာ သူများဥကို ကိုယ့်ဥလို့သဘောထားပြီး ရင်ငွေ့ပေးခဲ့ခြင်းအကျိုးရလဒ်က
ညည်းတို့မကောင်းလို့ဆိုတဲ့စကားလား။
"မကောင်းရအောင် ပိုင်က သားကိုဘာတွေများလုပ်ခဲ့မိလို့လဲ။ လူလားမမြောက်တဲ့အရွယ်လေးကိုကျွန်မပြုစုပျိုးထောင်လာတာ ကျွန်မကြောင့် ဒဏ်ရာတစ်ချက်ရခဲ့ဖူးလား။ စိတ်အနာတရ ရခဲ့ဖူးလား...မေးပါ။ နေထိ အသက်ရှင်နေပါသေးတယ် ..မချယ်။"
ဒေါ်အေးငြိမ်းပိုင်ရဲ့စကားအဆုံး ဒေါ်ချယ်ရီထူး၏လှောင်ရယ်သံပေါ်လာသည်။
"အပြောကောင်းတယ် အေးငြိမ်းပိုင်။ ဆက်ပြောပါဦး။ ငယ်ငယ်လေးကတည်းက ခဏခဏရန်ဖြစ်တာကရော ။ဖဲဝိုင်း ဂျင် အဲ့ဒီနေရာတွေကိုရောက်တာကရော ။နင့်သမီးတောင်ပါသေးတယ်လေ။ ဘာလဲ နင့်ဆုံးမမှုတွေကောင်းမွန်နေလို့များလား။ဆေးစွဲတယ်၊ အလေလိုက်တယ်၊မအေကို ရန်သူလို့ဆက်ဆံတယ်၊အို နောက်ဆုံး..ယောက်ျားချင်းကြိုက်တဲ့အထိ နင့်သွန်သင်မှုတွေ လက်ရာမြောက်ခဲ့တာလား...နင်ပြောဦးလေ။"
"မှန်တယ်...ကျွန်မကလေးတွေကို မဆုံးမဘူးပဲထား။ မချယ်ကရော သားကိုလှည့်ကြည့်လို့လား။"
"ဘာ!!"
ဒေါ်ချယ်ရီထူးအသံမှာ ကျယ်လွန်းသည်။အိမ်ပေါ်ထပ်ရှိ မြူးသစ်အထိ ထိုအသံကိုကြည်လင်ပြတ်သားစွာကြားရတာကြောင့်...မြူးသစ်ပိုင် လျင်မြန်စွာ အိမ်အောက်သို့ဆင်းလာခဲ့သည်။
"ဒါပေမဲ့ ကျွန်မကလေးတွေက သူတစ်ပါးထိခိုက်နစ်နာအောင်မလုပ်ဘူး။ မရမ်းကားဘူး..မရိုင်းဘူး..၊ မချယ် မှတ်ထားပေးပါ။ကျွန်မ..နေထိပိုင်ကို သားအရင်းလို့သဘောထားပေမဲ့ ကိုကြီးရဲ့သား တူကတူပဲ ။သားကိုဆုံးမရင် ချုပ်ချယ်တယ်လို့ သူမြင်မယ်ပေါ့ ။အဲ့ဒါကြောင့် လွတ်လပ်ခွင့်ပေးထားတယ်။ အဲ့ဒီလိုပဲ သူ့သားမဟုတ်လို့ ဘာလုပ်လုပ်ကြည့်နေတယ်။ သူ့သားသာဆိုလွှတ်ထားမှာမဟုတ်ဘူး ဆိုတဲ့အပြောကိုမခံနိုင်လို့ သမီးကိုပါ သားကိုထိန်းခိုင်းထားတယ်။အချိန်တန်ရင် အိမ်ပြန်လာတယ်၊အပြင်ထွက်ချင်ရင် ခွင့်တောင်းတယ်။
ရန်ဖြစ်ပြီးရင် ရန်ဖြစ်ရတဲ့အကြောင်းအရင်းကိုရှင်းပြတယ်၊..သက်သေပြတယ်၊...သူများအပေါ် အနိုင်ကျင့် နှိပ်စက်တာမျိုးမလုပ်ဘူး ။ ဖဲဝိုင်း၊ နိုက်ကလပ် စုံနေအောင်သွားရလည်း အဲ့ဒီနေရာကိုမသာယာဘူး ။ ဆေးစွဲတာမဟုတ်ဘူး မချယ်။ ဆေးသုံးမိတာ၊အဲ့ဒါတော့ ကျွန်မညံ့ဖျင်းခဲ့တယ်။
အမေလို့ပြောပြီး ကိုယ့်သား ဘာလုပ်နေမှန်းမသိခဲ့လို့။ ယောက်ျားလေးချင်း ချစ်တယ် ။ ကျွန်မ တားတယ် ။ဒါပေမဲ့ ကျွန်မရဲ့အခွင့်အရေးကိုမသုံးခင် မချယ်ရဲ့အစွမ်းနဲ့ကိုကြီးလက်သီးပြင်းလို့အကုန်လုံးရှုပ်ကုန်တာ အဲ့ဒါလည်း ကျွန်မအပြစ်ပဲလား။"
​​ ဒေါ်အေးငြိမ်းပိုင် မျက်ရည်တွေကြားမှ တုန်ယင်စွာပြောဆိုပြီးနောက် ငိုချလိုက်တော့သည်။လူဆိုတာ ဗဟုသုတစုံရမည်ဆိုပြီး ကလေးတွေကိုမသွန်သင်ဘဲ အလိုလိုက်တတ်တဲ့ ပိုင့်ယောက်ျားရဲ့အပြစ်လည်းမကင်းပါ။
"နင်တို့မောင်နှမတွေ ဆင်ခြေကောင်းကောင်း ပေးတတ်တယ်။ပျက်စီးနေတဲ့ ငါ့သားကို ငါပြန်ထိန်းချုပ်တာကပဲ လွန်သလိုပြောနေတယ်။အေး..ငါကတော့ နင့်အစ်ကိုကို ကလေးပေးထားမိတာမှားတာပဲ။ အခုတော့ ဘယ်လိုမှ ပဲ့ကိုင်လို့မရတော့ဘူး။"
ဒေါ်ချယ်ရီထူးက စိတ်ပျက်လက်ပျက်ပြောသည်။အေးငြိမ်းပိုင်ကလည်း ငိုနေတုန်းပဲ။မြူးသစ်ရောက်လာတော့ ငိုနေတဲ့အမေ့ကိုကြည့်ပြီးစိုးရိမ်ကာ အမေ့အနားပြေးကပ်လိုက်သည်။
"ဘာဖြစ်တာလဲ..မေမေ.."
မြူးသစ်မေးပေမဲ့ အမေက ခေါင်းခါပြသည်။
"ဘယ်မှာလဲ...နေထိ နဲ့ ကြိုက်နေတဲ့ကောင်ရဲ့ လိပ်စာ။"
ခပ်မာမာလေသံနဲ့မေးလာသော ဒေါ်ချယ်ရီထူးကိုကြည့်ပြီး မြူးသစ် စိတ်မပါဘဲ အော်ရယ်ပစ်လိုက်သည်။
"နေထိကိုမေးလိုက်ပါလား အန်တီရယ်။ နေထိနဲ့ ကြိုက်နေတဲ့အကောင်မပြောနဲ့ ။နေထိကိုတောင် မနက်ကမှ ပြန်ပြီးစကားပြောရတဲ့မြူးတို့ကို လာမမေးသင့်ဘူး။..ပြီးတော့..နေထိပိုင်ဆိုးသမျှ ဒီမိသားစုမကောင်းလို့ဆိုတာကို ရဲရဲကြီး အန်တီပြောရဲလို့လား..."
ဒေါ်ချယ်ရီထူး  နှုတ်ဆိတ်သွားရသည်။
"မိဘတွေဖြစ်တဲ့ ကျွန်မတို့အားလုံးမကောင်းခဲ့တာ..."
ဒေါ်အေးငြိမ်းပိုင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်သည်။ဒေါ်ချယ်ရီထူးကတော့ ခြေလှမ်းတို့နောက်ဆုတ်ကာ ပြန်ထွက်သွားသည်။
'ငါ့ကိုကျော်နိုင်မလား ငါ့သားနေထိပိုင် 'လို့သာ ဒေါ်ချယ်ရီထူးကြုံးဝါးနေတော့သည်။
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
ကားတစ်စီးသည် ပြင်းစွာအရှိန်ဖြင့် လမ်းမဘေးထိုးရပ်လိုက်သည်။နေထိပိုင် အချိန်ကိုကြည့်မိတော့ နေမွန်းတည့်ချိန်၁နာရီကျော်ဖြစ်နေပြီ။နေခပ်ပြင်းပြင်းပူနေတာမို့ ခန္ဓာကိုယ်ကလည်း ချွေးထွက်များပြီး နုံးချင်နေသည်။ထို့အပြင်..အချစ်နာပါကျရမယ်ဆိုရင်တော့..မဖြစ်တော့ပြီ။
ခြံပြင်မှာကားကိုထားခဲ့ပြီး ခြံတံခါးဖွင့်၍အိမ်ထဲဝင်ကာ အခန်းထဲမှ လိုအပ်မည့် အရေးပါပစ္စည်းတို့ကို Luggageထဲသို့ ထိုးသိပ်ထည့်လိုက်သည်။ဒီအိမ်မှာ နွေးထွေးမှုတွေပေးခဲ့တဲ့ အမေဟာ..တကယ်တော့ ကျွန်တော့်ကိုအစားထိုးခဲ့တာလား။
ဒီနေ့သည်.. အဆိုးရွားဆုံး အနာကျင်ရဆုံးဖြစ်သည်။
ကျွန်တော် လျစ်လျူရှုခဲ့သည့်အချစ်အတွက် နှမြောတသဖြစ်ရခြင်း။ သားချင်းအတူတူကိုအစားထိုးခံခဲ့ရ၍ ဝမ်းနည်းရခြင်း။ယုံကြည်ရသော သေဖော်သေဘက်လို့သတ်မှတ်ထားသည့် မောင်နှမများ၏ အလိမ်အညာကိုခံစားရခြင်း..။
အစ်ကို အရမ်းနာကျင်နေရပြီ..ဖန်။
နေထိပိုင် ဟိုတယ်တွင် အခန်းငှါးပြီးနေဖြစ်သည်။
မှောင်လုဆဲကောင်းကင်ကိုကြည့်ရင်း  သူတီးတိုးပြောနေသည်။
"ဘယ်တွေများရောက်နေတာလဲ ကောင်လေးရာ။ မင်းကဘုမသိဘမသိနဲ့။အစ်ကို ဝဋ်လည်နေပြီ...အစ်ကို အခု'ဖန်' ခံစားရတာကိုသိလေ ထပ်ခါထပ်ခါနာကျင်ရလေဖြစ်နေပြီ။"
သူ ညနေစောင်းသည်အထိ သူငြိမ်းအောင်ဖန်အိမ်ရှေ့မှာ ရပ်စောင့်နေခဲ့သော်လည်း ပြန်ရောက်မလာသည့်ကောင်လေးကြောင့် ရင်ပူနေရသည်။
ကိုယ်မသိဘဲ မင်းမသိဘဲ ကိုယ့်နှလုံးသားကို မင်းအပိုင်ရလိုက်ပါတယ်...