Part 46 (U+Z)
9.5K 817 142
အခန်း ၄၆
နေထိပိုင်တို့အသိုင်းအဝိုင်းမှာ နေထိပိုင်နာမည်က မိုးမလင်းခင်ကတည်းကဟိုးလေးတကျော်ကျော်ပေါ့။
နေထိပိုင်နဲ့သူငြိမ်းအောင်ဖန်ကို တိုက်ခန်းထဲမှာ ပုံပျက်ပန်းပျက်တွေ့ရတယ်တဲ့။
ထိုသတင်းဟာ မနက်မိုးလင်းတာနှင့် ဆူပွက်လာ၏။
"မင်းကွာ...သိပ်ရှက်ဖို့ကောင်းတယ်။''
အဖေကပြောပြီးပြီးချင်း ပါးစောင်ကို လက်သီးနှင့်ဆုံးမသည်။နေထိပိုင်ရယ်ချင်တာ အူလှိုက်အသည်းလှိုက်ပေါ့။ သိပ်ရှက်ဖို့ကောင်းတယ်တဲ့။ ရှက်စရာကောင်းရအောင်...နေထိပိုင် ဘယ်လိုပြစ်မှုမျိုးကိုမှမကျူးလွန်ရသေး။
"မင်းပဲမျက်နှာပြောင်တိုက်ပြီး ဘာမှမဖြစ်သလိုနေနိုင်တယ်။ မင်းရဲ့ သတင်းဆိုးက အပုတ်နံ့လိုပဲ ။''
ကျွန်တော် အရမ်းရယ်ချင်သည်။အဖေပြောတဲ့စကားတွေက ရယ်စရာမပါဘဲ ဟာသမြောက်နေ၏။
အစကတည်းက ဘယ်သူ့ကိုမှအရေးမထားဘဲကြီးပြင်းလာတဲ့နေထိပိုင်အတွက်တော့ ဘယ်လိုမှကိုမဖြုံ ။ အဖေ့စကားကလည်း ဘယ်ဝင်ညာထွက်။ မေပိုင် အိပ်ရာထဲလဲနေတာကိုတော့ နေထိစိတ်မကောင်းဖြစ်မိသည်။
"သဘက်ခါဆိုရင် မင်း...နုနယ်နဲ့ စေ့စပ်ရမယ်။''
ရောက်ကတည်းကကျောက်ရုပ်လိုငြိမ်ပြီး တစ်လုံးမှဝင်မပြောဘဲနေတဲ့ ဒေါ်ချယ်ရီထူး၏ တည်ငြိမ်စွာပြောလိုက်သောစကားကြောင့် အားလုံးရဲ့အကြည့်ဟာ သူမဆီရောက်ရှိသွားလေသည်။
"ဘယ်လောက်ကြီးတဲ့ကိစ္စဖြစ်ဖြစ် တိုးတိုးတိတ်တိတ်ဖြေရှင်းလည်းရတာကို ငတုံးတွေလိုပဲ ဟိုဘက်ကဗိုလ်ဆိုတဲ့ကောင်က အော်ကြီးဟစ်ကျယ်ခြေပါလက်ပါလုပ်သွားတာ။ ကျွန်မလုံးဝမကျေနပ်ဘူး ။ကိုမင်းပိုင် ရှင့်သားကိုရှင်ရအောင်ထိန်း။ ကျွန်မကတော့ မိပိုင်လိုလည်း အိပ်ရာထဲလဲတဲ့အထိအားမနည်းသေးတော့ ကျနေတဲ့သိက္ခာကိုပြန်ဆယ်ဖို့ နေထိကို နုနယ်နဲ့ စေ့စပ်ပေးမယ်။''
ယခုအခါမှ ညှိနှိုင်းရေးလုပ်နေသောအမေ့ကြောင့် နေထိအတွက် အနာပေါ် ဆားအုံပြီး သံပုရာရည်ညှစ်ထည့်လိုက်သလိုပင်။စူးရှစပ်ဖျင်းသောနာကျင်ခြင်းမျိုးပေ။