" ခွမ်း..."
ရုတ်တရက်ကြီး Kyungsooစားပွဲပေါ်က ကိုကိုနဲ့သူ့ရဲ့ ဓာတ်ပုံဘောင်ဟာ ပြုတ်ကျပီး အစိတ်စိတ်အမွှာမွှာကွဲသွားသည်..သူ့လက်နဲ့ မတော်တဆ ထိမိတာမှန်ပေမယ့် ရုတ်ပျက်ဆင်းပျက်ကွဲသွားလောက်ရတဲ့ထိတော့ အားမများ..စိတ်ထဲ လေးပင်ထိုင်းမိုင်းမှုနဲ့အတူ မဆီမဆိုင် ကိုကိုဘာများဖြစ်နေလို့လည်း ဆိုသည့် အတွေးက ခေါင်းထဲရောက်လာသည်..
" ကျစ်..အဓိပ္ပါယ်မရှိတာကွာ.."
ကိုယ့်ကိုယ်ကို သတိပြန်ပေးရင်း ကိုကိုမရှိတဲ့တစ်ရက်တာကို ကုန်ဆုံးဖို့ အားတင်းလိုက်သည်..
" kyungsoo..ဒီနေ့ နောက်ကျလိုက်တာကွာ..မျက်နှာလည်း မကောင်းပါလား..ဘယ်လိုဖြစ်တာလည်း.."
ဒါကတော့ သူ့အတွက် နှစ်ယောက်မရှိနိုင်တဲ့ သူငယ်ချင်း Byun Baekhyun...kyungsooမိဘတွေ သူ့ကို အမွေပြတ်စွန့်လွှတ်လိုက်ထဲက baekhyunစီကပဲ အကူအညီယူခဲ့ရတာ..ခုလို kyungsooတစ်ယောက် Gymနည်းပြဖြစ်လာတာကလည်း baekhyunကျေးဇူးကြောင့်သာ..kyungsooအတိတ်ကို ပြန်မတွေးချင်..ကိုကိုမရှိတဲ့ ၆နှစ်ကြာအတိတ်မှာ သူတစ်ယောက်ထည်း ဘယ်လိုရုန်းကန်ရတာ ဆိုတာကို ကိုကို့ရင်ခွင်ထဲရောက်မှ တိုင်တည်ပြောဖို့ အားမွေးထားသည်..ကို့ကိုစီက 'ကိုယ့်ကလေးလေး အရမ်းတော်တယ်'ဆိုတဲ့ စကားတစ်ခွန်းကြားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအခြေအနေထိရောက်အောင် ကြိုးစားခဲ့ခြင်း..
*ကလေးပြောင်းလဲမှုကို ကိုကိုအသိအမှတ်ပြုမှာပါ*
" baekhyun na...ဆရာကြီးစီက ကိုကို့သတင်း ဘာကြားသေးလည်း.."
Baekhyunသည် ကျွန်တော်တို့ကျောင်းက ကျောင်းဆရာပြန်လုပ်နေသည်..အရင်လို ပြောင်ချော်ချော် နောက်တောက်တောက် baekhyunက သူတို့ကျောင်းရဲ့ ဆရာတစ်ယောက် ဖြစ်လာမယ်ဆိုတာ ဘယ်သူမှ ဟာသအနေနဲ့တောင် တွေးဖူးမှာမဟုတ်..နောက်ပီး ..ကျွန်တော်ဟာလည်း..ကိုကို့ကလေး ကျွန်တော်ကလည်း..Gymဆရာတစ်ယောက် ဖြစ်လာမယ်လို့ ကိုကိုလည်း မထင်ခဲ့သလို ကျွန်တော်ကိုယ်တိုင်လည်း ယောင်လို့တောင် မတွေးမိခဲ့..
" မင်းကိုကိုက ဘယ်သူနဲ့မှ အတွေ့မခံဘူးတဲ့.."
" ငါ..ငါ ကိုကို့ကို စိုးရိမ်နေတယ်..ငါ့စိတ်ထဲ..ဘာမှန်းမသိတဲ့..ကျစ်.."
