သူ ပြောသည့် ညဈေးကို လျှောက်လည်ကြတော့ အရာရာက သာယာသည်။ အေးစက်နေသော သူ့လက်ဖဝါးလေးကို ဆုပ်ကိုင်ရင်း လမ်းလျှောက်တော့ သူက အိနြေ္ဒကြီးဖြင့် ပြုံးသည်။
ကလေးလို ဟိုဒီပူဆာလည်း မလုပ်။ ဘာမှလည်း ဟုတ်တိပတ်တိ မစားလှဘဲ သူက ငြိမ်နေသည်။ သူပြောသလို တကယ်ပဲ လမ်းလျှောက်ချင်ရုံ သက်သက်ပဲ ထင်ပါရဲ့။
'ခင်ဗျား အများကြီး မစဉ်းစားပဲ ကျွန်တော်တို့ တွဲထားတဲ့ လက်တွေကိုပဲ ခံစားကြည့်ပါလား'
'ဟင်'
'ဘာမှ မဟုတ်ဘူး'
တိတ်ဆိတ်သွားသော သူ့ကို မေးခွန်းထုတ်မနေတော့ဘဲ သူ့လက်လေးကိုသာ ပိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ့မှာ စဉ်းစားစရာ တစ်ခုခု ရှိနေပုံရသည်။
လူရှုပ်ရှုပ် ဈေးတန်းတွေကို အတော်အတန်လွန်လာပြီးနောက် ခုံတန်းလေးတွေပေါ် ထိုင်မိကြသည်။ ဟိုတစ်စ ဒီတစ်စ စုံတွဲလေးတွေကြား......
'ကျွန်တော် ပြောစရာရှိတယ်'
'အခု ပြောမှာလား'
သူ့ပုံစံက စိတ်လှုပ်ရှားနေသလိုမျိုးပဲ......
သူ့စကားကို ပြောရ မပြောရ မဆုံးဖြတ်ရသေးဘူးလား..'အင်း.....ကျွန်တော်တို့ ကော်ဖီသောက်ရအောင်'
'ok....ဆိုင် သွားကြမယ်လေ'
'Hyung သွားဝယ်ပေးမလား'
အခု သူ ကျွန်တော့်ကို တရားဝင် hyung လို့ ခေါ်တာပေါ့နော်....
'ကိုယ် သွားဝယ်လိုက်မယ်.....ကလေး ညောင်းနေရင် ကားပါတစ်ခါတည်း ယူခဲ့ရမလား'
'ဟင့်အင်း....မယူခဲ့ပါနဲ့....အတူတူ လမ်းလျှောက်ရအောင်'
ကျွန်တော် ထရပ်မိချိန်တွင် အကြောင်းပြချက်မရှိ ရင်ခုန်သံတွေ မြန်လာသည်။ ကျွန်တော် သူ့ပါးလေးကို ဖျတ်ခနဲ နမ်းလိုက်သည်။

YOU ARE READING
Ending
Fanfictionကျွန်တော့် ချစ်ခြင်းရဲ့ အဆုံးသတ်ကို ခင်ဗျား ဘယ်တော့မှ မြင်တတ်မှာ မဟုတ်ဘူး.... #sekai #kaihun #blank