Ep-11

2.5K 278 13
                                    

" jongin shi...ကျောင်းအုပ်က အားရင် ရုံးခန်းလာခဲ့ပါဦးတဲ့.."

ဒီကျောင်းစစရောက်ထဲက အစစအရာရာ ကူညီပေးခဲ့တဲ့Engilishဆရာမကို ခေါင်းငြိမ့်ပီး အပြုံးလေးဖြင့် တုန့်ပြန်မိသည်..အမှန်က ဒီနေ့ နားချိန်ဆိုလို့ ထမင်းစားချိန်သာရှိမည်..ခုလည်း ကလေးတို့အခန်း စာသင်နေရင်း ကျောင်းအုပ်ဆရာကြီးရဲ့ အမှာစကားကို လာဝင်ပြောပြခြင်း..ဘာရယ်မဟုတ် စာသင်နေရင်း ကလေးစီ အကြည့်ရောက်သွားတော့ မျက်ထောက်ကြီးဖြင့် နှုတ်ခမ်းကြီးစူကာ ကြည့်နေသည်နှင့် အကြည့်ခြင်းဆုံမိလေသည်....

ကလေးရဲ့ သဝန်တိုသည့်ပုံစံက ဒီလိုလား....

ရယ်ချင်စိတ်ကို မနည်းထိန်းရင်း..

" ဆရာတို့ ခုနကဟာ ဆက်ရှင်းမယ်.."

နှုတ်ခမ်းကြီးဆူကာ စာအုပ်ကို တဖြတ်ဖြတ် အသံမြည်အောင် လှန်နေသည့် ကလေးကို jonginမရယ်ပဲမနေနိုင်တော့...
*ချစ်ဖို့ကောင်းလိုက်တာ ကလေးရာ..*

~~~~~~~~~~~~~~~~~~~~~

" ကျွန်တော့ကို ခေါ်တယ်ဆို..."

မျက်မှန်ထူထူတပ်ကာ စာအုပ်အထူကြီးကို ဖတ်နေသည့် ဆရာကြီးသည် jonginငယ်ငယ်ကတည်းက လေးစားခဲ့ရသည့် တစ်ဦးတည်းသော သူပင်..

" အင်း..အဲ့မှာထိုင်ဦး.."

တုန်ချိချိဖြစ်ကာ အရွယ်ရလာနေပီဖြစ်တဲ့ဆရာကြီးသည် ကျောင်းသားတွေအပေါ်ထားသည့် မာန်တော့ တစ်စက်ကလေးမှ မကျသေး..jonginရှေ့တည့်တည့်ခုံမှာ ဝင်ထိုင်ကာ သက်ပျင်းခဏ ခဏချရင်း ပြောသင့် မပြောသင့် စဉ်းစားနေသည့် ဆရာကြီး၏ပုံစံက jonginအတွက် ထူးဆန်းလွန်းသည်...အမြဲ မှန်တာထင်ရင် ပြောသင့်မပြောသင့် မစဉ်းစားပဲ ကျောင်းသားတွေအတွက် မေတ္တာဒေါသောဖြင့် ဆူပူကြိမ်းမောင်းခဲ့ဖူးသည့် ဆရာကြီး၏ပုံစံသည် ဒီလိုမျိုးမှမဟုတ်တာ....

" ကျွန်တော့်ကို ပြောစရာရှိလို့လား ဆရာကြီး..."

ထိုအခါမှ ၁၀ကြိမ်မြောက် သက်ပျင်းကိုချပီး..

" ငါ့သား ဘယ်လိုဖြစ်ကုန်တာလည်းကွာ..."

မချိတင်ကဲ လေသံဖြင့် ဆရာကြီး၏စကားထဲတွင် မယုံနိုင်ကြည်ခြင်းများစွာ ပါဝင်နေသည်..ဒါမယ့် jonginခုထိ ဘာကိုဆိုလိုမှန်း နားမလည်သေး...

သူဖြစ်နေ၍ ချစ်သည်..Where stories live. Discover now