Part 10 (U+Z)
15.5K 1.2K 21
(အခန်း ၁၀)
ဝေးကွာသွားသောကားလေးကို တစိမ့်စိမ့်ကြည့်ရင်း ကျွန်တော် တုန်လှုပ်ခြင်းမရှိရပ်နေမိသည်။တားခွင့်မရှိ တား၍မရ မတားနိုင်သောအရာသည် ထိုကားနောက်ခန်းထဲမှလူသား၏ နှလုံးသားလေးဖြစ်မည်။
"ပင်ပန်းခဲ့တယ်မလား ဒေါက်တာ။" ဆိုသောအသံကိုကြားရသည်။ သို့သော် ကျွန်တော်မဖြေကြားနိုင်ဘဲ နာကျင်ခြင်းများစွာအား အံတုနေရ၏။
ကျွန်တော်ဂရုမစိုက်မိခဲ့သမျှအချိန်က ကောင်လေးရဲ့နာကျင်မှုသည် အခုတော့ ကျွန်တော့်ဆီတစ်ပတ်ပြန်လာခြင်းဖြစ်ပါလိမ့်မည်။
"အားလုံးသိလိုက်ရတာက ပိုပြီးပင်ပန်းတယ်မလား"
ထိုစကားကိုတော့ ကျွန်တော်သက်ပြင်းချရင်းဖြေလိုက်သည်။
"သူက ပိုပင်ပန်းမှာပါဗျာ။"
သူလည်း ပင်ပန်းမယ်။ ကျွန်တော်လည်းပင်ပန်းတယ်။သူက ချစ်လျက်ဖြင့် ကျွန်တော်နှင့်ဝေးအောင် နေမည်ဖြစ်သောကြောင့် ပင်ပန်းရလိမ့်မည်။ကျွန်တော်ကတော့ ချစ်သူတစ်ယောက်ကိုချစ်လျက်နှင့် ရင်တွင်းဒဏ်ရာတွေ ထပ်ကာထပ်ကာပေးနေရသောကြောင့်ဖြစ်သည်။ အတိတ်မေ့နေတုန်းက သတိပြန်ရချင်လို့
ပင်ပင်ပန်းပန်းစဉ်းစားရသည်။ အကုန်လုံးကိုသတိပြန်ရပြီဆိုတော့ အရင်က
ကိုယ့်လုပ်ရပ်တချို့ကြောင့် ပင်ပန်းရပြန်သည်။ ကျွန်တော်တို့သည် ပင်ပန်းခြင်း၌သာ လုံးထွေးနေကြရသည်။
"ပြေးလိုက်ချင်တဲ့အခါ ပြေးလိုက်ပါဒေါက်တာ။ ရပ်နေတာကမှ နောင်တတွေပိုက်ထားရတယ်နော်.."
"ကျွန်တော့်ကို ပြန်ခွင့်ပြုပါ အစ်မ။"
ကျွန်တော် မသက်မာကိုနှုတ်ဆက်၍ ထွက်လာခဲ့သည်။မသက်မာပြောသည့် စကားကိုတော့ စွဲမြဲစွာမှတ်သားမိသည်။ပြေးလိုက်ချင်တဲ့အခါ ပြေးလိုက်ပါတဲ့..။
ကားစတီယာရင်ပေါ်လက်တင်လိုက်မှ လက်ထဲကစာရွက်ကို သတိပြုမိသည်။ တမြတ်တနိုးသိမ်းခဲ့ဖူးသောစာရွက်လေးမှာ ယခုကိုယ့်လက်ထဲ၌ ကြေချင်နေပြီဖြစ်သည်။
နောက်တစ်ကြိမ် စာရွက်ပြန်ဖြန့်ကြည့်လိုက်တော့...စာရွက်အဖြူလေးရှိစာလုံးလေးများ...
*ဒီနေ့ မိုးစရွာတဲ့နေ့ ..
ဒီနေ့ ကောင်လေးကိုစတွေ့တဲ့နေ့..ကြည့်လို့ကောင်းလိုက်တာသူ့မျက်ဝန်းလေးက ။ကလေးရဲ့မျက်ဝန်းကြည်ကြည် အပြုံးချိုချိုနဲ့ စကားသံဝဲဝဲ *
ပြန်ကာတွေးတော့ ကိုယ်ပြုံးမိလိုက်ပါ၏။
စိတ်ပျက်လက်ပျက်ဖြင့် အနောက်ဘက်ကိုခေါင်းမှီချလိုက်သည်။
ဤစာရွက်ကို ဖန် မြင်စေချင်သည်။ဒါပေမဲ့ ကျွန်တော်အရင်ကလည်းမပြခဲ့သလို ..အခုလည်းပြဖြစ်လိမ့်မည်မဟုတ်ပါ။
ကျွန်တော်ကြောင့် ဖြူစင်သော'ဖန်'ဘဝလေး ထပ်၍သိမ်ငယ်ရမည်ကိုစိုးရွံမိသည်။ကျွန်တော်နားတွင်ရစ်ပတ်၍ 'ဖန် 'အနာဂတ်များဝေးဝါးရမည်ကို စိုးရွံမိသည်။'ဖန်' မသိသောကျွန်တော့်အချစ်ကြောင့် ကျွန်တော့်အချစ်ကို ဖန်မမြင်နိုင်အောင် ဖုံးကွယ်မျိုသိပ်ထားသည်။