Ep-7

3K 297 20
                                    

" Do Kyungsoo!!"

" ကိုကို..."

Min hyungကိုတွန်းကာ kyungsooလက်ကို အတင်းဆွဲခေါ်သွားတဲ့ jonginကို ကန်တင်းထဲက လူတော်တော်များများကြည့်နေတယ်ဆိုတာ သိပေမယ့်လည်း ဂရုမစိုက်နိုင်..ကိုယ့်ကိုချစ်ပါတယ်ပြောပီး တစ်ပြင့်တစ်ယောက် ရင်ခွင်ထဲရောက်နေတဲ့ ကောင်ဆိုးလေးကို jonginခပ်ကြမ်းကြမ်းလေး အပစ်ပေးချင်သည်...Minဆိုသည့် ကောင်လေးသည် ကလေးရဲ့ လက်ရှိရည်းစားမှန်း ဒီမနက်တင် အမှတ်မထင်သိလိုက်ကထည်းက စိတ်တွေရှုပ်ပီး စိတ်တွေတိုနေခဲ့သည်..ဒါကို မျက်စိရှေ့တင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဒေါသတွေက မီးလောင်ရာ လေပင့်သလို ထိန်းချုပ်မရအောင် ပေါက်ကွဲကုန်တော့..

" အ..ကိုကို..အွန်း..ကို..အု...ကိုကို..ဟင့်..."

ခါးကျစ်ကျစ်လေးကို သူ့လက်တစ်ဖက်က ခပ်တင်းတင်းကိုင်ပီး နောက်လက်တစ်ဖက်က ကလေးလည်တိုင်လေးကို ကိုင်ကာ အသည်းပုံနှုတ်ခမ်းအား အပစ်ပေးသည့်အနေဖြင့် ကြမ်းတမ်းစွာ ကိုက်ဆွဲနေမိသည်...သူ့စိတ်တွေ ဘာဖြစ်နေမှန်းလည်း ကိုယ်ကိုယ်တိုင်ပင်မသိ..ကလေးရဲ့ မျက်ရည်တွေ သူ့ပါးပေါ်ဖြတ်သွားတော့မှ သူမှားမှန်းသိတော့သည်..

" ကလေး..."

နှုတ်ခမ်းထူထူလေးကိုလွှတ်ပေးလိုက်တော့ ခေါင်းလေးငုံ့ကာ ခန္ဓာကိုယ်လေးကတုန်ယင်နေသည်..ငိုနေသည်မှာ ရှိုက်တောင် ရှိုက်လို့..

" ကလေး..ကိုကို့ကိုကြည့်..."

ပြောတော့လည်း မျက်ရည်လေးတွေနဲ့ မော့ကြည့်ရှာသည်..ပါးပေါ်က မျက်ရည်စီးကြောင်းလေးကို လက်မလေးနဲ့ ပွတ်သုတ်ပေးရင်း..

" ကိုကို့ ကိုလန့်သွားလား ကလေး..."

ခပ်ဖြေးဖြေး ခေါင်းလေးငြိမ့်ပြတော့ မျက်ဝန်းဝိုင်းလေးထဲက ဝေ့တက်နေသည့် မျက်ရည်လေးက ပါးပြင်ပေါ် ပြေးဆင်းလာသည်..ဒါကို သူကပင် စိတ်မကောင်းစွာ လက်မလေးဖြင့် ပွတ်သပ်ပေးရင်း သူနမ်းလိုက်လို့ နှုတ်ခမ်းထောင့်နား သွေးစို့သွားသည့် နေရာလေးစီ အကြည့်လွှဲရင်း..

" ကိုကို ခုလို ဘာလို့လုပ်လည်း ကလေးသိလား.."

နောက်တစ်ကြိမ်ခေါင်းထပ်ငြိမ့်ပြပြန်တော့ အသည်းယားစွာ ထူအုပ်အုပ်ဆံပင်လေးကို ဖွပေးမိသည်...

သူဖြစ်နေ၍ ချစ်သည်..Where stories live. Discover now