'က...ကလေး'
မျက်နှာအုပ်ကာ ငြိမ်သက်နေသော သူသည် ကျွန်တော့်ခေါ်သံနောက် ဖြည်းဖြည်းချင်း ခေါင်းမော့လာသည်။ သူ ငိုနေတာတော့ မဟုတ်။
'ကိုယ် က....ကိုယ် က'
'ခင်ဗျား မပြောနဲ့...ကျွန်တော် ပြောမယ်....ဖြတ်မပြောဘဲ သေချာနားထောင်'
အတက်အကျမရှိ ခံစားချက်မရှိသော သူ့လေသံက မျက်ဝန်းတွေနဲ့ ထပ်တူ အေးစက်နေသည်။
'ကျွန်တော် sehun hyung ကို ချစ်တယ်'
.
.
.
.'သူက ကျွန်တော့် အချစ်ဦး....သူ့ကို ကျွန်တော် မြင်မြင်ချင်း ချစ်ခဲ့တာ'
ကျွန်တော့် မျက်ဝန်းတွေကို တည့်တည့်ကြည့်ပြီး သူ ပြောသည့်စကား........................
ချစ်.......တယ်......တဲ့
'ကျွန်တော် အထက်တန်းပထမနှစ်မှာ jongdae hyung စ မိတ်ဆက်ပေးတဲ့ အချိန်တည်းက......သူ့အကြည့်တစ်ချက်မှာပဲ အရူးအမူး ဖြစ်ခဲ့ရတာ...
အဲဒီတုန်းကဆို သူ့အတန်းကို အကြောင်းရှာသွားပြီး ခိုးခိုးကြည့်ရတယ်.....သူကတော့ မသိပါဘူး...တခါတလေ သူနဲ့ဆုံလို့ ကျွန်တော့်ကိုများ ပြုံးပြလိုက်ရင် ဒီကောင်က ရူးလို့......သူ ကျွန်တော့်ကို စကားလာပြောတုန်းကဆို ကျွန်တော့်မှာ အပျော်တွေလွန်ပြီး တစ်ညလုံးတောင် အိပ်မရခဲ့ဘူး....အဟင်း
သူကြိုက်တယ်ဆိုတဲ့ နှင်းဆီပန်းလေးတွေ သူ့အိမ်ရှေ့သွားထားသေးတယ်...အဲဒီတုန်းက ငယ်သေးတော့ အများကြီး မတွေးဘူးလေ....အခုချိန်မှ ဘယ်လိုတွေ အရှက်မရှိ သတ္တိကောင်းခဲ့လဲ ကိုယ့်ကိုယ်ကိုလည်း စဉ်းစားမရဘူး....
နောက်တော့.....နောက်တော့ စိတ်မကောင်းစရာတွေ ဖြစ်ခဲ့တယ်...သူ နိုင်ငံခြားထွက်သွားတယ်....ကျွန်တော့်မိဘတွေ ဆုံးသွားတယ်....
ရုတ်တရက်ကြီး ကျွန်တော့်မှာ ဘာမှမရှိတော့ဘူး...ခဏတော့ ကျွန်တော် သူ့ကို မုန်းသွားသေးတယ်.....ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်ဖို့က ထင်သလောက် မလွယ်ကူခဲ့ဘူး....'
أنت تقرأ
Ending
أدب الهواةကျွန်တော့် ချစ်ခြင်းရဲ့ အဆုံးသတ်ကို ခင်ဗျား ဘယ်တော့မှ မြင်တတ်မှာ မဟုတ်ဘူး.... #sekai #kaihun #blank