'သူ ဘာဆိုလိုချင်တာလဲ မင်းသိလား'
'ဟင်....ငါက ဘယ်လို သိမှာလဲ'
'မင်းအဖြေက သိနေသလိုပဲ...မဖြေချင်ရင်လည်း ထားပါတော့'
'အင်း.....'
'မင်း လူနာတွေရော အဆင်ပြေရဲ့လား'
'ငါ....ငါ ခွင့်ယူထားတာ'
'ဟင်....ဘာလို့လဲ'
'ငါလည်း စဉ်းစားနေတာ....ဘာလို့ ခွင့်ယူခဲ့တာလဲလို့'
ကိတ်မုန့်တစ်ခုကို လှီးနေသော chanyeol လက်ချောင်းရှည်တွေက ရပ်တန့်သွားသည်။ သူက ကိတ်မုန့်ကို သက်သက်ထိုးဆွနေပုံပေါ်သည်။ ပုံစံပျက်လုလု....
'မင်းက အချစ်နဲ့ မလိုက်ဖက်ဘူး dae'
'ဘယ်လို.....'
chanyeol က သူ့ကိတ်မုန့်တုံးကို ဓားသေးသေးနှင့် ခွဲပြီး လှီးလိုက်တော့ အရွယ်အစားက အချိုးမကျ...
မေ့သွားတာ..သူ ဒီမုန့်စားရင် ကျွန်တော် လုပ်ပေးနေကျပဲ...'မင်းတို့ တစ်ခုခု ဖြစ်နေကြတယ်...တော်ရုံတန်ရုံနဲ့ jongin က ငါ့ဆီမလာတတ်ဘူး...အချစ်ကြောင့်လား...dae'
'jongin က sehun ကို ချစ်တဲ့အကြောင်းလား..သူ အဲဒါ လာပြောတာပဲလေ'
'မဟုတ်ဘူး.........မင်း.............ယောက်ျားလေးတစ်ယောက်ကို ချစ်နေတာလား...jongdae'
'Hello...plz'
အချိုးမကျအောင် သူခွဲထားသော ကိတ်မုန့်ကို အသစ်ပြန်မှာပေးလိုက်ရသည်။ ပုံစံက စားချင်စရာ မရှိတော့တာ။
'ငါ့ မေးခွန်းကို ဖြေဦး'
'အင်း....ဟုတ်တယ်...တကယ်တော့ မင်းမမေ့သေးရင် အဲဒါ ငါပြောဖူးပါတယ်'
'ဘာ....လွန်ခဲ့တဲ့ သုံးနှစ်က မင်းပြောတဲ့သူပဲလား'
'အင်း....အဲဒီအကြောင်းက တားမြစ်ကိစ္စလေ...မင်းပဲ ဘယ်တော့မှ ထပ်မပြောကြေးဆို'
သူ့သက်တော်စောင့် ကောင်လေး တခြားကောင်လေးတစ်ယောက်နှင့် လက်ထပ်စဉ်က သူ အကြီးအကျယ်ပေါက်ကွဲဖူးသည်။ မယုံကြည်နိုင်ဆိုပဲ။

YOU ARE READING
Ending
Fanfictionကျွန်တော့် ချစ်ခြင်းရဲ့ အဆုံးသတ်ကို ခင်ဗျား ဘယ်တော့မှ မြင်တတ်မှာ မဟုတ်ဘူး.... #sekai #kaihun #blank