ကားအသစ်လေးကို ကျွမ်းကျင်စွာ မောင်းရင်း ခြံဝန်းထဲမှ ထွက်လိုက်တော့ မျက်ဝန်းက မြင်နေကျအရာကို မြင်သည်။
အလုပ်သမားတစ်ယောက် ယူလာပေးသော နှင်းဆီနီမှာ နံပါတ်စဉ်က 112 တဲ့။ ပြီးတော့ ထုံးစံအတိုင်း love you....ဘယ်လိုတွေ ရေတွက်ထားမှန်း ကျွန်တော် မသိပါ။
တန်ဖိုးကြီး လက်ဆောင်များကြားမှ ကျွန်တော်ချစ်သော နှင်းဆီနီမို့ တစ်ခါတစ်ရံတော့ ယူငင်ကြည့်မိပါသည်။
ချိန်းထားသည့် နေရာအသွားတွင် ကျောင်းရှေ့မှ ဖြတ်မိသည်။ ကျောင်းဆင်းချိန်မို့ ကောင်လေးတစ်ယောက်များ ရှိနေမလား။ ဒီနေ့ စိတ်ကြိုက် ကားရွေးနေ၍ ကျွန်တော် ကျောင်းမတက်ဖြစ်။
မျှော်လင့်သည့်အတိုင်း အပြုံးမင်းသားလေးကဖြင့် ကျောင်းရှေ့ဝယ် တယောက်တည်း ရပ်နေပါသည်။ ကားရပ်ပြီး မှန်ချလိုက်တော့ ထုံးစံအတိုင်း အလန့်တကြား.....
'အိမ်က နောက်ကျပြန်ပြီလား...jongin'
'ဟုတ်....ဒီနေ့ မေမေလည်း ပါမှာလေ...ညနေ မိသားစုဆုံကြမလို့'
'သြော....ကိုယ်အခု ပြိုင်ပွဲ တစ်ခု သွားမလို့...နိုင်လာရင် မင်းကို မုန့်ဝယ်ကျွေးမယ်'
ကောင်လေးက မျက်လုံးလေး ဝိုင်းသွားသည်။
'ဘာ ပြိုင်ပွဲလဲ'
ကျွန်တော် မျက်စိတစ်ဖက်မှိတ်ပြလိုက်ရင်း ခပ်မြူးမြူးပြောလိုက်သည်။
'ဒီနေ့တော့ မစောင့်ပေးတော့ဘူး....ညနေ မိသားစုဆုံကြရင် ပျော်ရွှင်ပါစေ ကလေး'
မိုင်ကုန်မြှင့်မောင်းလိုက်သော ကားအနီလေးသည် လမ်းမပေါ်မှာ တရိပ်ရိပ်။ နောက်ကြည့်မှန်မှတစ်ဆင့် ကောင်လေးကို ငေးမိသေးသည်။
××××××××××××××××××××××××××
ခပ်ဝါးဝါး အလင်းရောင်နှင့်အတူ တဆစ်ဆစ်ကိုက်လာသော ဦးခေါင်း.....မီးတောက်တွေ.......အား.....
![](https://img.wattpad.com/cover/125254374-288-k620266.jpg)
YOU ARE READING
Ending
Fanfictionကျွန်တော့် ချစ်ခြင်းရဲ့ အဆုံးသတ်ကို ခင်ဗျား ဘယ်တော့မှ မြင်တတ်မှာ မဟုတ်ဘူး.... #sekai #kaihun #blank