Intro

11.3K 646 17
                                    

အထက်​တန်း ပထမနှစ်​​အခန်း​တွေဘက်​ ​လျှောက်​လာမိ​သော ​ခြေလှမ်း​တွေမှာ ဦးတည်​ချက်​က ​ရေ​ရေရာရာမရှိ။ ဒီတိုင်း ပျင်း၍ ထွက်​လာခဲ့ခြင်းသာ......

သို့​သော်​ ဦးတည်​ချက်​ရှိပုံ​ပေါ်သူ တစ်​​ယောက်​က​တော့ ထုံးစံမပျက်​ ကျွန်​​တော့်​ကို ပြုံးပြလာသည်​။ သူက
Kim jongdae.....

'ဘယ်​သွားမလို့လဲ'

'Yeol အသိ ညီ​လေးတစ်​​ယောက်​ကို ​ကျောင်းလိုက်​အပ်​​ပေးမလို့'

'Yeol အသိဆို yeol အပ်​​ပေးမှာ​ပေါ့'

ကျွန်​​တော့်​၏ ဘုကလန့်​အ​ပြောတွင်​ jongdae က ပြုံး၍ ​နေသည်​။ ထိုသို့ စကားနည်းခြင်း​ကြောင့်​လည်း ကျွန်​​တော့်​ သူငယ်​ချင်း ဖြစ်​လာသည်​ ထင်​ရသည်​။

အင်း....သူငယ်​ချင်းလို့ ​ပြော​ရလောက်​​အောင်​​တော့လည်း မရင်းနှီးလှပါ။ လမ်းမှာ ​တွေ့လျှင်​ ပြုံးပြ​ဖော်​ရခြင်းဖြင့်​ပင်​ ကျွန်​​တော့်​အတွက်​ တစ်​ဦးတည်း​သော ရင်းနှီးသူ ဖြစ်​သည်​။

'ပျင်းရင်​ ငါနဲ့ အ​ဖော်​လိုက်​ခဲ့​လေ'

'အင်း'

Jongdae က ကောင်​​လေးတစ်​​ယောက်​နှင့်​ စကား​ပြော​နေသည်​။ ကျွန်​​တော်​နှင့်​ မဆိုင်​သဖြင့်​ ခပ်​လှမ်းလှမ်းမှသာ ​စောင့်​​နေလိုက်​သည်​။

သို့​သော်​ ခဏ​အကြာတွင်​ နှစ်​​ယောက်​သား ကျွန်​​တော့်​​ဆီ ​ရောက်​လာကြသည်​။

'sehun...ah'

ကျွန်​​တော်​ မျက်​ခုံးပင့်​မိ​တော့ jongdae က ဆက်​​ပြောသည်​။

'ငါတို့ အတန်း​ဖော်​​တွေ ပြသနာဖြစ်​​နေကြတယ်​တဲ့...ငါ သွားရမယ်​...သူ့ဆရာမကို မင်း လိုက်​​တွေ့​ပေးပါလား'

'ငါ ?'

'အင်း....'

ကောင်​​လေးက ကိုယ်​တိုင်​မသွားတတ်​ဖူးလား ဟု ​မေးချင်​​သော်​လည်း မ​မေးဖြစ်​ပါ။ jongdae နှင့်​လည်း စိတ်​ခုစရာ မဖြစ်​ချင်။

'ဖြစ်​ပါ့မလား'

'ဖြစ်​ပါတယ်​......သူက kim jongin တဲ့...
Jongin....သူက အစ်​ကို့သူငယ်​ချင်း oh sehun'

EndingWhere stories live. Discover now