အခန်းတံခါးကို ဖြည်းဖြည်းဖွင့်တော့ အရာရာသည် ဆိတ်ငြိမ်လျက်။ ည မီးဖျော့ဖျော့အောက်တွင် သူက အိပ်ပျော်နေပုံရသည်။
ခုတင်နား ခပ်သွက်သွက် တိုးကပ်သွားတော့ စောင်ပုံကြားမှ နွမ်းဖျော့ဟန် မျက်နှာလေး။ အနည်းငယ် ရှုံ့နေသော မျက်ခုံးပေါ်က နဖူးလေးကိုစမ်းတော့ နွေးနွေးလေး ပူသည်။
ကျွန်တော် ပျာယာခတ်သွားချိန်တွင် ချောင်းဆိုးသံသဲ့သဲ့နှင့် သူ့မျက်လုံးတွေ ဖွင့်လာသည်။
'ဟင်...အဟွတ်..'
'ကလေး'
'ကျွန်တော် ဘာမှမဖြစ်ဘူး...အဟွတ်...ခင်ဗျား သွားအိပ်တော့'
သူက တစ်ဖက်သို့ လှည့်ကာ ခပ်အုပ်အုပ် ချောင်းဆိုးနေလေသည်။ ကျွန်တော် ဘာလုပ်ရမှန်း မသိပဲ သူ့ကျောပြင်ကို ဖွဖွပွတ်သပ်ပေးနေမိသည်။
'ကျွန်တော် နေကောင်းပါတယ်....ဘာမှမဖြစ်ပါဘူး"
ချောင်းဆိုးထား၍ မျက်နှာလေးရဲနေသော သူ့ကိုကြည့်ရင်း ကျွန်တော် တစ်ခုခု ခံစားနေရသည်။
'ဖျားနေတာကို....'
'စိတ်မပူပါနဲ့....မနက်ကျ ကောင်းသွားမှာ'
'ဆေးသောက်ထားလား'
'သောက်ထားတယ်'
အပြုံးဖျော့ဖျော့နှင့် သူ့ပုံစံကိုကြည့်ရင်း မချင့်မရဲ ဖြစ်ရသည်။ သူ့နံဘေးကို အတင်းဝင်လှဲရင်း သူ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။
'အင်းပါ....ကလေးကို လွမ်းလို့...ကလေးနဲ့ အတူ အိပ်ချင်လို့ လာခဲ့တာ...ဒီတိုင်းလေး နေချင်တယ်'
ရင်ခွင်ထဲ ရောက်နေသော သူ့ဆံပင်လေးတွေကို နမ်းရင်း ပြောတော့ သူကမော့ကြည့်သည်။ အပြုံးနွေးနွေး တစ်ခုနှင့်....
'ဟုတ်လား...'
ပူနွေးနွေး ခန္ဓာကိုယ်လေးက ကျွန်တော့်ရင်ခွင်ထဲ ပိုတိုးဝင်လာသည်ဟု ကျွန်တော်က ထင်သည်။ သူက ဘာမှပြန်မပြောတော့......

KAMU SEDANG MEMBACA
Ending
Fiksi Penggemarကျွန်တော့် ချစ်ခြင်းရဲ့ အဆုံးသတ်ကို ခင်ဗျား ဘယ်တော့မှ မြင်တတ်မှာ မဟုတ်ဘူး.... #sekai #kaihun #blank