သူ အသင့်တက်ရန် ကားတံခါးကို ဖွင့်ပေးတော့ မျက်နှာလေးက ပြုံးယောင်သန်းနေသလို.....
'ကိုယ်တို့ ဘယ်သွားကြမလဲ....ကလေး ဘယ်သွားချင်လဲ'
'ဟင့်အင်း....အဲလို မရှိပါဘူး.....အဆင်ပြေတဲ့ နေရာပေါ့'
ရုတ်တရက် ဘယ်သွားရကောင်းမလဲ ကျွန်တော် စဉ်းစားမရ။ ကြိုတင်ပြင်ဆင်ထားတာလည်း မဟုတ်တော့လေ။
'ကျွန်တော် နည်းနည်းတော့ ဗိုက်ဆာနေပြီ....ညစာကျွေးမှာတော့ ဟုတ်တယ်နော်'
'အာ....ဟုတ်ပါတယ်....ကိုယ် စဉ်းစားနေလို့ပါ'
ညနေစောင်းစ အချိန်အခါက သာယာနေသလို.....
ဟိုဒီငေးမောနေသော jongin ကလည်း စိတ်ကြည်လင်နေပုံ ရသည်။'Seoul နဲ့ ဝေးပုံရတယ်....'
'အင်း....နည်းနည်းဝေးတယ်....ကလေးလည်း ဗိုက်ဆာနေတော့ seoul ထိ မသွားတော့ဘူးလေ'
Seoul ထိ မသွားဘဲ seoul ထက်ပိုဝေးတဲ့ မြို့ငယ်လေးဆီ သွားနေတယ်ဆို သူအံသြလောက်လေရဲ့..ဘာရယ်မဟုတ်....အဲဒီ မြို့ပြနဲ့ သူ့ကို အဆက်ဖြတ်ထားချင်ရုံပါ....
'ခင်ဗျားတို့ကျ ချမ်းသာတယ်နော်....ချစ်တယ်လို့ ပြောပြီး လူတစ်ယောက်ကို တင်ကျွေးထားနိုင်တယ်...အလုပ်သွားရင်လည်း အဝေးကြီးကို ဘာမှလည်း ဂရုမစိုက်ဘူး'
'.......'
'ကျွန်တော်ဆို တစ်ယောက်တည်းမို့ ခွေးလေးမွေးချင်တာတောင် ဂရုမစိုက်နိုင်တာနဲ့ ကိစ္စတွေကများတော့ မမွေးဖြစ်ဘူး....ခင်ဗျားကျ လွယ်လိုက်တာ'
သူက သာမာန်ပဲ ပြောနေတာပါပဲ....ဒါပေမဲ့ မဟုတ်သေးဘူးလေ..
'မဟုတ်ဘူးလေ....ကလေး....ကိုယ်တို့က....ကိုယ်တို့က'
'ကျွန်တော်က ဒီတိုင်း စဉ်းစားမိလို့ပါ....ချစ်စရာကောင်းနေတာနဲ့ တစ်ခါတည်း အိမ်ကို ဝယ်လာတဲ့ တိရစ္ဆာန်လေးတွေလိုမျိုး....ကျွန်တော်က သူတို့ထက် ဘာများသာလဲလို့လေ'

ČTEŠ
Ending
Fanfikceကျွန်တော့် ချစ်ခြင်းရဲ့ အဆုံးသတ်ကို ခင်ဗျား ဘယ်တော့မှ မြင်တတ်မှာ မဟုတ်ဘူး.... #sekai #kaihun #blank