" ကျွန်တော် ကိုကို့ကို တကယ်ချစ်တာ..."
Jonginတစ်ယောက် အံ့ဩလွန်းသဖြင့် kyungsooကို မယုံကြည်နိုင်စွာ ကြည့်နေသည်ကို kyungsooက နောက်တစ်ခေါက် ထပ်ပြောလေသည်...
" ကျစ်...kyungsooကွာ..မင်း ငါ့အကြောင်း ဘာသိလို့..မင်း ငါ့ကို ချစ်တယ်လို့ လာပြောရတာလည်း.."
" ဟင့်အင်း...ကျွန်တော် ကိုကို့အကြောင်း ဘာမှမသိချင်ဘူး..စိတ်လည်း မဝင်စားဘူး..ဒီအတိုင်း ကိုကို့ကို ကျွန်တော်ချစ်တာ.."
မပြောခင်တုန်းကတော့ kyungsooကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလွန်းခဲ့သည်..ဒီလိုအခြေအနေမျိုးကိုလည်း kyungsooခန့်မှန်းထားသည်..ဒါမယ့် သူ့ကိုကိုရဲ့ ဒီလောက်ထိ စိတ်ပျက်နေမည့် မျက်လုံးတွေကိုတော့ kyungsooမခန့်မှန်းမိ..ဒါကြောင့်လားပင်မသိ..kyungsooခြေဖျား လက်ဖျားတွေ အေးလာသည်..kyungsooဘယ်လောက်ပဲ ရဲတင်းလွန်းနေပါစေ..ဒါ kyungsooအတွက်တော့ ပထမဦးဆုံးအကြိမ် ဖွင့်ပြောဖူးခြင်းပင်..ဒါကလည်း jonginဆိုသည့် သူ့ကိုကို ကို ချစ်လွန်းအားကြီးကြောင့်မို့...
" ဟူး..."
Jonginတစ်ယောက် ခုအခြေအနေမျိုးမှာ သက်ပြင်းသာ ချနိုင်တော့သည်...
" ချာတိတ်..မင်းအသက် ဘယ်လောက်လည်း.."
" နောက်နှစ်လဆို ၁၇နှစ်ပြည့်ပီ..."
" ငါက ၂၇ရှိပီ..."
" ကျွန်တော်ပြောပီးသားလေ..အာ့တွေ စိတ်မဝင်စားဘူးလို့.."
" မင်းစိတ်မဝင်စားလို့ မရဘူး ချာတိတ်...ဒီကျောင်းစည်းကမ်း မင်းသိပါတယ်..ဘာလည်း??ငါပြောပြရဦးမလား.."
" ကျွန်တော် အာ့တွေ ဂရုမစိုက်ဘူး ကိုကို..."
" ချာတိတ်ကွာ..မင်းနဲ့တော့ ခက်တယ်..ငါမင်းကို ငါ့တပည့်တစ်ယောက်ဆိုတာထက် မပိုဘူး..နောက်ပီး မင်းနဲ့ငါ ဘယ်လိုမှမဖြစ်နိုင်ဘူး.."
ဘာကြောင့်ဆိုတာကို kyungsooသိချင်ပေမယ့် ထုတ်မမေးမိ..သူပြောပီးသား...စိတ်မဝင်စားဘူးဆိုတာကို...
" hk..okလေ..ကျွန်တော်ကလည်း ကိုကို ဘာပြောပြော စိတ်မဝင်စားဘူး..နောက်ပီး ကိုကို စောင့်ကြည့်နေ...ကျွန်တော် ကိုကို့အချစ်ကိုရဖို့ ဘယ်တော့မှလက်မလျှော့ဘူး..ကျွန်တော် သွားပီ..."