'sehun....nar'
'လာလေ.....jongdae'
'အလုပ်တွေ ကြိုးစားနေတာလား.....လူတောင် ပိန်သွားသလိုပဲ'
'ဒီလိုပါပဲ....မင်းရော အဆင်ပြေရဲ့လား....
ငါ မိုက်ရူးရဲ လုပ်မိတာတွေအတွက် တောင်းပန်ပါတယ်..
မင်းကိုပါ စိတ်ရှုပ်စေမိတာ'မျက်တွင်းတွေပါကျပြီး သိသိသာသာပိန်သွားသော sehun ကိုကြည့်ပြီး စိတ်မကောင်းပါ။ ဘယ်သူမှ အတွေ့မခံဘဲ အရက်သောက်တဲ့ အဆင့်လွန်ပြီဆိုတော့ အခြေအနေက မဆိုးဟု ပြောရမည်။
'ငါက ဘာမှမဖြစ်ပါဘူး....မင်း တကယ်အဆင်ပြေရဲ့လား...hun'
sehun က ဘာမှပြန်မဖြေဘဲ ပြုံးရုံသာ ပြုံးသည်။ ညှိုးရိပ်သန်းနေသော မျက်နှာက တကယ့်ကို စိတ်ချမ်းသာစရာ မကောင်း။
'မင်းကို အကူအညီတောင်းစရာ ရှိတယ် jongdae...ဘယ်လိုပြောရမလဲ...ငါ....ငါ လုပ်သင့်တဲ့ တစ်ချို့ကိစ္စလေးတွေ ရှိနေတယ်'
'Jongin အတွက်လား'
'အင်း....ဒါပေမဲ့ အခု ငါ မအားသေးလို့'
'ရတယ်....ဒီတစ်ပတ် လောက်တော့ ငါ ဆိုးလ်မှာပဲ ရှိမှာ...အခုမအားရင် နောက်မှ အိမ်လာခဲ့လိုက်လေ'
'အဲလိုပဲ လုပ်ကြတာပေါ့'
'ဒါဆို ငါ ပြန်တော့မယ်...ကျန်းမာရေး ဂရုစိုက်ဦး'
'အင်းပါ....ဒါနဲ့ babe က စာမေးပွဲမဖြေဘူးလို့ ကြားတယ်'
'ဟုတ်တယ်.....ထပ်လေ့လာချင်သေးလို့ တဲ့....စိတ်မပူပါနဲ့....သူ အဆင်ပြေပါတယ်'
Oh sehun ခွင့်ပြုချက်နဲ့ ဖြေမဲ့ စာမေးပွဲမဟုတ်ဘူးတဲ့လေ။ kim jongin ကတော့ ကောင်းကောင်းကြီးကို အဆင်ပြေနေပါရဲ့။
×××××××××××××××××××××××
'Jongin....မင်းက စာကြိုးစားနေတယ်...sehun အတွက် ပြန်စဉ်းစားပေးမယ်ဆို'
ကော်ဖီတစ်ခွက် မျက်မှန်တစ်လက်နှင့် စာကြိုးစားနေသော jongin က ဟိုးအရင်ကအတိုင်း....

YOU ARE READING
Ending
Fanfictionကျွန်တော့် ချစ်ခြင်းရဲ့ အဆုံးသတ်ကို ခင်ဗျား ဘယ်တော့မှ မြင်တတ်မှာ မဟုတ်ဘူး.... #sekai #kaihun #blank