ကျွန်တော့်ကို ယဉ်ယဉ်ကျေးကျေးလေး ပြုံးပြနေသော kim jongin ကို ပြန်လည်ပြုံးပြမိသည်။ ထိုကောင်လေးက ကျွန်တော့်ကိုတွေ့တိုင်း နှုတ်ဆက်ပြုံးပြနေကျ.....
သူက chanyeol ဆီ လာလည်သလား မပြောတတ်ပေမဲ့ ကျွန်တော်နှင့် မကြာခဏ ဆုံဖြစ်သည်။ ဘာကြောင့်မှန်း မသိသူနှင့် ဆုံလျှင် ကျွန်တော် ပျော်ပါသည်။
ကြီးကျယ်သော ဖခင်တစ်ယောက်၏ အရှိန်အဝါသည် ကျွန်တော့် ငယ်ဘဝကို အထီးကျန်စေသည်။ အစစ်အမှန် ရှားပါးသလို ကျွန်တော်ကိုယ်တိုင်လည်း သံသယများဖြင့်သာ ကြီးပြင်းခဲ့ရသည်။
တစ်စုံတစ်ယောက်က ချဉ်းကပ်လာလျှင် သံသယ မျက်ဝန်းဖြင့် ကြည့်တတ်လာသည်။ အပြုံးစစ်တို့ မပေးမိသလို မည်သည့်အပြုံးကိုမျှ မယုံကြည်တတ်တော့။ သင်ခန်းစာများလည်း ရှိခဲ့ဖူးပြီ။
နောက်တစ်ယောက် ထပ်မံ ပြုံးပြလာသူက jongdae....
သူကတော့ ကျွန်တော့်ကိုမှမဟုတ်။ အားလုံးကို အပြုံးဖြင့် ကြိုဆိုတတ်သူ ဖြစ်သည်။
ဟင်....jongin ကရော။ ကျွန်တော် တစ်ယောက်တည်းကို ပြုံးပြတာလို့ ဘယ်သူပြောလို့လဲ။
ကျွန်တော် လိုချင်သည်။
ကျွန်တော့် တစ်ယောက်တည်းကို ပြုံးပြမည့်သူ။
ကျွန်တော့် တစ်ယောက်တည်းအတွက် အသက်ရှင်ပေးမည့်သူ။ဖေဖေ့ ငွေတွေနဲ့ တတ်နိုင်လျှင် ကျွန်တော် ဝယ်ချင်ပါသည်။
'Morning...hun'
'Morning'
'......'
'ဟို ကောင်လေးရော....ကျောင်းမှာ အဆင်ပြေရဲ့လား'
'Jongin?...အဆင်ပြေပါတယ်'
တစ်ခါတစ်လေကျ jongdae ကို စကားများစေချင်သည်။
'သူ့ ကြည့်ရတာ တစ်ယောက်တည်း ဖြစ်နေသလိုပဲ....တကယ် အဆင်ပြေရဲ့လား'
'တကယ် အဆင်ပြေတာပါ....သူက ပေါင်းသင်းဆက်ဆံရေးကောင်းပြီး ဖော်ရွေတယ်...'
![](https://img.wattpad.com/cover/125254374-288-k620266.jpg)
YOU ARE READING
Ending
Fanfictionကျွန်တော့် ချစ်ခြင်းရဲ့ အဆုံးသတ်ကို ခင်ဗျား ဘယ်တော့မှ မြင်တတ်မှာ မဟုတ်ဘူး.... #sekai #kaihun #blank