" ကလေး မပီးသေးဘူးလား..နောက်ကျတော့မယ်လေ.."
မီးဖိုချောင်ကနေ သူတို့နှစ်ယောက် အတူတူနေတဲ့ အခန်းထဲထိ လှမ်းအော်ခေါ်နေတဲ့ ကိုကို့vocalကြောင့် kyungsoo အင်္ကျီကြယ်သီးတပ်နေတဲ့ကြားက ပြုံးမိသေးသည်..ခုဆို ကိုကိုက အိမ်မှုကိစ္စအကုန် တာဝန်ယူပေးသည်...မလုပ်နဲ့လို့ပြောလည်းမရ..ဒါကြောင့် ရေချိုးချိန်မှာတော့ ကိုကို့အဝတ်အစားတွေကော သူ့အဝတ်အစားတွေပါ မရရအောင် လျှော်ပေးဖြစ်သည်..ခုလည်း နောက်ကျလို့ မီးဖိုချောင်ထဲကနေ လှမ်းအော်ခေါ်နေခြင်း...
" မပီးသေးဘူးလား ကလေးရာ..."
မနေနိုင်တဲ့အဆုံး အခန်းထဲ ဝင်ချလာတဲ့ ကိုကို့ကို အလှဆုံးပြုံးပြလိုက်တော့ ကိုကိုက အသည်းယားစဖွယ် ခေါင်းလုံးလုံးလေးကို ငုပ်နမ်းသည်..မသိမသာ ခေါင်းလေးမော့ပေးထားပေမယ့် မျှော်လင့်ထားတဲ့ ကိုကို့အနမ်းကိုတော့ မရ..ပြသနာတော့ သိပ်မရှိပါဘူး..ကိုကိုမနမ်းလည်း သူနမ်းမှာပေါ့..ကိုကို့ပခုံးပေါ် လက်နှစ်ဖက်တင်ပီး ခြေဖျားထောက်နမ်းဖို့လုပ်တော့..
" နောက်ကျတော့မယ်လေ ကလေး..."
ဒီတစ်ခါတော့ သိသိသာသာရှောင်ထွက်သွားတဲ့ ကိုကို့ကိုကြည့်ပီး အခန်းထဲ နားမလည်နိုင် ကျန်ခဲ့ရသူက သူကိုယ်တိုင်...
* ကိုကို...ဒါတော့ သိသာလွန်းနေပီမဟုတ်ဘူးလား"
ခေါင်းမော့ပီး အားရပါးရရယ်လိုက်ပေမယ့် ပါးပြင်ပေါ် ကျဆင်းလာတဲ့မျက်ရည်တွေကတော့ ရှိတတ်ဆဲ..
~~~~~~~~~~~~~
" ကလေးသွားတော့မယ်နော် ကိုကို.."
ကျောပေးပီး ပန်းကန်တွေဆေးနေတဲ့ ကိုကို့ကိုနှုတ်ဆက်တော့
" ဂရုစိုက်သွားပါ ကလေး..."
ခြံတံခါးပိတ်သံကြားမှ နှုတ်ခမ်းကိုက် အံကြိတ်ထားတဲ့ အခြေအနေကို ဖျော့လျော့မိတော့ တင်းထားတဲ့မျက်ရည်တွေက အရိပ်တသိကျဆင်းပေးသည်...ကိုယ့်ကိုယ်ကို စိတ်ပျက်လွန်းတယ်ဆိုတာ ကလေးမသိဘူး..တစ်ခန်းထဲ တူတူနေနေရတာတောင် ကလေးအတွက် စိတ်ပူလွန်းလှပီ..နမ်းချင်တာပေါ့..တစ်နေ့ထက်တစ်နေ့ ပိုပိုချစ်ဖို့ကောင်းလာတဲ့ကလေးကို ရင်ခွင်ထဲထည့်ပီး တစ်နေ့ကုန်နမ်းချင်မိတဲ့စိတ်ကို ကလေးမသိသလို ပြောလည်းမပြောပြချင်ဘူး..ကလေးစိတ်မကောင်းသွားတာသိလည်း ပြန်မချော့နိုင်တဲ့အထိကို ပျော့ညံ့လွန်းတဲ့ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့ကလေးငယ်..ကလေးသွားပီဆိုတာနဲ့ ရပ်ကွက်ထဲဆင်းပီး အချိန်ပိုင်းအလုပ်စီပြေးရသည်..ဒါလည်း ကလေးမသိအောင် ရှာထားရခြင်း..ကလေးသာသိရင် စိတ်ဆိုးမယ်ဆိုတာသိလည်း.. သူ့တစ်ယောက်အတွက်ပါ ပိုရှာနေရတဲ့ ကလေးကိုတော့ လက်ပိုက်ပီးမကြည့်ရက်..အဖေပေးထားတဲ့အမွေတွေရှိလည်း အဲ့ပိုက်ဆံတွေကို မသုံးချင်..ကလေးတောင် သူ့အတွက်နဲ့ မိဘအိမ်ပေါ်ကနေ အမွေပြတ်စွန့်လွှတ်ခံရပီး ဒီအခြေအနေထိရောက်အောင် ကြိုးစားခဲ့တဲ့ စိတ်ဓာတ်ကိုလေးစားသည့်အတွက် သူလည်း မိဘပိုက်ဆံသုံးပီး မနေချင်..ခြံတံခါးပိတ်ခါနီးမှ အဓိကဖြစ်တဲ့ ဆေးဘူးကိုသတိရသည်..ကလေးနဲ့အတူတူ တစ်ရက်ဖြစ်ဖြစ် ပိုနေချင်သည့် စိတ်က ဆေးသောက်ဖို့မေ့မှာတော့ မပူရ..နောက်ပီး ဒီရောဂါက ခုဆို ဆေးသောက်ပီး ဖျောက်လို့ရပီ..အချိန်ပိုင်းအလုပ်သူဌေးက ဒီရောဂါနဲ့ပတ်သတ်ပီး နယ်လှည့်အသိပညာဗဟုသုတ လိုက်ပေးတဲ့ ပညာရှင်..သူ့ရောဂါကို သူဌေးအား ပွင့်ပွင့်လင်းလင်းပြောပြပီးမှ အလုပ်တောင်းတော့ မျှော်လင့်ထားသလို ပုံစံမျိုးမပြပဲ ဖေးဖေးမမကူညီခဲ့တဲ့သူ့အား စဉ်စားမိတိုင်း ကျေးဇူးတင်မဆုံး..နောက်ပီး အားတက်ရသည်..စိတ်ဓာတ်ကျနေတဲ့သူ့အား သူဌေးပြောပြသည့် အကြောင်းအချို့က သူ့ကိုအားတက်စေသည်..ဒါကြောင့် ညွှန်ကြားထားတဲ့ဆေးတွေအား ပုံမှန်သောက်ရမည်လေ..
