Ep-20

2.2K 231 54
                                    

ဒီနေ့~~~~~လွန်ခဲ့တဲ့ ၁၀နှစ်ထည်းက ဒီနေ့ဆိုတာကို kyungsooမျှော်လင့်ခဲ့ရတာ..နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာပီလေ..

" kyungsoo ya!!! Soo!!!"

" shit"

လူမလာသေးဘူး..အသံအရင်လာတဲ့ baekhyunကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်..

" အဆင်သင့်ဖြစ်နေပီလား.."

တံခါးကို ခေါက်ပီးမှ ဝင်ပါဆိုတာ သေအောင်ပြောလည်း ဘယ်တော့မှနားမထောင်..နောက်ဆို ကိုကိုနဲ့သူ တူတူနေရမယ့်အခန်းမှာ ဒင်းဒီလို စွတ်ဆက်ဝင်ပုံနဲ့တော့...အင်း...သူ့အတွက်ပြောလို့ပြောမှန်းလည်း မသိတော့ခက်တယ် baekhyunရယ်...

" ဒီ၂ခုထည်းက ဘယ်ဟာပိုကြည့်ကောင်းလည်း baekhyun.."

နီညိုရောင်ကုတ်နဲ့ အမဲရောင်ကုတ် နှစ်ခုကို ယှဉ်ပြပီး မေးလိုက်တော့

" ဟိုးက အပြာအကွက်နဲ့က ပိုကောင်းတယ်.."

Byun Baekhynဆိုတာ အဲ့လိုလူမျိုး..နည်းနည်းလေးလျှာရှည်လိုက်ရမှ..မေးတာတော့ မဖြေဘူး..ဒါမယ့် baekhyunပြောတဲ့ အင်္ကျီကို လှည့်ကြည့်တော့လည်း မဆိုးသား..အောက်က t-shirtအဖြူပေါ် baekhyunညွှန်တဲ့ အပြာကွက်ဝတ်လိုက်တော့

" perfect!!! "

Baekhyunရဲ့အသံကျယ်ကြီးနဲ့အတူ kyunsooရဲ့ ကျေနပ်တဲ့အပြုံးလည်း တစ်ပြိုင်ထည်း ပေါ်ထွက်ခဲ့သည်..ဒီလိုပုံစံမျိုး လွန်ခဲ့တဲ့၁၀နှစ်ကထည်းက မဝတ်ဖြစ်တော့တာ..ဟုတ်တယ် ကိုကိုမရှိတဲ့အချိန်ကစပီး သူ 'ကလေး'လို အပြုအမူမျိုး နည်းနည်းလေးတောင် မနေတော့တာ..ခုတော့ ကိုကိုပြန်လာပီဆိုတော့ သူ ကိုကို့ 'ကလေး'ပြန်လုပ်ရတော့မည်..

" အဆင်သင့်ဖြစ်ရင် သွားရအောင်.."

Baekhyunအသံကြောင့် kyungsooအလန့်တကြား ကုတင်ပေါ်ထိုင်နေတဲ့ သူ့ကို လှည့်ကြည့်လိုက်တော့

" ဘာလည်း??သွားမယ်လေ..ကားလမ်းပိတ်မှာ ဘာညာနဲ့ နောက်ကျနေဦးမယ်.."

အူကြောင်ကြောင်ရုပ်နဲ့တောင် ပြန်မေးခွန်းထုတ်သေး..ဒီနေ့လိုနေ့မျိုးက ကိုကိုနဲ့သူ နှစ်ယောက်ထည်းပဲရှိသင်တယ်ဆိုတာကို ဒင်းကမသိတတ်တာလား..

" မင်းက ဘယ်ကိုလိုက်မှာ??"

Kyunsooသေချာအောင် မေးလိုက်တော့လည်း

သူဖြစ်နေ၍ ချစ်သည်..Donde viven las historias. Descúbrelo ahora