|4|

4K 460 23
                                    

အဖြူ​ရောင်​အင်္ကျီ လက်​ရှည်​ပါး​လေးနှင့်​ပင်​ သူက ကြည့်​​ကောင်းလွန်း​နေသည်​။ အထူးသဖြင့်​ ကျွန်​​တော်​ ရင်းနှီးခဲ့​သော အပြုံး​တွေ....

တစ်​ဖက်​သားကို အ​လေးထား ဂရုစိုက်​တတ်​​ကြောင်း အပြုံး​တွေကတစ်​ဆင့်​ ခံစားသိနိုင်​သည်​။ အခက်​အခဲ​တွေကြားမှာ​တောင်​ သူဟာ သူ့အပြုံးကို ထိန်းသိမ်းထားနိုင်​ခဲ့​သေးတာပဲ။ ကျွန်​​တော့်​အတွက်​က လွဲရင်​​ပေါ့​လေ....

သူ့​မိန်းကလေး၏ လက်​ဖျားကို ဆုပ်​ကိုင်​ထားပုံက အစ သိပ်​ချစ်​တတ်​​သော ​ယောက်ျားမှန်း သိသာ​စေသည်​။ ​နွေး​ထွေး​သော အပြုအမူများဖြင့်​ သူဟာ ဘယ်​လို​တောင်​ ခန့်​ညား​နေတာလဲ....

လက်​ချင်းတွဲလျက်​ ထွက်​ခွာသွား​သော ​ကျောပြင်​ကိုကြည့်​ရင်း ရင်​ထဲက လှိုက်​တက်​လာသည်​။ ကျွန်​​တော် ဝန်​မခံချင်​​သော ​​မနာလိုဝန်​တိုမှု​တွေသည်​ ရင်​ကို ပြင်းစွာ ​လောင်​မြိုက်​သည်​။

ထို​ယောက်ျားသည်​ ကျွန်​​တော့်​တစ်​​ယောက်​တည်း အ​ပေါ်မှာသာ ​နွေး​ထွေးပြီး ကျွန်​​တော့်​တစ်​​ယောက်​တည်းကိုသာ ချစ်​​ပေးပါလျှင်​.....

ခရီးကြမ်း​လျှောက်​လာသူလို သက်​ပြင်း​ရှည်​ကြီး ချမိသည်​။ အ​မော မ​ပြေပါ။ ကျွန်​​တော့်​မှာ သူ့အတွက်​ အချစ်​ဆိုသည့်​ နာမ်​စားပင်​ သုံးခွင့်​မရှိ​သော​ကြောင့်​.....

××××××××××××××××××××××××××××

သူ့အား သူ့မိန်းက​လေးနှင့်​ တွဲမြင်​ရချိန်​မှစ၍ jongdae ဆီပင်​ မသွားဖြစ်​​တော့။ ​ဖေ​ဖေလည်း အိမ်​မှာ အနားယူ​နေပြီဖြစ်​၍ ကိုယ့်​ရင်​ကို မီးမြိုက်​မည့်​ ကိစ္စမျိုး ကျွန်​​တော်​​ရှောင်​သည်​။

မပိုင်​ဆိုင်​နိုင်​​သော.....ကြိုးစားရန်​ပင်​ မဖြစ်​နိုင်​​သော အရှုံးတစ်​ခုကို.....ခံစားပြီး ​ကြေကွဲမပြချင်​ပါ။ ​ငွေရှိလျှင်​ ကျွန်​​တော့်​အ​ပေါ် ​နွေး​ထွေးမည့်​သူ အပုံကြီး။ မတူမှန်းသိ​သော်​လည်း ရူးမိုက်​စွာ မာန်​တင်းကြည့်​ချင်​သည်​။

Endingحيث تعيش القصص. اكتشف الآن