|11|

3.5K 414 31
                                    

'.......'

အတူတူလမ်း​လျှောက်​လာရင်း တိတ်​ဆိတ်​စွာ သူလှမ်း​ပေးလာသည်​က နှင်းဆီပန်းအနီ​ရောင်​ တစ်​ပွင့်

'ခင်​ဗျား သ​ဘောကျတယ်​ မဟုတ်​လား....​'

ရိုးတံတိုတိုနှင့်​ ​နှင်းဆီနီ​လေးက အနည်းငယ်​ နွမ်းချင်​​နေ​ပြီ။

'က​လေးတစ်​​ယောက်​ ​ပေးလိုက်​တာပါ'

လက်​နှစ်​ဖက်​ကို အိပ်​ကပ်​ထဲ ပြန်​ထည့်​ရင်း သူကထပ်​​ပြောသည်​။ အနည်းငယ်​ဥာဉ့်​နက်​​နေပြီဖြစ်​၍ လမ်းမက တိတ်​ဆိတ်​လျက်​....

'Babe မုန်းတယ်​ထင်​တာ'

'ဟင်​.....ဘာကိုလဲ'

တကယ်​တမ်း​တော့ ကျွန်​​တော်​​သေချာမမှတ်​မိ။ သူ နှင်းဆီနီကို မုန်းတယ်​လို့ ကျွန်​​တော်​ဘာလို့ထင်​ပါလိမ့်​....

'ကျွန်​​တော်​ ဘာကိုမှ သက်သက်မဲ့ ​​မမုန်းတတ်​ပါဘူး...ဒါနဲ့ ခင်​ဗျား ​နောင်​တမရဘူးလား...
ကားထားခဲ့တာကို​လေ'

'Babe ပင်​ပန်း​နေပြီလား'

'ကျွန်​​တော်​ အိပ်​ချင်​​နေပြီ'

တအံတသြကြည့်​မိ​တော့ မျက်​နှာ​လေးရှုံ့ကာ ​ပြော​နေပုံက အသည်းယားစရာ....

'လာမကြည့်​နဲ့...ခင်​ဗျားသာ က​လေးလို မဆက်​ဆံရင်​ ကျွန်​​တော်​လည်း က​လေးလို ချွဲ​နေမှာ မဟုတ်​ဘူး'

'မင်းက က​လေးပါပဲကွာ....လာ....ကိုယ့်​​ကျော​ပေါ်တက်​'

'​တော်​ပါ....'

'​ဟင်​...အိပ်​ချင်​တယ်​ဆို....ဘာလဲ....ကိုယ်​ မနိုင်​ဘူးထင်​လို့လား'

'အင်း....ဒီရက်​ပိုင်း စား​လောက်​​အိပ်​လိုက်​နဲ့ အရမ်းဝိတ်​တက်​လာတယ်​....ခင်​ဗျားက ဒီ​နေ့မှ ​နေ​ကောင်းတာ'

'Babe ခန္ဓာကိုယ်​​လောက်​​တော့ကွာ....'

'ကျွန်​​တော်​ ချမ်းလည်းချမ်းတယ်​'

'အဲဒါ​ကြောင့်​ ကိုယ်​ကျောပိုးမယ်​လို့.....​နွေးလည်း ​နွေးမယ်​...အိပ်​လို့လည်း ရတယ်​'

'Romantic boyfriend ကြီး​ပေါ့​လေ'

ပြုံးစစ သူ့မျက်​နှာကို အတန်​ကြာ​ငေး​နေပြီးမှ သူတမင်​ စ ​နေမှန်း ရိပ်​မိ​တော့သည်​။

EndingWhere stories live. Discover now