" ကိုကို ကျွန်တော့်ကို ဆူနေတာလား.."
ကြားလိုက်ရသည့် အသံသေးသေးလေးကြောင့် jonginခေါင်းနပန်းတွေကြီးသွားကာ အလန့်တကြားဖြင့်ပင် မော့ကြည့်မိသည်..
" ချာတိတ်...ဘာလို့ ငိုနေတာလည်း.."
ခုမှ ပြာပြာသလဲဖြစ်နေတဲ့ jonginကြောင့် kyungsooအသံထွက်ပီးပါ အော်ငိုလေပီ..
" နေ..နေဦး..ငါ မင်းကို ဘာလုပ်လို့ မင်းက ငိုရတာလည်း.."
ပြောလည်းပြော လက်က ထိုချာတိတ်ပါးပေါ်က မျက်ရည်များကိုလည်း အသုတ်မပြတ်..
" အင့်!!!"
ခေါင်းငုတ်ပီး တရှုပ်ရှုပ်ငိုနေသည့် kyungsooကို မျက်ရည်သုတ်ပေးနေရသည့်အတွက် ထိုချာတိတ်နှင့် jonginသည် အလွန်မတန်မှ နီးကပ်လျှက်ရှိသည်..ဒါကို ထိုချာတိတ်က ခါးကိုအတင်းဆွဲဖတ်ပီး ရင်ခွင်ထဲဝင်လာသည်ကြောင့် jonginတစ်ယောက် သူ့သွေးတွေ ပြောင်းပြန်စီးသွားသလားဟုပင် ထင်မှတ်မိသည်..
" ကောင်...ကောင်လေး.."
" ဟင့်..ကျွန်တော်က ကိုကိုငြိုငြင်မှာဆိုးလို့..ဟင့်..ကိုကို တော်တယ် ချီးကျူးတာ ခံချင်လို့..တစ်ခါမှ စာမလုပ်တာ..ခု ကိုကို့ကြောင့် စာလုပ်တဲ့ဟာကို..ကိုကိုက..ဟင့်.."
ရှိုက်ရင်းနဲ့ ဗလုံးဗထွေး ပြောနေရင်းမှ နောက်ဆုံး 'ကိုကိုက'ဆိုသည့်နေရာတွင် ရင်ခွင်ထဲမှ မော့ကြည့်ကာ ပြောလိုက်သည်ကြောင့် jonginဒူးတွေတောင် မခိုက်ချင်တော့..
" ok..ok..ချာတိတ်..မင်းစကားပြောရင် ငါ့ကို ကိုကိုလို့မခေါ်စမ်းနဲ့.."
" wae???"
တကယ့်ကို နာမလည်သည့် ပုံစံမျိုးလေးနှင့် မေးခွန်း ပြန်ထုတ်လာသည့် ပုံစံကြောင့် jonginချက်ချင်းပင် အကြည့်လွှဲလိုက်ရသည်..*ဒီကောင်လေးနဲ့တော့*
" ဆရာ့ကို ဆရာလို့ပဲခေါ်ပေါ့..ဘာလည်း..မင့်ခေါ်ပုံက..ဆရာကို မလေးမစား.."
Jonginစိတ်ဆိုးပီး ပြောသည်ဟု ထင်သွားလားပင် မသိ..ရင်ခွင်ထဲမှ ပြူးပြူးပြာပြာ ထွက်ကာ..ပါးပေါ်က မျက်ရည်လက်ကျန်များကို ပွတ်ဆွဲပီး ထိုကောင်လေးရဲ့ သက်ပျင်းချသံ သေးသေးလေးက ထွက်ပေါ်လာလေသည်..
