Jonginတစ်ယောက် သူ့အတန်းချိန်လည်းရောက်ပီ ဖြစ်နေတာကြောင့် လိုအပ်မည့်စာအုပ်တွေကိုယူကာ သူစာသင်ရမည်ဖြစ်သည့် အခန်းထဲဝင်လာလိုက်သည်...
" good monring class..."
အတန်းထဲဝင်ဝင်ခြင်း နှုတ်ဆက်လိုက်သည်ကြောင့် ဆူညံနေသည့်အသံများ ချက်ချင်းလိုလိုတိတ်သွားပီး jonginကို ပြန်နှုတ်ဆက်ကြသည်...
" good morning teacher..."
အတန်းက လူတော်တွေပဲစုပြုံနေသည့် အခန်းမဟုတ်သော်ညား ဒီလိုယဉ်ကျေးမှုရှိနေသေးသည်ကြောင့် jonginစိတ်ထဲ မှတ်ချက်ချမိသည်..'ဘယ်ဆိုးလို့လည်း'ဆိုပီးပေါ့..နောက်ပီး jonginစာသင်သည့်အတန်းတွေနှင့်ယှဉ်လျှင် ဒီအတန်းသည် တော်တော်ကို အဆင်ပြေသည်ဟုဆိုရမည်..ဒုတိယအကြိမ်မြောက် သင်ဖူးသည်သာဆိုပေမယ့် တပြင့်အတန်းက ကလေးများသည် ဆရာလာလျှင်တောင် အသိအမှတ်ပြုသည်မဟုတ်..သူတို့ဘာသာ လုပ်ချင်တာလုပ်နေကြသည့် လူစားလေးတွေပင်...
" မနေ့က အိမ်စာပေးလိုက်တာ ဆရာ့ခုံပေါ် အခုလာထပ်ကျ..စာအုပ်မထပ်တဲ့သူတွေကို ဆရာမှတ်ထားမယ်..ဒီထဲမှာ နာမည်စာရင်း အကုန်ရှိတယ်နော်..ခုလာတဲ့သူတွေ နာမည်အရင်ကောက်မယ်.."
Jonginထိုသို့ပြောအပီး အတန်းထဲက အိမ်စာမလုပ်လာသည်ဟုထင်ရသည့်သူများ အသံသေးသေးလေးတွေ ထွက်လာတာကြောင့် ခုနက jonginတစ်ယောက် ချီးမွမ်းထားသည်များကို တစ်ဝက်ပြန်ရုပ်သိမ်းလိုက်သည်..'အစဆိုတော့လဘ်း ဒီလိုပဲပေါ့..နောက်မှ ဖြေးဖြေးခြင်း ညှိယူရမယ်'ဆိုပီး စိတ်ထဲတွေးကာ နာမည်စာရင်းကောက်ဖို့ ကျောင်းသားတွေရဲ့ နာမည်မှတ်တမ်းစာအုပ်ကို လှန်လိုက်သည်..သူလည်း ထိုကျောင်းသားတွေရဲ့ နာမည်နဲ့ လူပုံစံကို သိသင့်သည် မဟုတ်လား...
" kyungsoo ya..ငါ အိမ်စာတွေ အကုန်မပီးသေးဘူး..ညက လုပ်ရင်း အိပ်ပျော်သွားလို့..မင်းရော ပီးပီလား.."
" of course!!"
ဒီသချာင်္ဆရာ့အချိန်ရောက်ထည်းက တက်ကြွနေသည့် kyungsooအား baekhyunအမြင်ကပ်လာသည်..
" ထူးထူးဆန်းဆန်း သောက်ပိုတွေလုပ်လို့.."
" what???"
" ya..မင်းစကားကို လူလိုပြောလို့မရဘူးလား.."
" borr..ငါ လူကိုမပြောလို့ ခွေးလို့ပြောနေလို့လား..."