အပြစ်ကင်းသော မင်းသားလေးက မြေခွေးအို ကျွန်တော့်၏ စနက်ဖြင့် နှစ်ခြိုက်စွာ အိပ်မောကျနေသည်။
သူ့လက်ချောင်းထိပ်လေးများကို ဖွဖွလေး ထိကြည့်မိပြီး ကျွန်တော် တစိမ့်စိမ့် ပျော်ရွှင်လာရသည်။
အပေါ်ကုတ်ကို ချွတ်ထားပေးတော့ ဖြူရှင်းနေသော ဝတ်စုံဖြင့် သူက ငြိမ်းချမ်းလှသည်။ တကယ်ပဲ...ဒီတိုင်းလေး အိပ်နေစေချင်တော့တာပဲ....
သူ နိုးလာရင် အမုန်းတွေနဲ့ ပင်ပန်းနေရတော့မှာ....
သူဟာ ကျွန်တော်တစ်ယောက်တည်း အတွက်ပဲ ရှင်သန်ရတော့မှာ....
သူ့ ဘဝဟာ သူ အမုန်းဆုံးလူ လက်ထဲမှာဆိုရင် ဘယ်လောက်တောင် ခံရခက်ပြီး နာကျင်ဝမ်းနည်းနေမလဲ။
ဒါ....သူ့ဘဝကို ဒုတိယအကြိမ် ဖျက်ဆီးခြင်းပဲ။
သူ့နာကျင်မှုကို ကျွန်တော် မှန်းဆလို့တောင် ရမှာ မဟုတ်ဘူး။
တောင်းပန်ပါတယ် babe....
အပြစ်တွေ မကျေနိုင်လောက်ပေမဲ့ ကိုယ့်တစ်ဘဝလုံး ပေးဆပ်မှာမို့ ဒီတိုင်းလေး ရှင်သန်နေပေးပါ....×××××××××××××××××××××××××××××
'Hyung....ဒေါက်တာ သတိရလာပြီ...hyung ကို တွေ့ချင်တယ်တဲ့'
ဒေါသူပုန်ထနေသော jongdae ရုပ်ကို မြင်ယောင်မိတော့ ပါးယားလာသည်။ သတို့သားကို ခိုးယူတဲ့ ကိစ္စမှာ သူ့ကိုလည်း ထားခဲ့လို့မှ မရတာ။
'အခြေအနေ ဘယ်လိုရှိလဲ john'
'Hyung လာမှ ရမယ်ထင်တယ်....ဒေါက်တာက အရမ်းစိတ်တိုနေတယ်...hyung က မထိခိုက်ရဘူးဆိုတော့ ကျွန်တော်တို့ နည်းနည်း'
'အင်း...အင်း...ငါ လာခဲ့ပါ့မယ်'
Babe ခံစားရမဲ့ နာကျင်မှုတွေအတွက် သက်သာလို သက်သာငြား အချိန်တော်တော်ကြာ အိပ်ခိုင်းထားမိသည်။ ရည်ရွယ်မထားပေမဲ့ သူ သတ်မှတ်မည့် ငရဲအတွက် ကျွန်တော် ဒါပဲ တတ်နိုင်တာမို့။
.
.
.
.
أنت تقرأ
Ending
أدب الهواةကျွန်တော့် ချစ်ခြင်းရဲ့ အဆုံးသတ်ကို ခင်ဗျား ဘယ်တော့မှ မြင်တတ်မှာ မဟုတ်ဘူး.... #sekai #kaihun #blank