တကယ်လို့သာ ကျွန်တော်တို့ ပြဿနာတွေ မဖြစ်ခဲ့ဘူးဆိုရင် သူ ကျွန်တော့်ကို သေသေချာချာနမ်းမယ် ထင်တယ်နော်။ အဟား....
'jongdae..ah....သူက လေ'
ည မှောင်လာသည်အထိ ကျွန်တော် jongdae အိမ်က မပြန်နိုင်။ jongin ပြောခဲ့သမျှစကားတွေကို အထပ်ထပ်ပြန်ပြောနေ၍ jongdae လည်း အလွတ်ရနေလောက်ပြီ။
ထူးထူးဆန်းဆန်း ဘုကလန့်ဆရာဝန်ကြီးက တစ်စက်လေးမှ စိတ်ညစ်ညူးဟန်မပြဘဲ ကော်ဖီတစ်အိုးနှင့် ကျွန်တော် ပြောသမျှ နားထောင်နေလေသည်။
ဘာတဲ့။ သူ babe နဲ့ ကျွန်တော့်အိမ်မှာတွေ့တော့ babe က suyeon ဆီကို စကားပါးခိုင်းတာတဲ့။ သူ့အချစ်ဦးနဲ့ ပြန်တွေ့ခဲ့တာမို့ သူ့ကို မေ့လိုက်ဖို့ ပြောခိုင်းခဲ့တာတဲ့။
Babe က ကျွန်တော့်ကို သိပ်ချစ်ခဲ့တာရယ်.....
ကျွန်တော် မတွေးထားနိုင်လောက်အောင်ကို ချစ်ခဲ့တာ....ခဏနေတော့ jongdae က ဖုန်းလာ၍ ဖုန်းပြောနေသည်။ ကျွန်တော့်ကို babe ပစ်ပေါက်ခဲ့သော စာအုပ်က ပါးပါးလေး....သူရေးမှတ်ထားသော သူ့လက်ရေးလေးတွေကို ကြည့်ရင်း ကျွန်တော် ပျော်ရွှင်လာပြန်သည်။
'ဖုန်းဆက်တာ jongin ရယ်....မင်းကသာ ဖီးလ်လို့ မပြီးသေးတာ...သူက ဆေးရုံမှာ ကြိုးစားနေပေါ့...အခုတောင် ငါ့ကို treatment လှမ်းမေးနေတာ...မင်းတော့ တော်တော်ချော့ယူရမယ်'
ကျွန်တော် ရယ်၍သာ နေမိသည်။ မသိဘူး....တကယ် ရယ်ချင်နေတာ....ကျွန်တော် သူ့ဆီလည်း လိုက်မသွားရဲလို့ ငြိမ်နေတာ...နှလုံးခုန်သံက အခုထိကို ပုံမှန်မဟုတ်....သူနဲ့ တွေ့ရင် ပရမ်းပတာတွေ လုပ်မိမှာ မြင်ယောင်နေတယ်။
'သူ့ ဖုန်းနံပါတ် ယူသွားလေ....မရှိဘူးမလား'
'အင်း....သူ့ အိမ်လိပ်စာရော'
'မင်းက ဘယ်လိုတောင်လဲ'
'ဒါနဲ့ မင်း အရင်ထဲက သိနေတာလား...babe က ငါ့ကို ချစ်တယ် ဆိုတာ...နှင်းဆီပန်းတွေ အကြောင်းရော'

BINABASA MO ANG
Ending
Fanfictionကျွန်တော့် ချစ်ခြင်းရဲ့ အဆုံးသတ်ကို ခင်ဗျား ဘယ်တော့မှ မြင်တတ်မှာ မဟုတ်ဘူး.... #sekai #kaihun #blank