|3|

4K 469 12
                                    

၁ နှစ်​။

အတုအ​ယောင်​​တွေက ​ပေါလှသည်​။ လှိုင်​လှိုင်​ပွင့်​သည့်​ အပြုံး​တွေကြား စိတ်​ကို​အေးချမ်း​စေ​သော အပြုံးတစ်​ခုမှမရှိ။

စွဲလန်း​စေ​သော အပြုံးပိုင်​ရှင်​​လေးက အိပ်​မက်​ထဲတွင်​ပင်​ မီးလျှံ​တွေနှင့်​ အဆုံးသတ်​သည်​။ သူ ကျွန်​​တော့်​ကို အမုန်းကြီး မုန်း​​နေခဲ့သည်​။

၂ ​နှစ်​။

ကျွန်​​တော်​လည်း ပြုံးတတ်​လာသည်​။ အတုအ​ယောင်​​တွေကြား ​ပျော်​ဝင်​လာသည်​။ အရိပ်​အကဲကြည့်​ရင်း လိုချင်​သည့်​အရာနှင့်​ ​ပေးရမည့်​အရာ နှိုင်းချိန်​ကာ ရယ်​​မောတတ်​ခဲ့ပြီ။

ပြုံး​နေသည့်​ မျက်​ဝန်း​လေး​တွေ မီးလျှံကြား ​ပျောက်​ကွယ်​ခဲ့ရသည်​က ည​ပေါင်းများစွာ။

၃ နှစ်​။

မျက်​စိတစ်​မှိတ်​အတွင်း ​ပြောင်းပြန်​ဖြစ်​သွားနိုင်​​သော အ​ခြေအ​နေ​များစွာမှာ သူတစ်​ပြန်​ ကိုယ်​တစ်​လှည့်​ ကျင်​လည်​ရင်း ဖြူစင်​ခြင်းဟူသည်​ အတိတ်​က အပြုံး​လေး တစ်​ခုသာ။

ကျွန်​​တော်​ ​မလွမ်းသင့်​​သော ကောင်​​လေးတစ်​​ယောက်​ကို တကယ်​လွမ်းပါသည်​။

၎ နှစ်​။

ကျွန်​​တော်​ ​အောင်​မြင်​လာ​သော နယ်​ပယ်​​တွင်​ ​ထွေးဖက်​​ပေးတတ်​​သော အပြုံး​လေးမရှိ။ လူသားပီပီ ကိုယ်​မ​ကောင်းခဲ့တာ​တွေ ​မေ့ပစ်​ပြီး အပြုံးတု​တွေ ​ဖော​ဖောသီသီသုံးတတ်​လာခဲ့သည်​။

Korea ​မြေကို ​ခြေချဖို့ ​ကြောက်​ရွံ့​နေဆဲမှာ ဖြူစင်​​သော အပြုံး​လေးကို ရင်​မဆိုင်​ရဲ​သေး။ ထိုသို့ဖြင့်​ အပြုံး​လေးနှင့်​ ​ဝေးသထက်​ ​ဝေးလာခဲ့သည်​။

၅ နှစ်​။

သူ ပြုံးပြ​နေသည်​။ နူးညံ့လွန်းသည့်​ အပြုံး.....
ရှက်​ရဲရဲဖြင့်​ ​ခေါင်းငုံ့သွားချိန်​တွင်​ မီးလျှံတစ်​ခုက ဝါးမျိုသည်​။ ကားတစ်​စီး လွင့်​စင်​သွားသည်​။

သူ့မျက်​ဝန်း​တွေ ခက်​ထန်​လာပြီး တင်းတင်း​စေ့​သော နှုတ်​ခမ်းတွင်​ အမုန်း​တွေပါသည်​။ ​ကျောခိုင်းသွားသည့်​ ​နောက်​​ကျော​လေးက ​ဝေး၍....​ဝေး၍....

EndingWhere stories live. Discover now