Ep-9

2.9K 255 21
                                    

" အ...."

" အွန်း...နိုးလာပီလား ကလေး..."

ရင်ခွင်ထဲက ကလေးကို ငုပ်ကြည့်ပီး နဖူးပေါ် အနမ်းခြွေကာ sleepy beautyလေးအား နှုတ်ဆက်လိုက်သည်...

" ဟုတ် ကိုကို..."

" ကိုယ် ညက အရမ်းကြမ်းသွားလား ကလေး.."

" ဟင့်အင်း...ကလေး သဘောကျတယ်..."

" ကလေးဆိုးကွာ..ညက ကလေးတကယ်ဆိုးတယ်...ကိုယ့်စိတ်တွေ ထိန်းလို့မရတဲ့ထိကို ကလေးအရမ်းဆိုးတယ်..."

" ဟီး..ကိုကို့ ကို ချစ်လို့လေ..ကိုကိုလည်း သဘောကျတာကြီးကိုး..ဟွန့်.."

" ခု ကလေး နာနေပီမလား..ကိုကိုက ကလေးအတွက် စိတ်ပူလို့ပါ.."

" molarr..."

တစ်ဖက်ကို လှည့်သွားသည်က စိတ်မဆိုးတတ်ပဲ စိတ်ဆိုးချင်နေသည် ဆိုသည့် သဘော...သဘောကျစွာ ရယ်ပီး ကျောပေးနေသည့် ကလေး ပုခုံးသား ဖြူဖြူလေးအား ညကပေးထားသည့် အနီရောင်အမှတ်အသားအပေါ်ကို ထပ်၍စုပ်ယူမိတော့...

" ထိနဲ့.."

ပြောလည်းပြောပီး သူ့ခန္ဓာကိုယ်လေးအား မှောက်ယက် ဖြစ်အောင်လုပ်လိုက်ခြင်းက jongin သူ့ကလေးပုခုံးပေါ်က အနမ်းကို ဝေးကွာသွားစေသည်..

ချစ်တယ်လို့ ဝန်ခံပီးသည့်နောက်မှာ..'တကယ်ချစ်ရင် သူ့ကို သိမ်းပိုက်ပါ'ဆိုသည့် ကလေးစကားတစ်ခွန်းနဲ့ ညက လူကိုရူးမတတ်ဖြစ်အောင် ဆွဲဆောင်ခဲ့သည့် ကလေးသည် ခုလည်း စိတ်မဆိုးပဲ ဆိုးချင်ယောင်ဆောင်နေပြန်သည်..လူကို မရိုးရအောင် အမျိုးမျိုးပြုစားလွန်းသည့် ကလေး..

" အဟင်းး..."

မှောက်ယှက်ဖြစ်နေသည့် ခန္ဓာကိုယ်လေးအပေါ် jonginသူ့ခန္ဓာကိုယ် ထပ်လှဲချပီး ဘေးစောင်းထားသည့် ခေါင်းလုံးလုံးလေးအား အနမ်းဖြင့် လိုက်ချော့နေမိသည်..စူထွက်နေသည့် နှုတ်ခမ်းဖူးဖူးအား အသည်းယားစရာ အနမ်းအသံတွေထွက်သည့်အထိကို ကလေးအား လိုက်စနေမိတော့ နဂိုစိတ်မဆိုးသည့်ကလေးသည် တခစ်ခစ်မြည်အောင် သဘောကျနေပြန်သည်..

" ကဲ...စိတ်မဆိုးတော့ဘူးမလား..ဟမ်..."

" molar...ဖယ်ပါ..သူ့ခန္ဓာကိုယ်ကြီးနဲ့ ကလေးအပေါ်ကို..."

သူဖြစ်နေ၍ ချစ်သည်..Where stories live. Discover now