Part 1

4.8K 133 0
                                    

လိုက်ကာတွေကြားက နေရောင်ခြည်အလင်းတန်းတစ်ခုက ကျွန်တော့ကို အိပ်မက်ကမ္ဘာထဲက နိုးထွက်စေခဲ့တယ်။

ချိုမြိန်သော အိပ်မက်တွေ ပျောက်ကွယ်သွားခဲ့ပြီ။

လိုက်ကာများကို လှမ်းကာဖွင့်လိုက်တော့ မြင့်မားနေတဲ့ အဆောက်အဦးတွေ အထက်က နေမင်းကြီးက ထည်ဝါလျက်။

တူညီသော ကောင်းကင်ပြာကြီးကို မြင်နေရပေမဲ့ ရှူရှိုက်နေရတဲ့ လေတွေကတော့ကွဲပြားနေတော့တယ်။

ကျွန်တော် မှန်ရှေ့ကို သွားကာကြည့်လိုက်၏။

နက်မှောင်နေသော မျက်လုံး၊ သွယ်တန်းနေသော နှာခေါင်း...ပြီးတော့ အပြုံးများကင်းမဲ့နေသော ကျွန်တော့ရဲ့ နှုတ်ခမ်းတို့က မှန်ထဲမှာ အထင်းသားပေါ်နေဆဲ။

မှန်ထဲမှာ ထိုအရာများနှင့်အတူ တွေ့မြင်လိုက်ရတာကတော့ wheelchair တစ်ခုပေါ်မှာ ထိုင်နေတဲ့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ပင်...

အခန်းထဲမှာ နေရောင်ခြည်တွေနဲ့ လင်းထိန်နေပေမဲ့ ကျွန်တော့်ရဲ့ ဘဝကြီးကတော့မှောင်မိုက်နေလျက်။

စားပွဲပေါ်က အသင့်စား sandwich လေးကို စားပြီးတဲ့နောက် လွယ်အိတ်လေးကို လှမ်းကာယူကာ taxi ရှိရာကို လာခဲ့လိုက်တယ်။

လမ်းပေါ်ကလူတွေ...
တစ်ယောက်ပြီးတစ်ယောက်
ကျွန်တော့ဘေးက ဖြတ်သွားကြတယ်။

သို့ပေမဲ့ သူတို့ရဲ့မျက်လုံးတွေကတော့ ကျွန်တော့ရဲ့ ခြေထောက်ကို စိုက်ကြည့်နေလျက်...

အသံသယ်ဆောင်သူ လေမှုန်လေးများက သူတို့ရဲ့ နှုတ်ခမ်းဖျားက ထွက်လာသော တီးတိုး စကားသံများကို ကျွန်တော့ဆီသို့ သယ်ဆောင်လာကာ ကျွန်တော့ရဲ့ နားစည်ကို တုန်ခါစေလိုက်တယ်။

ကျွန်တော့ဖို့တော့ မထူးဆန်းတော့ပါ။

ကျွန်တော် ဦးထုပ်ကို အရှေ့သို့ အနည်းငယ်ထပ်ဆွဲကာ ခေါင်းကို ငုံ့လိုက်တယ်။

taxi ငှားရာမှတ်တိုင်သို့ရောက်ပြီ။

ခန္ဓာကိုယ်မှာ ချို့ယွင်းချက် ရှိသူတစ်ယောက်အနေနဲ့ အများနည်းတူ တန်းစီစရာတော့ မလိုခဲ့။

Memories (completed) Waar verhalen tot leven komen. Ontdek het nu