(အခန်း ၉)
ရာသီဥတုသည် ကိုယ့်ဘက်ပါသည်ဟု ဆိုရလေမလား ။ မိုးမရွာ၍ နေသာထွန်းသောကြောင့် ဖြစ်သည်။ ကျွန်တော် မိုးရာသီကို မနှစ်သက်..။
မိုးရွာနေလျှင် တစ်ယောက်တည်းနေရပါက သွေးပျက်မတက် ကြောက်ရသည်။
မိုးရာသီကဲ့သို့ အမှောင်ကိုလည်းကြောက်သည်။ ဘဝမှာ ကြောက်စရာတွေ၊ ထိတ်လန့်စရာတွေ...များစွာခံစားနေရသည့်ကျွန်တော့်အဖို့ 'အရူး' ဆိုသည့် အခေါ်အဝေါ်နှင့်ရင်းနှီးခဲ့သည်မှာ အသက်၈နှစ်အရွယ်ကတည်းကမို့ အခုမှ အရူးဖြစ်ရမှာကိုမစိုးရိမ်တော့။
သူငြိမ်းအောင်ဖန် သူ့လွယ်အိတ်ထဲကို ရှပ်အင်္ကျီတစ်ထည်ကောက်ထည့်ရင်း တွေးနေခြင်းဖြစ်သည်။မျက်လုံးကလည်း ဟိုကြည့်သည်ကြည့်ကစားနေ၏။ တစ်ခုခုကို ရှာနေသလိုမျိုး။ထိုပုံစံကို ဘေးနားကကြည့်နေတဲ့သက်မာ မနေသာတော့ဘဲ မေးလိုက်ရတော့သည်။
"ဘာရှာနေတာလဲ ...သူလေးရဲ့..."
အပြင်ကိုအကြည့်မပျက်ဘဲ သက်မာအမေးကိုဖြေလာသည်။
"အစ်ကို...အို...အာ မရှာပါဘူး မမသက်။"
ကိုယ့်အတွေးနှင့်ကိုယ် တွေ့လို့တွေ့ငြားရှာလို့ကောင်းနေတုန်း ရုတ်တရက် မမသက်မေးတာကို လွှတ်ခနဲဖြေမလိုဖြစ်ပြီးမှ ကိုယ့်စကားကို ကိုယ်ပြန်
ထိန်းသိမ်းလိုက်ရသည်။ဟူး..တော်သေးတာပေါ့..မိတော့မလို့ ။
အနီးကပ်နေရလျှင် မခံစားနိုင်လို့၊ အဝေးမှာနေလျှင် ကိုယ့်ခံစားမှုများသက်သာလေမလားအတွေးနှင့် ထွက်သွားဖို့ပြင်နေပေမဲ့ အားမရှိဖြစ်နေသည်။ မမြင်ရအောင်ထွက်သွားဖို့ ကြံစည်ထားသော်ငြား တစ်ခါလောက် မျက်နှာလေးမြင်ရလျှင် ကျေနပ်ပါပြီဆိုပြီး မသိမသာလိုက်ရှာနေသော ကိုယ့်ကိုယ်ကိုယ်လည်း အံသြရသည်။
ကျွန်တော်က အမြဲအထားခံခဲ့ရတော့..ကျွန်တော် ထွက်မသွားတက်ဘူး။
"သူလေးရေ..မမသက် မောင်လေးအတွက် ဆေးထုတ်မို့လို့ အရင်သွားနှင့်ပြီ..နောက်ကလိုက်ခဲ့နော်၊ ..အငှါးကားလည်း ခေါ်ထားတယ်။"
ထိုင်ခုံမှထရပ်ရင်း မမသက်က ပြောပြောဆိုဆိုနှင့် ထွက်သွားသည်။
'ဒီနေ့ ဒေါက်တာထူးခြားပိုင် နားတယ်' လို့ မမသက်ပြောကတည်းက မလာမှန်းသိရက်နှင့် မတွေ့ရတော့မှာသေချာတာကို ..ထပ်ပြီးနာကျင်ချင်လွန်းလို့ စောင့်မိပြန်သည်။အစကတည်းက ဘာမျှမရှိသောအခန်းမို့ ရှင်းစရာတော့မရှိ ။ဒီအခန်းမှ ထွက်သွားရတော့မည်။မကြာမီ ဒီအခန်းထဲသို့ လူနာအသစ်တစ်ယောက်ရောက်လာမည် ။
"နောက်လာနေမယ့်လူနာ ကျန်းမာပါစေ။"
ကျွန်တော် ဆုတောင်းပေးလိုက်သည်။ခုတင်ကို မခွဲခွာချင်သောစိတ်ဖြင့် ငေးကြည့်လိုက်သေးသည်။သက်မဲ့ပစ္စည်းတွေကိုပင် အလေးအနက်ခင်မင်
လွန်းသည့် ကျွန်တော်အကျင့်သည် သက်ရှိလူသား နှလုံးသားဖြင့်မြတ်နိုးရသူဆိုလျှင်တော့ ..ပို၍ ပို၍ ..။အစွဲအလမ်းကြီးသည့် အကျင့်ကိုလည်းဖျောက်ရဦးမည်။
သူငြိမ်းအောင်ဖန်...သူ နှစ်နှစ်နီးပါးခိုနားခဲ့ရသော အခန်းထဲမှထွက်သွားဖို့ ခြေလှမ်းအစ ။ဘွားခနဲရောက်ချလာသောလူကြောင့် အူလည်လည်ဖြစ်သွားရသည်။ထိုလူသားသည် ကောင်းကင်ပေါ်မှကျလာသည်မဟုတ်သလို ၊ Teleportation powerရှိနေသူလည်းမဟုတ်ကြောင်း သူလေးအသိဆုံးဖြစ်သည်။နေပူပူမှာချွေးဒီးဒီးကျ၍ ရောက်လာသူမှာ ဒေါက်တာထူးခြားပိုင် .. ကျွန်တော်သိတဲ့ အစ်ကို...။တကယ်တွေ့ချင်နေသောသူကိုတွေ့ရလို့ ထခုန်မတက်ပျော်နေပေမဲ့ ခပ်တည်တည်မျက်နှာနှင့်"ဘာဖြစ်လို့လဲ ဒေါက်တာ.." ဟုမေးလိုက်သည်။
ကျေးဇူးပြုပြီး...နောက်ဆုံးအနေဖြင့် ဖန်ကိုလာတွေ့တာလို့ပြောလိုက်ပါဗျာ..။
အစ်ကို့ဆီမှ ထွက်လာမည့်စကားကိုမျှော်ရတာ အသည်းတယားယားနိုင်လိုက်တာ ။ကြာလျှင် အမှန်ရူးနိုင်ချေရှိသည်မို့ ပါးစပ်ထဲတွေ့တဲ့စကားသာ ပြောချလိုက်သည်။
"ကျွန်တော် ဆေးရုံကဆင်းခွင့်ရပြီ ဒေါက်တာ။ အဲ့ဒါကြောင့် နှုတ်ဆက်ပါတယ်။ ဒေါက်တာ ကို..ထူး.. ခြား.. ပိုင်..."
မသိမသာရယ်လိုက်တဲ့အစ်ကို့ကြောင့် ကိုင်ထားသောကျောပိုးအိတ်ကြိုးကိုသာ တင်းတင်းဆုပ်ထားမိသည်။ကျွန်တော်ရွဲ့ပြောမှန်း အစ်ကိုကသိတာလား ။
"ဟို....."
စကားတစ်ခွန်းအတွက် မနည်းအားခဲနေရတဲ့ အစ်ကိုပုံစံကိုမြင်ရတော့ စိတ်မကောင်းဖြစ်မိသည် ။
"ဖန်..အစ်ကို တောင်းပန်.."
မပြောနဲ့ အစ်ကို...စကားကို ရှေ့မဆက်နဲ့။ ကျွန်တော် အခု အစ်ကိုကို့မေ့ပစ်တော့မှာ။
'ဖန်´လို့အစ်ကိုခေါ်တိုင်း ကျွန်တော်အသည်းခိုက်အောင်နာတယ်။ကျွန်တော့်ကို မချစ်နိုင်ဘဲ ကြင်နာပြမနေပါနဲ့တော့..။
"အာ....မမသက်ကို ပြောစရာရှိလို့ထင်တယ်။ကျွန်တော့်အတွက် ဆေးသွားယူပေးနေလို့ တအောင့်နေရင်ပြန်လာမှာဗျ။"
ပြောချင်ရာပြောချလိုက်တဲ့ကျွန်တော်ကြောင့် နာကျင်ရိပ်သန်းသွားသည့်အစ်ကို့အမူအရာက ကျွန်တော့်ကိုပဲထပ်ကာနာကျင်စေရပြန်ပါပြီ။
"သိနေတယ်မလား ။မှားနေတာကိုသိတယ်မလား ။ ဘာလို့ဘာမှမပြောခဲ့တာလဲ။"
အစ်ကို့အမေးကို ကျွန်တော့်မဖြေခိုင်းဘဲ.. အစ်ကိုပဲဖြေကြည့်ပါဦး။
"ကျွန်တော်ပြောတာကို ဘယ်တုန်း က ယုံဖူးတာလဲ။ အရူးစကားကို ဆရာဝန်ကယုံမယ်တဲ့လား.."
"မင်းမှ မရူးဘဲ..." တဲ့။
ဟုတ်တယ် ကျွန်တော်မရူးဘူးဆိုတာ တစ်လောကလုံးမှာသိတဲ့လူ အစ်ကိုတစ်ယောက်ပဲရှိတယ်။အဲ့ဒါကြောင့်လည်း အစ်ကိုကကျွန်တော့်အတွက်ထူးကဲနေခဲ့တာ။
"ထားခဲ့တဲ့လူပြန်မလာမှာကို ကျွန်တော်သိတယ် ဒေါက်တာ၊ မမျှော်လင့်တော့ဘူး။ အခု ကျွန်တော် အဆင်ပြေနေပြီ ။ပြန်အစမဖော်တာ အကောင်းဆုံးနည်းပါ။..သွားခွင့်ပြုပါ အစ်ကို..."
ဒါ.. နောက်ဆုံးနှုတ်ဆက်ခြင်းပါ အစ်ကို။ တစ်ခါလောက် ဆွဲထားပါလား .။ အစ်ကိုထားခဲ့တုန်းက ကျွန်တော်စောင့်ခဲ့သလို ကျွန်တော်ထွက်သွားမယ်ဆို အစ်ကိုကဆွဲထားပေးပါလား ။
"သေချာအောင်ပြောခဲ့ပါ ဖန်၊ အခုကိုယ့်ကို ထူးခြားပိုင်လို့ မြင်လား။နေထိပိုင်လို့ မြင်လား။"
နောက်ဆုံးတော့လည်း စိတ်ကူးက စိတ်ကူးပါပဲ။ အစ်ကိုက ကျွန်တော်ကိုဆွဲထားဖို့ထက် မေးခွန်းတွေကိုပဲမေးနေပြန်ပါပြီ။
ရိုးရှင်းသောအဖြေပါ အစ်ကို။
"ကျွန်တော့်အမြင်က အဓိကမဟုတ်ပါဘူး။ ထူးခြားပိုင်က ထူးခြားပိုင်ဖြစ်ပြီး နေထိပိုင်က နေထိပိုင်ပဲဟာ။"
နေထိပိုင်ကို ထူးခြားပိုင်အဖြစ် ပြောင်းလဲလို့မရပါဘူး။ ခဏလောက်ပဲ မျက်နှာဖုံးစွပ်လို့ရခဲ့တာပါ။
"အခု အစ်ကို.. နေထိပိုင်ဖြစ်ခွင့်ရှိရဲ့လား..."
အစ်ကို့မေးခွန်းကိုဖြေဖို့ မာန်တင်းထားရသည်။ နောက်ထပ် အရည်ပျော်မကျအောင်လို့။ အစ်ကို့စကားတွေက ကျွန်တော့်ကိုရုန်းမထွက်အောင်လုပ်နေတာပဲ။ ဆွဲထားစေချင်တဲ့ဆုတောင်းပြည့်ပေမဲ့ ကျွန်တော်စိုးရိမ်ရပြန်တယ်။ကျွန်တော်က အချစ်ထဲမှာနေ အချစ်ထဲမျောပြီး...အစ်ကိုကတော့'မသွားပါနဲ့လို့ 'တစ်ခွန်းတားမည့်သူ မဟုတ်လေတော့၊...မပြတ်သားတဲ့ ကျွန်တော့်စိတ်ကိုပဲမုန်းမိပါ၏။
ထူးခြားပိုင်ကလိမ္မာလို့ ကျွန်တော်သဘောကျတာမျိုး မခံစားဖူးဘူး။သဘောကျလျှင်လည်း ခံစားချက်ကဖြူစင်၏..။ နေထိပိုင်ကဆိုးလို့ လူဆိုးလို့
တစ်ခါမျှ မမြင်မိဘူး ။ ခံစားချက်ကတော့ အရောင်ယှက်နွှယ်တယ်။ ဒါပေမဲ့ အစ်ကိုဆိုးခဲ့သမျှက ကောင်းခဲ့သမျှနှင့်ယှဉ်မိလျှင် ကျွန်တော့်မှာ ဘာမျှပင်မခံစားလိုက်ရ။
"ကျွန်တော်ချစ်တာ နာမည်ကိုမဟုတ်ဘူး။ဒါပေမဲ့ ကျွန်တော့်ချစ်သူနာမည်က နေထိပိုင်ဖြစ်နေပြီး ကျွန်တော်ချစ်တာနေထိပိုင်နှလုံးသားကိုပဲ။"
အရှုံးပေးပြီး ဝင်လာတာမို့...အရှုံးနဲ့ပဲ ပြန်ထွက်ပေးပါ့မယ်။ အကြိမ်ကြိမ်ပြောပေမဲ့ အခါခါနားမလည်သူကို ထပ်ခါထပ်ခါ မြတ်နိုးလွန်းခြင်းဖြင့်..
"ကျွန်တော် ကိုနေထိပိုင်ကိုချစ်တယ်။"
"ကျွန်တော်ချစ်တဲ့နေထိပိုင်က ဒေါက်တာထူးခြားပိုင်လို့ပြောတဲ့ အစ်ကိုပဲ။ နှုတ်ဆက်ပါတယ်။ အစ်ကို ဝမ်းသာမှာပါ၊ ကျွန်တော် အစ်ကိုနဲ့မပတ်သတ်တော့ဘူး။ ဒါပေမဲ့ ဟိုအရင်လိုပဲ..ချစ်တယ်.."
ထွက်ခွာဖို့ပြင်ဆင်ထားသော ခြေလှမ်းတို့ကိုအားဖြည့်ရင်း စတင်ထွက်လာခဲ့သည်။ဝမ်းနည်းနေမည့် အစ်ကို့ကိုမကြည့်ရက်သော်ငြား..
ကျွန်တော်ကိုယ်တိုင်လည်း ကြေကွဲပင်ပန်းနေရ၏..။
![](https://img.wattpad.com/cover/117998709-288-k179608.jpg)
YOU ARE READING
Romanceအချစ်နဲ့ မာနကြား စည်းတစ်ခုပဲခြားတယ်ဆိုရင်... အဲ့ဒီစည်းဟာ တွေဝေခြင်းပေါ့။ ဒါဆို တွေဝေခြင်းပေါ် ခြေစုံရပ်နေမိတာ ကျွန်တော်။ အကယ်၍များ ချစ်ခရီးလမ်းပေါ် ကျွန်တော် မာနဆမ်းခဲ့မိပါလျှင်... တလွဲမာနတွေ ရေစုန်မြောဖို့... ချစ်၊မိုးရေ စွေလိုက်ပါတော့လား။.... ...