Ep-13(A)

2.4K 254 31
                                    

" appa..."

Canadaမှာနေတဲ့ appaကတော့ အေးချမ်းစွာနေရသည်ထင်ပါရဲ့..jonginသူ့appaရဲ့ အရွယ်တင်မှုကိုကြည့်ပီး ပြုံးမိသည်..

" ငါ့သားလို့မပြောရဘူး..ချောလာလိုက်တာ..ဟား..ဟား.."

ပျော်ပျော်နေတတ်တဲ့ appaကြောင့် jonginတကယ်ကိုပဲ နှစ်ခြိုက်စွာ ပြုံးမိပြန်သည်..လေယာဉ်ကွင်းမှာ လာကြိုတဲ့ appaက jonginပုခုံးကို ဖတ်ပီး..

" ငါ့သားကို appaပြောစရာတွေရှိတယ်..အိမ်ရောက်မှပြောကြတာပေါ့ကွာ.."

သူကိုယ်တိုင်လည်း ပြောစရာရှိလို့ ရောက်လာတယ်ဆိုတာတော့ appaကို မပြောပြဖြစ်..

" အပေါ်ထပ်က အခန်းထဲမှာ ခဏနားနေဦး...appa..ငါ့သား အတွက် lunchပြင်ပေးထားမယ်.."

အနောက်နိုင်ငံသားကြီးလို ဖြစ်နေတဲ့ appaကိုကြည့်ရတာ တကယ့်ကို လွတ်လပ်မှုအပြည့်နဲ့ပင်...

" appaကို တော်တော်ပြောစရာတွေ များနေတယ်တဲ့တူတယ်..တောက်လျှောက် appaကိုပဲ လိုက်ကြည့်နေတယ်..ဟား...ဟား.."

ဒီတစ်ခါတော့ Jonginအလိုက်သင့်သာ ပြုံးပြနိုင်တော့သည်..တကယ်လည်း ပြောစရာတွေများသည်..သူပြောပြလိုက်လို့  appaလက်မခံနိုင်ပဲ စိတ်ပျက်သွားမည်ကို စိုးရိမ်မိခြင်းကြောင့်သာ...

" နောက်မှ အေးဆေးပြောပေါ့ကွာ..ခုတော့ သွားနားဦး..."

အခန်းထဲရောက်တော့လည်း အမောမဖြေနိုင်သေး...ကလေးစီ ဖုန်းဆက်ဖို့ လုပ်ရသေးသည်..ဒီချိန်ဆို ကလေးအိပ်နေပီလား ဆိုသည့် အတွေးကြောင့် jonginဖုန်းဆက်သင့် မဆက်သင့်ကို တွေးပူရပြန်သည်..ဖုန်းဖွင့်ဖွင့်ချင်း ကလေးစီက msgတွေ့တော့ ခုနကစိတ်ညစ်တာတွေ ဘယ်ပျောက်ကုန်မှန်းမသိအောင် လှိုက်လှိုက်လှဲလှဲ ပြုံးမိပြန်သည်...

15 minutes ago~~~~ဆိုသည့် msgစာကြောင်းရှည်လေး တစ်ခုက jonginရင်ကို အတိုင်းမသိ အေးမြမှုပေးသည်...ကလေးအသံ ကြားချင်လွန်းလို့ callဆိုသည့် နေရာလေးအား ဖိလိုက်တော့.. မကြာပါ...'ဟဲလို ကိုကို'ဆိုသည့် အိပ်ချင်မူးတူးအသံလေးကြောင့် အသံထွက်ပီး မရယ်မိအောင် ထိန်းရပြန်သည်..

" အိပ်နေပီလား ကလေး.."

" အိပ်ပျော်တော့မလို့..."

သူဖြစ်နေ၍ ချစ်သည်..Where stories live. Discover now