" ကိုကိုရေ!!!!"
မနက်မိုးလင်း မျက်လုံးနှစ်လုံးဖွင့်တာနဲ့ kyungsoo အလန့်တကြားပင် အော်ခေါ်မိသည်..ကုတင်ပေါ် ကိုကိုအိပ်ခဲ့သည့်နေရာက အေးစက်စက်အထိအတွေ့နဲ့တင် kyungsooရင်တွေ ပူလောင်ရပီလေ..
" ကိုကို!!!"
ဝုန်းဒိုင်းဆင်းလာတဲ့သူ့ကို မီးဖိုချောင်ထဲက ကိုကိုက အပြုံးနုနုဖြင့်ကြိုဆိုသည်..
" ချော်လဲဦးမယ်လေ ကလေးရာ.."
အခုမှ အသက်ဝဝရှူနိုင်သည့် သူ့အဖြစ်ကို သူကိုယ်တိုင်ပဲနားလည်သည်..လှိုက်ခနဲ ဝမ်းနည်းမှုနဲ့အတူ kyungsoo ကိုကို့ရင်ခွင်ထဲတိုးဝင်ပီး ငိုမိသည်....ကိုကို မရှိတုန်းကလည်း မရှိလို့ ပူလောင်ရသည် .. ရှိပြန်တော့လည်း ထားသွားမည်ကို ပူပင်ရပြန်သည်..
ဒီလိုနဲ့ ကလေးလည်း ရူးတော့မယ် ကိုကိုရယ်..
ကိုကို သူ့ကျောကုန်းကို ခပ်ဖွဖွလေး ပုပ်ပေးပီး ဘာမှမမေးပေမယ့်လည်း သူဘာဖြစ်နေမှန်း ကိုကို သိလိမ့်မည်...
Jonginရင်ခွင်ထဲက ကလေးကို သနားသည်...ဒါပေမယ့် သူကိုယ်သူ ဘာဖြစ်နေလည်းဆိုတာ ခေါင်းထဲရောက်လာတဲ့အချိန် အပစ်သားတစ်ယောက်လို ကလေးအနားမှာ မနေဝံ့..ကလေးက ဖြူစင်လွန်းသည်..သူ့မှာတော့...
" ညစ်ပတ်လေး..မျက်နှာလည်း မသစ်ရသေးတာကို ခုလည်း ငိုနေပြန်ပီ..ဘယ်လိုတောင် ညစ်ပတ်ရတာလည်း..hummm...."
ခေါင်းလုံးလုံးလေးကို ပုပ်ပီး စ' နေပေမယ့်လည်း ရင်ခွင်ထဲကနေ ထွက်မလာသေး..ဒီအချိန် ကလေး သူ့စီက ဘယ်လိုစကား ကြားချင်မှန်းသိပေမယ့် ကလေးကြားချင်သည့်စကားကို သူမပြောပေးနိုင်..
ခုချိန်မှာ ကလေးအတွက် ဘာက အကောင်းဆုံးဖြစ်နေမယ်မှန်း သူတကယ် မစဉ်းစားတတ်..
" တော်တော့..ကလေးမောနေမယ်လေ..လာ..ကိုကို မျက်နှာသစ်ပေးမယ်နော်..ပီးရင် ကိုကို့လက်ရာ မနက်စာစားမယ်မလား.."
ခေါင်းငြိမ့်ပြသည်..ခုထိ ခေါင်းကမော့မလာသေး..ငုပ်စိ ဆံပင်လေးတွေကို ခပ်ဖွဖွနမ်းတော့မှ မော့ကြည့်လာသည်..
နဖူးပြေပြေလေးပေါ် နမ်းချင်ပေမယ့် စိတ်ကခွင့်မပြု..သက်ပျင်းတစ်ချက်ချပီး ကလေးလက်သေးသေးလေးကို ဆွဲခေါ်လာသည်..သေချာကိုင်ကြည့်တော့မှ ကလေးလက်လေးတွေက အရင်လို နုနုနယ်နယ်လေး မဟုတ်တော့..ဒီလက်သေးသေးလေးနဲ့ ဘာတွေများလုပ်ခဲ့လို့ ဒီလောက်တောင် ကြမ်းတမ်းနေရတာပါလိမ့်..ရင်ထဲ လှိုက်တက်လာတဲ့ ဝမ်းနည်းမှုကြောင့် ကလေးလက်သေးသေးလေးကို ငုပ်နမ်းမိသည်..
