Ep-10

2.8K 269 28
                                    

" kyungsoo..ကျောင်းမှာ စာတွေ သေချာလိုက်လုပ်ရဲ့လား..."

အလုပ်ကိစ္စနဲ့ ခရီးထွက်သွားသည့် ommaစီကနေ တစ်ပတ်ကြာမှ ဖုန်းဝင်လာခြင်းပင်..ခေါ်နေတာ ၁၀ခါကျော်မှ ကိုင်ဖို့ဆုံးဖြတ်လိုက်ရခြင်းက ကိုကို့ရဲ့ အပြုံးနုနုလေး တစ်ခုကြောင့်....

" nae omma..."

" ဆရာနဲ့ရော အဆင်ပြေပြေနေတယ်မလား သားလေး.."

သူ့အပေါ် မျှော်လင့်ချက်ကြီးလွန်းသည့် ommaအား kyungsooသက်ပျင်းတွေ ခိုးချရင်းသာ အလိုက်အထိုက် ပြန်ဖြေဖြစ်သည်...

" ခုရော နေ့လည်စာ စားပီးပီလား.."

" စားနေတုန်း omma..."

ဘေးနားက ကိုကိုကတော့ kyungsooအတွက် ဟင်းတွေ သေချာထည့်ပေးနေသည်..kyungsooနဲ့ အကြည့်ချင်းဆုံတော့လည်း ခပ်ဖွဖွလေး ပြုံးပြပြန်သည်..kyungsooသိတာပေါ့..ကိုကို မျက်နှာမကောင်းဘူးဆိုတာ..ကိုကို့စိတ်ထဲ ဘာတွေတွေးနေလည်းဆိုတာ...kyungsooစိုးရိမ်မိသည်..ကိုကို့လို လူမျိုးက kyungsooလို အသက်မပြည့်သေးသည့် ကျောင်းသားတစ်ယောက်နဲ့ ခိုးချောင်ခိုးဝှက် ချစ်နေကြတယ်ဆိုတာကို ကိုကိုတစ်ယောက် စိတ်ပျက်သွားမည်ဆိုးသည်..ကြောက်လည်းကြောက်သည်..ကိုကို တစ်နေ့ သူ့ကိုထားခဲ့မည်ကို..

" kyungsoo..ommaပြောတာ ကြားလား..omma သန်ဘက်ခါ ပြန်ရောက်မယ်.."

" ဗျာ..."

သန်ဘက်ခါ??ကိုကို့ကို လှည့်ကြည့်တော့ ထမင်းကိုသာ ဖြေးဖြေးချင်းစားနေသည်...'အချိန်တွေ ကုန်တာ မြန်လိုက်တာ ကိုကိုရယ်' သန်ဘက်ခါဆိုရင် ကိုကို သူ့ကိုထားခဲ့တော့မည်လား.???..ကိုကို့မိန်းမ ပြန်လာရင် သူကရော???

" kyungsoo..ommaဖုန်းချတော့မယ်..စာသေချာ လိုက်လုပ်ထားနော်..omma မင်းအဆင့်တက်တာတွေပဲ မြင်ချင်တယ်..."

Kyungsooပြန်ဖြေချင်စိတ်မရှိတော့တာနဲ့ ဖုန်းချပစ်လိုက်တော့သည်...ငိုချင်ပေမယ့် ငိုလို့မဖြစ်..ဝမ်းနည်းပေမယ့် ပြုံးနေရမည်..ကိုကို့ရှေ့မှာ ပျော့ညံ့နေလို့မဖြစ်ဘူးလေ..ကိုကို စိတ်ပျက်သွားလိမ့်မည်..

" ကိုကို..."

" အွန်း...စားတော့ ကလေး..ခဏနေ ကျောင်းတက်ရတော့မှာ..."

သူဖြစ်နေ၍ ချစ်သည်..Tempat cerita menjadi hidup. Temukan sekarang