အစည်းအဝေးအပြီး အပြင်ကို ထွက်လာစဉ် babe များ msg ပို့ထားမလား ဖုန်းဖွင့်ကြည့်သည်။ တကယ်တော့ အပိုသက်သက်ရယ်ပါ။ ကျွန်တော်ကသာ စာပို့ရတာ သူက တစ်ခါမှ ပြန်မပို့ဖူးဘူး။
ဒီအချိန်ဆို အိပ်နေလောက်ရဲ့။ ညနေစောင်းလောက်မှ ထရင် ထမှာ။
'Oh sehun shii...Congratulations'
လက်ကမ်းပေးနေသော park chanyeol ကို ယောင်တောင်တောင် ပြန်နှုတ်ဆက်လိုက်ရသည်။ တကယ်ဆို သူ့ကို ဂုဏ်ပြုရမှာ မဟုတ်ဘူးလား။ စေ့စပ်တော့မှာက သူလေ။
'မင်္ဂလာသတင်းအတွက် ဂုဏ်ယူပါတယ်....Mr.Park....ကျွန်တော့်မှာ ထွေထွေထူးထူး ဂုဏ်ပြုစရာ မရှိပါဘူးဗျာ'
'Oh sehun က jongin နဲ့ တွဲနေတာ ဆိုလို့ပါ...ကျွန်တော့် ညီလေးအတွက် ဂုဏ်ပြုရမှာပေါ့'
သြော်....သြော်....အဲဒါတော့ ဟုတ်တာပေါ့....
chanyeol နဲ့ babe က အသိတွေပါပဲ။ အမျိုးတော့ မတော်ဘူး ထင်ပါတယ်။'ဟုတ်ကဲ့....ကျေးဇူးတင်ပါတယ်...jongin ကို သေချာစောင့်ရှောက်ပါ့မယ်'
ကျွန်တော် ဂုဏ်ယူစွာဖြင့် ပြုံးပြုံးကြီး ပြောလိုက်တော့ chanyeol က မျက်နှာထား ပြောင်းသွားသည်။ ဘာမှန်းမသိ။
'Oh sehun...shi အချိန်ရရင် ကျွန်တော်တို့ စကားနည်းနည်း ပြောကြရအောင်....ခင်ဗျား ရုံးခန်းကို သွားကြမလား'
အချိန်မရရင်လည်း ရအောင် လုပ်မဲ့ပုံစံနှင့်။ ကျွန်တော်တို့က မရင်းနှီးကြသော်လည်း အချင်းချင်းသိကြပါသည်။ သို့သော် အထွေအထူးပြောစရာမရှိ။
ကျွန်တော် ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ babe ကြောင့်များလား။ သူတို့က အရမ်းကြီးတော့ မဆက်စပ်ပါဘူး။
jongdae ကြောင့်လား။ jongdae အကြောင်း သူ့ကို ပြောပြရင် ကောင်းမလား။ မကောင်းပါဘူး။ သူက စေ့စပ်တော့မှာကို။ jongdae ကလည်း သူ့ကိစ္စဝင်ပါတာ ကြိုက်မှာမဟုတ်။ သံယောဇဉ်တွေပါ ပြတ်သွားရင် ဘယ်လိုလုပ်မလဲ။
ESTÁS LEYENDO
Ending
Fanficကျွန်တော့် ချစ်ခြင်းရဲ့ အဆုံးသတ်ကို ခင်ဗျား ဘယ်တော့မှ မြင်တတ်မှာ မဟုတ်ဘူး.... #sekai #kaihun #blank