Ep-5

3.2K 325 30
                                    

" kyungsoo...ခဏထိုင်ဦး..liliလေးကို သွားသိပ်လိုက်ဦးမယ်..."

ပြောသွားသည့်လေသံမျိုးက သူနှင့်ကိုကိုဟာ သိပ်ကိုရင်းနီးနေကြသည့် ဆရာနှင့်တပည့် ဆက်ဆံရေးမျိုးလို..kyungsooခုနေ အော်ဟစ်ကာ သူ့ကိုကိုအား မေးခွန်းတွေအများကြီး မေးပစ်လိုက်ချင်သည်...

'ကိုကိုသည် သိပ်ကိုဟန်ဆောင်ကောင်းလွန်းသည်..နေ့လည်က သူပြောခဲ့သော စကားကို မသိချင်ယောင်ဆောင်ပီး သူ့ကို တပည့်တစ်ယောက်လိုမျိုး ဆက်ဆံနိုင်သည်အထိ ကိုကိုသည် သူ့အချစ်ကို ပျက်ရယ်ပြုလွန်းသည်...'

" papa..lili ဒီoppaနဲ့ဆော့ချင်သေးတယ်..မအိပ်ချင်သေးဘူး.."

" lili...ommaသွားတာ မကြာသေးဘူး..papaစကားကို နားမထောင်ချင်တော့ဘူးပေါ့..."

" liliမှမအိပ်ချင်သေးလို့ကိုး.."

နှုတ်ခမ်းလေးဆူကာ ကိုကိုရဲ့လည်ပင်းအားဖတ်ပီး ချွဲနွဲ့နေသည့် liliဆိုသည့် ကလေးမလေးသည် သူ့ကိုကိုရဲ့သမီးသာ မဟုတ်ခဲ့လျှင် kyungsooအသည်းယားစွာ နမ်းရှုတ်မိလိမ့်မည်...

" papaစကား နားထောင်..ဒီoppaက papaရဲ့တပည့်..papaစီစာလာသင်တာ..သမီးနဲ့ဆော့ဖို့ လာတာမဟုတ်ဘူး..papaပြောတာ နားလည်တယ်ဟုတ်..."

" ဒါဆို liliမဆော့ပဲ အဲ့oppaနားမှာပဲ papaတို့စာသင်တာ ထိုင်ကြည့်နေမယ်လေ..နော်..နော်papa..."

မနိုင်တော့တဲ့အဆုံး သက်ပျင်းတစ်ချက်ချပီး ခေါင်းညိမ့်ပြလိုက်သည့် သူ့ကိုကိုသည် သူ့၏သမီးကို သိပ်ချစ်ကြောင်း သိသာလှသည်..တကယ်က kyungsooသည်သာ သူ့ကိုကိုရဲ့ အချစ်အားလုံး ပိုင်ဆိုင်သူသာ ဖြစ်သင့်သည်..ခုတော့ ကိုယ့်ထက် အရင်စောကာ သူ့ကိုကိုရဲ့ အချစ်အား ညီတူမျှတူရနေကြသည့် မြင်ကွင်းကို kyungsooရင်နာစွာဖြင့်သာ ကြည့်နေရသည်...

" kyungsoo...ဘာစားလာလည်း..စာအရင်လုပ်မလား..ထမင်းအရင်စားမလား..."

" ကျွန်တော် စားလာပီးပီ..."

" ok..ဒါဆို စာသင်ကြတာပေါ့..ဒီမှာတော့ အဆင်မပြေဘူး..ကိုယ့်စာကြည့်ခန်းထဲမှာပဲ သင်ကြမယ်..."

" oppa...liliကို ချီ..."

ဆိုလိုသည်က စာကြည့်ခန်းထဲ ထိုကလေးမလေးပါ လိုက်မည်ဆိုသည့်သဘော...kyungsooမနှစ်မြို့စွာ စူးကနဲတစ်ချက်ကြည့်လိုက်သည်..

သူဖြစ်နေ၍ ချစ်သည်..حيث تعيش القصص. اكتشف الآن