|7|

3.6K 422 24
                                    

မှန်​အမည်းနှင့်​ အလုံပိတ်​ကားကို ​​တွေ့​တော့ jongdae က ခပ်​​လှောင်​​လှောင်​ရီသည်​။

'ယုံကြည်​မှု ဆိုတဲ့ စကားလုံးကို သိလား hun.....အဲဒီစကားလုံးက ခြိမ်း​ချောက်​စရာ မလိုဘူး...​စောင့်​ကြည့်​စရာ မလိုဘူး......​ငွေ​နဲ့ ဝယ်​မရတဲ့ သံ​ယောဇဉ်​​တွေ...ယုံကြည်​မှု​တွေလည်း ရှိ​သေးတယ်​ဟ....
ငါသာ မင်းကို ဒုက္ခ​ပေးချင်​ရင်​ မဖြစ်​နိုင်​ဘူး ထင်​လို့လား'

'ဒါ မင်းကို မယုံတာ မဟုတ်​ဘူး....jongin ကို အလိုလိုက်​ပြီး ငါ့ဆီက ဆွဲထုတ်​သွားမှာကို ကြိုတင်​ကာကွယ်​တာ'

'မင်း Jongin ကို ​ပျော်​​အောင်​ မထားနိုင်​ဘူးလား'

သူမို့ ထမင်းစား ​ရေ​သောက်​လို လွယ်​လွယ်​​ပြောနိုင်​သည်​။ ​ပျော်​ဖို့ ​ဝေးစွ....စကားတစ်​ခွန်းပင်​ ​ပြော​အောင်​ မလုပ်​နိုင်​တာ။

'ဘာ​ကြောင့်​ပဲဖြစ်​ဖြစ်​ jongin ကို ငါ လွှတ်​​ပေးမှာ မဟုတ်​ဘူး....jongdae'

Jongdae က ထိုင်​ခုံကို ​နောက်​မှီ..မျက်​လုံးမှိတ်​လိုက်​ပြီး...ဘာမှ ပြန်​မ​ပြော​တော့။ စိတ်​မပါ၍ စကားမ​ပြောချင်​​တော့လျှင်​ ချက်​ချင်းတိတ်​ဆိတ်​သွား​တော့တာပဲ.......babe လည်း jongdae ဆီကများ အကျင့်​​တွေ ကူးလာသလား။

××××××××××××××××××××××××××××

အိမ်​ထဲ ဝင်​ဝင်​ချင်း ဧည့်​ခန်းထဲတွင်​ ထိုင်​​နေ​သော jongin ကို မြင်​​တော့ အံ့သြသွားရသည်​။ အခန်းအပြင်​​တွေထွက်​လို့ ကျွန်​​တော့်​ကို ​စောင့်​​နေတယ်​​ပေါ့.....

ဘယ်​လိုပဲ​ပြော​ပြော ကျွန်​​တော်​ ပြန်​လာတာကို ​စောင့်​တာပဲ မဟုတ်​လား.......​သူ​တောင်းဆိုတာကို ကျွန်​​တော်​ ဖြစ်​​အောင်​လုပ်​​ပေးလိမ့်​မည်​ ဟူ​သော ယုံကြည်​မှုနှင့်​......

ဘယ်​လို.....သူက ကျွန်​​တော့်​ကို ယုံကြည်​တာလား....မဖြစ်​နိုင်​တာ

'Jongdae hyung'

ကောင်​​လေးက jongdae ကို မြင်​​တော့ ​ပြေးဖက်​ပြီး ​ ငို​လေ​တော့သည်​။ မိခင်​​ပျောက်​​သော သားငယ်​လိုမျိုး....ဝမ်းပန်းတနည်း....အားကိုးတကြီး.....

EndingWhere stories live. Discover now