Ep-12

2.5K 302 8
                                    

" kyungsoo...ဒီလာထိုင်ဦး..."

ကိုကို လမ်းထိပ်ရောက်နေတယ်ဆိုပီး ဖုန်းဆက်ထားတာမို့ kyungsooအလောတကြီး လှေကားပေါ်က ပြေးဆင်းလာခြင်းပင်...ခုလို ommaနဲ့ တည့်တည့်တိုးမည်ကိုတော့ မထင်ထားမိ..

" nae...."

" ဘယ်သွားမလို့လည်း သား..."

" လမ်းထိပ်မှာ အစာပြေမုန့်သွားဝယ်မလို့..."

" omma..သားကို ဘာပြောထားလည်း...အပြင်မုန့်တွေမစားရဘူးလို့ပြောထားတယ်လေ..ommaစကားကို နားမထောင်တာလား kyungsoo..."

Kyungsooပြောချင်စိတ်မရှိတော့သည်မို့ သူ့ommaကိုသာ စိုက်ကြည့်နေလိုက်တော့သည်..နေရာတကာ လိုက်ချုပ်ချယ်လွန်းသည်လေ..

" မသွားရဘူး kyungsoo.."

" စာအုပ်လည်း ဝယ်စရာရှိလို့...ommaပြောတဲ့ မုန့်တွေမစားရင်ပီးရော မလား..."

" စာအုပ်??...ommaမင်းကို လိုလေသေးမရှိ စာအုပ်တွေဝယ်ပေးထားတယ်..အပြင်ဗဟုသုတ အတွက်ဆိုလည်း မင်းappaရဲ့ စာကြည့်ခန်းထဲမှာ အစုံရှိတယ် kyungsoo..ommaပြောနေတယ် မသွားရဘူး..."

" ကျစ်...ကျွန်တော် ကလေးမဟုတ်တော့ဘူး omma..ကျွန်တော့်ကို အဲ့လို လိုက်မချုပ်ချယ်နဲ့.."

အစကတော့ ကိုကို့ကို တွေ့ချင်လွန်း၍...ခုတော့ ommaစကားတွေက လွန်လာပီ..ommaကို ပြန်အော်မိတာသာ ကိုကိုသိရင် ကိုကို သူ့ကို စိတ်ဆိုးတော့မည်...

"Do Kyungsoo!!!..."

အရင်လို ကိုယ့်နာမည် အပြည့်အစုံ ခေါ်လိုက်တာနဲ့ kyungsooမကြောက်တတ်တော့...

" ဟို..."

အိမ်တော်ထိန်း အဒေါ်ကြီးက kyungsooတို့ သားမိစကားများနေသည်မို့ ပြောသင့် မပြောသင့်ကို တွေဝေစွာ... kyungsooတို့အား မရဲတရဲ လှမ်းခေါ်သံကြောင့် ommaသက်ပျင်းချကာ kyungsooကို အပေါ်တက်ဖို့ အမိန့်ပေးသည်...kyungsooကတော့ ပေတေစွာ ရပ်နေစဲ..ommaခွင့်မပြုလည်း ခိုးထွက်မည်ဟု စိတ်ထဲမှတ်ထားလိုက်သည်..

ရာသီဥတုအေးအေးကြီးထဲ ကိုကိုစောင့်နေသည် ဆိုသည့်အသိက kyungsoတစ်ခါမှ မလုပ်ဖူးသည့်..မဟုတ်...မလုပ်ရဲသည့် ကိစ္စမှန်သမျှကို တွန်းအားပေးသည်...ကိုကို့ကို လွမ်းလှပီ...

သူဖြစ်နေ၍ ချစ်သည်..حيث تعيش القصص. اكتشف الآن