|6|

3.8K 411 25
                                    

မနက်​စာ ပြင်​ဆင်​ပြီး၍ သူ့အခန်း​ရှေ့ ရပ်​​နေရင်း... တိုးတိတ်​​သော စိတ်​ကူးယဉ်​မှုအချို့​ကြောင့်​ ကိုယ့်​ကိုယ်​ကို ရှက်​ပြုံးပြုံးမိသည်​။

တံခါးကို ဖွဖွ​ခေါက်​ကာ သူ့အခန်းထဲဝင်​​တော့ အိပ်​ယာ​လေးက ရှင်းလင်းလျက်​။ ကျွန်​​တော့်​ နတ်​သားက ပြတင်း​ပေါက်​တွင်​ရပ်​လို့ အရုဏ်​ဦးကို ခံစားသည်​ ထင်​ပါရဲ့။ အဲလိုပဲ ဖြစ်​ပါ​စေ​လေ။

မ​နှောက်​ယှက်​လိုစွာ.....တိတ်​ဆိတ်​မှု၏ အချိန်​ပိုင်း​လေးက သူ့စိတ်​ကို ​ခေတ္တငြိမ်းချမ်း​စေသားရယ်​လို့ တိတ်​တခိုး ​တောင်းဆု​ခြွေမိသည်​။

လှည့်​လာ​သော သူ့ကို Morning နှုတ်​ဆက်​ချင်​​သော်​လည်း နှုတ်​က မရဲ။ သူကဖြင့်​ ကျွန်​​တော့်​ကို ရှိသည်​ဟုပင်​ သ​ဘောမထား...အကြည့်​​လေးတစ်​ချက်​​တောင်​ မစွန့်​ကြဲဘဲ ​ရေချိုးခန်းထဲ ဝင်​သွား​လေရဲ့။ အဟင်း....ချစ်​ဖို့​ကောင်းလိုက်​တာ....

ကုတင်​​ခြေတွင်​ ပုံထား​သော ပတ်​တီးစ​လေးက ​သွေးအချို့နှင့်။ ဒဏ်​ရာနဲ့ကို ​ရေချိုး​နေတာလား....​ရေထိလို့ အဆင်​​ပြေပါ့မလား.....ပူပန်​မှုတစ်​ချို့နှင့်​ စိတ်​လှုပ်​ရှားမိ​သော်​လည်း ကျွန်​​တော်​​ပြောပါမှ အရွဲ့တိုက်​မည်​လည်း စိုးရိမ်​သည်​။

တကယ်​တမ်း စဉ်းစားကြည့်​​မှ သူ၏ ပုံစံကို​တောင်​ ကျွန်​​တော်​မသိ​ကြောင်း သတိထားမိသည်​။ သူက အရွဲ့တိုက်​တတ်​သည့်​ သူမျိုး ဟုတ်​ မဟုတ်​?

အများကြီး မစဉ်းစား​တော့ဘဲ ​ဆေး​သေတ္တာ ပြင်​ထားလိုက်​သည်​။ သူ့အတွက်​ အဝတ်​အစား ထုတ်​​ပေးရန်​ ​တွေးမိ​တော့ သူ သ​ဘောမကျရင်​​ရော?

သ​ဘောမကျရင်​ မဝတ်​ဖူး​ပေါ့.....ဘာမှ ထူးခြားမှုမရှိမဲ့ အ​သေးအဖွဲ​လေး​တွေကို သူက မတွက်​ကပ်​​လောက်​ပါဘူး....

မနက်​စာပြင်​ပြီး သူ့အခန်းထဲ ဝင်​လာ​တော့ ထင်​သည့်​အတိုင်း....သူက ကျွန်​​တော်​ထုတ်​​ပေးခဲ့သည့်​ ဝတ်​စုံ​လေးနှင့်​....ဒဏ်​ရာကိုလည်း ပတ်​တီးအသစ်​ စည်းထားပြီးပြီ။ ကျွန်​​တော်​ ဆိုးသ​လောက်​ သူက လိမ္မာသည်​။

EndingOù les histoires vivent. Découvrez maintenant